
Xiaomi Pocophone F1



Xiaomi ဟာ အခု Pocophone F1 စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ အိန္ဒိယမှာ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ညီမျှတဲ့ ငွေကြေးနဲ့ ရောင်းချတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Pocofone F1 ဖုန်းကို ဥရောပနိုင်ငံတွေမှာပါ စတင်ရောင်းချနေပြီဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ ယူရို ၃၂၉ ကနေ စတင်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Xiaomi ကနေ ထုတ်ပြန်လိုက်တဲ့ Pocophone F1 ကို ဝယ်ယူရရှိနိုင်မယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တဲ့အတွက် မကြာခင်အချိန်မှာ အခုလိုမျိုး ဈေးအသက်သာဆုံး Snapdragon 845 Processor အသုံးပြုထားတဲ့ဖုန်းကို ဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ လက်ရှိအချိန်မှာလည်း နိုင်ငံအပေါ်မှုတည်ပြီး ဈေးနှုန်းအနည်းငယ်ကွာခြားတာကြောင့် ဈေးကွက်ထဲကို ဘယ်လောက်နှုန်းနဲ့ ဝင်ရောက်လာမလဲဆိုတာကိုတော့ အတိအကျပြောလို့ မရသေးပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ဒီရက်ပိုင်းမှာ Xiaomi ကနေ ကြေညာခဲ့တဲ့ Pocophone F1 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ဖုန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကလည်း Qualcomm Snapdragon 845 သုံးထားတဲ့ဖုန်းတစ်ခုကို ဒေါ်လာ ၃၀၀ နဲ့ ရရှိနိုင်မယ်ဆိုတာက ပိုပြီး အဓိကဖြစ်နေတာပါ။

Xiaomi Pocophone F1

အခုလိုမျိုး Qualcomm Snapdragon 845 Processor ၊ RAM 6GB နဲ့ Storage 64GB ပါဝင်သလို Liquid Cooling စနစ်တွေ၊ Dual 12MP+5MP Camera နဲ့ 20MP Selfie Camera တွေပါဝင်သလို 4000mAh Battery တွေကြောင့် ဒီ Pocophone F1 ဟာ ဒေါ်လာ ၃၀၀ နဲ့ ရောင်းချမယ်ဆိုတာ ဟုတ်ရဲ့လားလို့တောင် ပြန်မေးစရာဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Xiaomi ရဲ့ ဒေါ်လာ ၃၀၀ တန် ဖုန်းတစ်ခုက တခြားသော ဒေါ်လာ ၁၀၀၀ နားကပ်နေတဲ့ Flagship ဖုန်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိမယ်ဆိုတာကတော့ သေချာတယ်လို့ ပြောရပါတယ်။

Xiaomi Pocophone F1 Market Availability

Xiaomi ဟာ အခု Pocophone F1 စမတ်ဖုန်းကို စျေးနှုန်းအနေနဲ့ အိန္ဒိယမှာ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ညီမျှတဲ့ ငွေကြေးနဲ့ ရောင်းချတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Pocofone F1 ဖုန်းကို ဥရောပနိုင်ငံတွေမှာပါ စတင်ရောင်းချနေပြီဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့ကတော့ ယူရို ၃၂၉ ကနေ စတင်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Xiaomi ကနေ ထုတ်ပြန်လိုက်တဲ့ Pocophone F1 ကို ဝယ်ယူရရှိနိုင်မယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တဲ့အတွက် မကြာခင်အချိန်မှာ အခုလိုမျိုး စျေးအသက်သာဆုံး Snapdragon 845 Processor အသုံးပြုထားတဲ့ဖုန်းကို ဝယ်ယူရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ လက်ရှိအချိန်မှာလည်း နိုင်ငံအပေါ်မှုတည်ပြီး စျေးနှုန်းအနည်းငယ်ကွာခြားတာကြောင့် စျေးကွက်ထဲကို ဘယ်လောက်နှုန်းနဲ့ ဝင်ရောက်လာမလဲဆိုတာကိုတော့ အတိအကျပြောလို့ မရသေးပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com