27 ရက္ေန႔မွာ မိတ္ဆက္မယ့္ Xiaomi ရဲ႕စမတ္ဖုန္းအသစ္က ဘာျဖစ္မလဲ ?

[ Zawgyi ]

Mid-Range ဖုန္းေတြကို ဆက္တိုက္ဆိုသလို ထုတ္လုပ္ခဲ့တဲ့ တရုတ္နဂါးၾကီး ဟာ ဒီတစ္ေခါက္မွာေတာ့ High-End ေစ်းကြက္ဘက္ကို ျပန္လည္ေခါင္းလွည့္လာေတာ့မယ္လို႔ယူဆရပါတယ္။ Xiaomi ဟာ Low Budget စမတ္ဖုန္းေတြျဖစ္တဲ့ Mi 5X ၊ Redmi 5 Series နဲ႔ Redmi Note 5/ 5a တို႔ကို ခပ္စိတ္စိတ္မိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္မွာ 2018 အတြက္ Flagship ဖုန္းတစ္လံုးကို မိတ္ဆက္ဖို႔ျပင္ဆင္ေနပါတယ္။ ဒါေပမယ့္ အဲ့ဖုန္းဟာ Mi 7 ျဖစ္မလား Mi Mix 2s ျဖစ္လာမလားဆိုတာ ဇေဝဇဝါျဖစ္ေအာင္လုပ္ထားခဲ့ၿပီး ဒီကေန႔မွာေတာ့ Xiaomi ရဲ႕တရားဝင္ေျပာေရးဆိုခြင့္ရွိသူ Mr.Donovan Sung ကတိက်တဲ့သတင္းအခ်က္အလက္အခ်ိဳ႕ကိုထုတ္ျပန္လိုက္ပါၿပီ။

Donovan Sung ရဲ႕ေျပာၾကားခ်က္အရ ဘာစီလိုနာမွာက်င္းပေနတဲ့ MWC 2018 မွာ Xiaomi အေနနဲ႔ Mi Max 2s ကို ၂၇ ရက္ေန႔မွာမိတ္ဆက္သြားမယ္လို႔သိရၿပီး အဆိုပါဖုန္းမွာ Qualcomm ရဲ႕ Snapdragon 845 Chipset ကိုထည့္သြင္းတပ္ဆင္ထားမွာျဖစ္တယ္လို႔ဆိုပါတယ္။ ဒါဟာ Samsung ၿပီးရင္ ပထမဦးဆံုး 845 Chipset ကိုအျပည့္အဝအသံုးျပဳထားတဲ့စမတ္ဖုန္းတစ္လံုးအျဖစ္ေတြ႔ျမင္ရေတာ့မွာျဖစ္ပါတယ္။

လက္တေလာထြက္ေပၚလာတဲ့ ေကာလဟာလေတြအရ Mi Mix 2s မွာ 5.99 လက္မအရြယ္ Display နဲ႔ Four-Sided Ceramic Body ကိုဆက္လက္အသံုးျပဳမယ္လို႔ေမွ်ာ္လင့္ရၿပီး တျခားထူးျခားခ်က္အေနနဲ႔ Under Screen Fingerprint Scanner ကိုထည့္သြင္းႏိုင္တယ္လို႔ဆိုပါတယ္။ RAM အေနနဲ႔ LPDDR4X 8GB RAM နဲ႔ Storage 256GB ပါဝင္ႏိုင္တယ္လို႔သိရွိရၿပီး Camera ကေတာ့ ေက်ာဘက္မွာ 12 MP ရွိတဲ့ ကင္မရာ ႏွစ္လံုးတပ္ဆင္ထားမယ္လို႔ဆိုပါတယ္။

ဒီဖုန္းမွာ စာေရးသူအေနနဲ႔ ေမွ်ာ္လင့္မိတာက Camera ပိုင္းပါ။ Dual Camera ေခတ္ဟာ ျပန္ၿပီးေမွးမိန္မယ့္အလားအလာရွိေနေလေတာ့ Xiaomi အေနနဲ႔ Camera ကို Google နဲ႔ Samsung နည္းတူ AR နည္းပညာ ၊ Dual Pixel နည္းပညာ နဲ႔ Lens နည္းပညာေတြကို ေကာင္းသထက္ေကာင္းေအာင္လုပ္ၿပီး Single Camera ေလာကကို တစ္ေခတ္ျပန္လည္ဆန္းသစ္ေစဖို႔ေမွ်ာ္လင့္ရပါတယ္။

Ref;Donovan Sung

Phone Hay Ko ( Akhayar )

www.akhayar.com

27 ရက်နေ့မှာ မိတ်ဆက်မယ့် Xiaomi ရဲ့စမတ်ဖုန်းအသစ်က ဘာဖြစ်မလဲ ?

