



Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

[Unicode]

Xiaomi ကနေ သူရဲ့ Budget Series ဖုန်းအမျိုးအစားဖြစ်တဲ့ Redmi Note 5A ကို လာမယ့် သြဂုတ်လ ၂၁ ရက်မှာ ထုတ်ဖော်ပြသသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

Redmi Note 5A Smartphone ကို Qualcomm Snapdragon 425 သုံးထားပြီး RAM 2GB, Internal Storage 16GB နဲ့ Snapdragon 430 သုံးထားပြီး RAM 3GB, Internal Storage 32GB ပါဝင်တဲ့ Version ၂ မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Redmi Note 5A ရဲ့ Display အရွယ်အစားကတော့ ယခင် Redmi Note 4 ဖုန်းလိုပဲ 5.5″ HD Screen ပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ Battery ကတော့ 3000mAh ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။

Redmi Note 5A ရဲ့ ကင်မရာကိုတော့ Primary 16 MP နဲ့ Front Selfie 13 MP ပါဝင်တဲ့ Version နဲ့ Primary 13 MP နဲ့ Front Selfie 5 MP ပါဝင်တဲ့ Version ဆိုပြီး ၂ မျိုး ခွဲခြားထားမှာပါ။ ဈေးနှုန်းအနေနဲ့လည်း Redmi Note 5A ဖုန်းဟာ $150 ဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဝင်ရောက်လာရင်လည်း ငွေကျပ် ၂ သိန်းဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square