Xiaomi ရဲ့ Flagship Series ဖြစ်တဲ့ Mi Series ဖုန်းတစ်ခုဖြစ်တဲ့ Xiaomi Mi 6 ဟာ အခုအချိန်မှာတော့ Android 9 ကို Update ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ အခု Software Update ကို ပြီးခဲ့တဲ့လထဲက Xiaomi ကနေ Android Pie Update ပြုလုပ်နိုင်မယ့် List ထဲမှာ ပါဝင်ခဲ့ပြီးအခုအချိန်မှာတော့ တရားဝင် Update ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Xiaomi Mi 6

Xiaomi Mi 6

Xiaomi ရဲ့ Mi 6 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Qualcomm Snapdragon 835 Processor ကို အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုရရှိလာတဲ့ Android Update က Beta Build ပဲရှိသေးတဲ့အတွက် Stable Update ရဖို့ကတော့ အချိန်စောင့်ဆိုင်းရဦးမှာပါ။

ဘာပဲဖြစ်ဖြစ်လောလောဆယ်မှာ Mi 6 ကို အသုံးပြုနေတဲ့သူတွေဆိုရင် ဒီ Android Pie Beta Update ကို Download ရယူနိုင်မှာဖြစ်ပြီးတော့ MIUI Version အနေနဲ့ MIUI 10 9.4.22 လို့ ရေးထားမှာဖြစ်ပါတယ်။ File Size အနေနဲ့ကတော့ 1.5GB ရှိမှာဖြစ်ပါတယ်။

Xiaomi Mi 6 Android Pie

Xiaomi Mi 6

Xiaomi အနေနဲ့ အခုလိုမျိုး Android Update တွေကို ပြီးခဲ့တဲ့ ၂ နှစ်လောက်ကထုတ်ထားတဲ့ဖုန်းတွေအထိလိုက်ပြီး Update ပြုလုပ်ပေးနိုင်တာက တော်တော်လေးကို အားရစရာကောင်းတယ်လို့ ပြောရမှာပါ။

Ref : GSMArena