Redmi Note 6 Pro
Redmi Note 6 Pro
Redmi Note 6 Pro
Redmi Note 6 Pro
Redmi Note 6 Pro
Battery ပိုင်းအနေနဲ့လည်း 4000mAh Battery ပဲထည့်သွင်းထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၂၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပါတယ်။
Ref : Android Authority
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Xiaomi Redmi Note Series ဖုန်းတွေက ယခင်တုန်းကတော့ Price-to-Performance အကောင်းဆုံးသော စမတ်ဖုန်းတွေအဖြစ်လူသိများနေပေမယ့် အခုအချိန်မှာတော့ ယှဉ်ပြိုင်ဘက်တွေ ပိုပြီးမာျးပြားလာပြီဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Redmi Note Series ထဲမှာ Redmi Note 6 Pro ကို ထိုင်းနိုင်ငံမှာ ကြေညာလိုက်ပြီဖြစ်ပြီးတော့ Redmi Note 5 ကနေ သိသိသာသာကွာခြားသွားတဲ့အချက်တွေနည်းပါးနေပါသေးတယ်။
Redmi Note 6 Pro
Redmi Note 6 Pro ဖုန်းမှာ အဓိကပြောင်းလဲမှုအနေနဲ့ Display ကို 6.26″ 19:9 Ratio ကိုပြောင်းလဲလိုက်တာဖြစ်ပြိး အခုနောက်ပိုင်းခေတ်စားနေတဲ့ Notch ကိုပါထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Resolution အနေနဲ့တော့ Full HD+ Resolution ပါဝင်ပြီးတော့ Redmi Note 5 ကနေ ပြောင်းလဲသွားခြင်းမရှိသေးပါဘူး။
Redmi Note 6 Pro
နောက်ထပ်ပြောင်းလဲသွားတဲ့အချက်တော့ Camera ပိုင်းပဲဖြစ်ပြီးတော့ Redmi Note 6 Pro မှာ Camera ၄ လုံးပါဝင်လာပြီပဲဖြစ်ပါတယ်။ Back Camera အနေနဲ့ 12MP + 5MP ပါဝင်မှာဖြစ်ပြီးတော့ Front Camera ကိုတော့ 20MP + 2MP Camera ပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ Xiaomi ရဲ့ ယခုနောက်ပိုင်းအသုံးပြုနေကြ AI စကားလုံးတွေဖြစ်တဲ့ AI Dynamic Bokeh ၊ AI Portrait 2.0 ၊ AI Dual Front Camera နဲ့ AI Scene Recognition တွေပါဝင်မယ်လို့လည်း သိရပါတယ်။
Redmi Note 6 Pro
Redmi Note 6 Pro
Xiaomi Redmi Note 6 Pro ရဲ့ ပြောင်းလဲမှုတွေက ဒီမှာပဲ အဆုံးသတ်သွားပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ Redmi Note 5 လိုမျိုးပဲ Qualcomm Snapdragon 636 Processor ၊ RAM 4GB နဲ့ 64GB Storage ကနေ စတင်မှာဖြစ်ပါတယ်။ RAM 6GB နဲ့ Storage 128GB ပါဝင်တဲ့ Version ကိုလည်း ရောင်းချဦးမယ်လို့ သိရပါတယ်။
Redmi Note 6 Pro
Battery ပိုင်းအနေနဲ့လည်း 4000mAh Battery ပဲထည့်သွင်းထားပြီးတော့ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၂၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပါတယ်။
Ref : Android Authority
Zawyè (Akhayar) 
www.akhayar.com