
Xiaomi Mi Series


Xiaomi POCOPHONE

အခု Xiaomi ကနေ ထုတ်လုပ်မယ့် POCOPHONE ကို Model Number အနေနဲ့ M1805E10A လို့နာမည်ပေးထားပြီးတော့ Storage 64GB ဒါမှမဟုတ် 128GB ပါဝင်ပြီးတော့ RAM အနေနဲ့ကတော့ 6GB ပါဝင်မှာဖြစ်ပါတယ်။

Xiaomi POCOPHONE



Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi ဖုန်းအသုံးပြုနေတဲ့သူတွေဆိုရင် Mi Series ဖုန်းတွေနဲ့ Budget နဲ့ Mid Range စမတ်ဖုန်းတွေဖြစ်တဲ့ Redmi Series ဖုန်းတွေပဲ ထုတ်ထားနေကြဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ နောက်ထပ် စမတ်ဖုန်း Series တစ်ခုကို ထပ်မံထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။

Xiaomi Mi Series

Xiaomi ကနေ လက်ရှိအချိန်မှာ နှစ်ဝက်ကို ကျော်လာပြီဖြစ်သလို နောက်ထပ်ထွက်ရှိမယ့် စမတ်ဖုန်းတွေကလည်း Xiaomi Mi Max 3 နဲ့ Mi Mix 3 စမတ်ဖုန်းတွေပဲရှိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ FCC Filling အသစ်အရ Xiaomi ကနေ POCOPHONE နာမည်နဲ့ စမတ်ဖုန်းတစ်ခုကို ထပ်မံထုတ်လုပ်တော့မှာဖြစ်ပါတယ်။

Xiaomi POCOPHONE

အခု Xiaomi ကနေ ထုတ်လုပ်မယ့် POCOPHONE ကို Model Number အနေနဲ့ M1805E10A လို့နာမည်ပေးထားပြီးတော့ Storage 64GB ဒါမှမဟုတ် 128GB ပါဝင်ပြီးတော့ RAM အနေနဲ့ကတော့ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပါတယ်။

Xiaomi POCOPHONE

ဒါပေမယ့် တစ်ခုရှိတာကတော့ Xiaomi ရဲ့ အခု POCOPHONE စမတ်ဖုန်းကို တခြားသော အချက်အလက်တွေကို အတိအကျမသိရသေးတဲ့အပြင် ဖုန်းရဲ့ ဒီဇိုင်းကလည်း ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကတော့ မသိရသေးဘူးလို့ ပြောလို့ရပါတယ်။ ဖြစ်နိုင်တဲ့ သတင်းတစ်ခုကတော့ Xiaomi ကနေ အခုထုတ်ပေးမယ့် စမတ်ဖုန်းကတော့ Mid Range မဟုတ်ပဲ Flagship ဖုန်းဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ ဒီ Series အသစ် စမတ်ဖုန်းက ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ဆက်လက်စောင့်ကြည့်ရမှာပါ။

Zawyè (Akhayar) 

www.akhayar.com