[ Unicode ]

Mid-Range ဖုန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လုပ်ခဲ့တဲ့ တရုတ်နဂါးကြီး ဟာ ဒီတစ်ခေါက်မှာတော့ High-End ဈေးကွက်ဘက်ကို ပြန်လည်ခေါင်းလှည့်လာတော့မယ်လို့ယူဆရပါတယ်။ Xiaomi ဟာ Low Budget စမတ်ဖုန်းတွေဖြစ်တဲ့ Mi 5X ၊ Redmi 5 Series နဲ့ Redmi Note 5/ 5a တို့ကို ခပ်စိတ်စိတ်မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာ 2018 အတွက် Flagship ဖုန်းတစ်လုံးကို မိတ်ဆက်ဖို့ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အဲ့ဖုန်းဟာ Mi 7 ဖြစ်မလား Mi Mix 2s ဖြစ်လာမလားဆိုတာ ဇဝေဇဝါဖြစ်အောင်လုပ်ထားခဲ့ပြီး ဒီကနေ့မှာတော့ Xiaomi ရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူ Mr.Donovan Sung ကတိကျတဲ့သတင်းအချက်အလက်အချို့ကိုထုတ်ပြန်လိုက်ပါပြီ။

Donovan Sung ရဲ့ပြောကြားချက်အရ ဘာစီလိုနာမှာကျင်းပနေတဲ့ MWC 2018 မှာ Xiaomi အနေနဲ့ Mi Max 2s ကို ၂၇ ရက်နေ့မှာမိတ်ဆက်သွားမယ်လို့သိရပြီး အဆိုပါဖုန်းမှာ Qualcomm ရဲ့ Snapdragon 845 Chipset ကိုထည့်သွင်းတပ်ဆင်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ Samsung ပြီးရင် ပထမဦးဆုံး 845 Chipset ကိုအပြည့်အဝအသုံးပြုထားတဲ့စမတ်ဖုန်းတစ်လုံးအဖြစ်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

လက်တလောထွက်ပေါ်လာတဲ့ ကောလဟာလတွေအရ Mi Mix 2s မှာ 5.99 လက်မအရွယ် Display နဲ့ Four-Sided Ceramic Body ကိုဆက်လက်အသုံးပြုမယ်လို့မျှော်လင့်ရပြီး တခြားထူးခြားချက်အနေနဲ့ Under Screen Fingerprint Scanner ကိုထည့်သွင်းနိုင်တယ်လို့ဆိုပါတယ်။ RAM အနေနဲ့ LPDDR4X 8GB RAM နဲ့ Storage 256GB ပါဝင်နိုင်တယ်လို့သိရှိရပြီး Camera ကတော့ ကျောဘက်မှာ 12 MP ရှိတဲ့ ကင်မရာ နှစ်လုံးတပ်ဆင်ထားမယ်လို့ဆိုပါတယ်။

ဒီဖုန်းမှာ စာရေးသူအနေနဲ့ မျှော်လင့်မိတာက Camera ပိုင်းပါ။ Dual Camera ခေတ်ဟာ ပြန်ပြီးမှေးမိန်မယ့်အလားအလာရှိနေလေတော့ Xiaomi အနေနဲ့ Camera ကို Google နဲ့ Samsung နည်းတူ AR နည်းပညာ ၊ Dual Pixel နည်းပညာ နဲ့ Lens နည်းပညာတွေကို ကောင်းသထက်ကောင်းအောင်လုပ်ပြီး Single Camera လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေဖို့မျှော်လင့်ရပါတယ်။

Ref;Donovan Sung

Phone Hay Ko ( Akhayar )

www.akhayar.com