Xiaomi ရဲ႕ ဖုန္းသစ္ရဲ႕ အၾကမ္းပတမ္း ခံႏုိင္ရည္ကုိေတာ့ YouTuber တစ္ေယာက္က စမ္းသပ္လုိက္ပါၿပီ။ JerryRigEverything ဆုိတဲ့ YouTuber တစ္ေယာက္ဟာ Xiaomi ရဲ႕ အဓိက စမတ္ဖုန္း အမ်ိဳးအစားရဲ႕ ခံႏုိင္ရည္ကုိ စမ္းသပ္ၿပီး အာမခံျပခဲ့တာပါ။ Xiaomi ရဲ႕ ေနာက္ဆံုးထြက္ စမတ္ဖုန္း Mi6 ဟာ ၿပီးခဲ့တဲ့ ႏွစ္က ထုတ္လုပ္ထားတဲ့ Mi5 ထက္ အၾကမ္းခံႏုိင္ရည္မွာေတာ့ ေတာ္ေတာ္သာလြန္တာကုိလည္း ေတြ႔ခဲ့ရပါတယ္။

ဖုန္းကုိ သူစမ္းသပ္တဲ့ ကုိယ္ပုိင္နည္းလမ္းေတြနဲ႔ ဒီႏွစ္ထဲမွာ Galaxy S8, HTC U Ultra, LG တုိ႔အပါအဝင္ အျခားဖုန္းအေတာ္မ်ားမ်ားကုိ စမ္းသပ္ခဲ့တဲ့ နည္းလမ္းအတုိင္း စမ္းသပ္ခဲ့တာပါ။ အရင္ဆံုး အေရွ႕မ်က္ႏွာျပင္ရဲ႕ ခံႏုိင္ရည္စြမ္းကုိ စမ္းသပ္ရာမွာ တပ္ဆင္ထားတဲ့ Gorilla Glass က Durability အဆင့္အေနနဲ႔ 6 အထိရွိခဲ့တာပါ။ ဒီအဆင့္ဟာဆုိရင္ အျခားအဓိက စမတ္ဖုန္းေတြရဲ႕ ခံႏုိင္ရည္နဲ႔ အတူတူေလာက္ ရွိေနတာပါ။

အဲ့ဒီေနာက္ Fingerprint Scanner ကုိ ဓားနဲ႔ ျခစ္ၾကည့္ရာမွာလည္း ျခစ္ရာ စင္းရာ ထင္ခဲ့ဲျခင္းမရွိပါဘူး။ အဆင့္ 8 ရွိတဲ့ Blade တစ္ခုနဲ႔ ျခစ္မွသာ စင္းရာအခ်ိဳ႕ထင္သြားခဲ့တာပါ။ ေက်ာဘက္က ကာဗာ၊ ကင္မရာ တုိ႔ကုိ ဓားသြားနဲ႔ ျခစ္ရာမွာလည္း အစင္းရာထင္သြားျခင္းမရွိခဲ့ပါဘူး။ ေဘးေဘာင္ေတြကုိ ဓားနဲ႔ ျခစ္ခ်ၾကည့္ရာမွာလည္း အေတာ္ခံႏုိင္ရည္ရွိၿပီး စင္းရာအခ်ိဳ႕သာထင္သြားခဲ့ကာ ပဲ့သြားတာေတြဘာေတြ မရွိခဲ့တာ ေတြ႔ခဲ့ရပါတယ္။

အဲ့ဒီေနာက္ ေနာက္ဆံုးအေနနဲ႔ ဖုန္းကုိ အားနဲ႔ လွန္ခ်ိဳးၾကည့္ရာမွာ ဘာမွမျဖစ္သြားပဲ နဂုိအတုိင္းပဲ ရွိေနခဲ့တာကုိ ရုိက္ျပထားတာပါ။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ထုတ္လုပ္ခဲ့တဲ့ Mi5 ကေတာ့ တစ္ခ်ီထဲနဲ႔တင္ ထက္ပုိင္းက်ိဳးသြားခဲ့ေၾကာင္း သိရပါတယ္။

Mi6 မွာ Dual Camera, ပုိမိုႀကီးမားတဲ့ Fingerprint ဆင္ဆာ၊ ေနာက္ဆံုးထြက္ Snapdragon 835 Processor၊ Internal RAM 6GB အထိ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ လူအေတာ္မ်ားမ်ား အႀကိဳက္ေတြ႔ခဲ့ၾကၿပီး ဝယ္ဖုိ႔ စီစဥ္ထားတဲ့ လူေတြအေနနဲ႔လည္း ဒီဗီဒီယိုအေပၚ အားရမိၾကမွာပါ။ စမ္းသပ္ခဲ့တဲ့ ဗီဒီယုိကုိ ေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

Joker (Akhayar)

Ref: Android Police

================

[Unicode]

Mi 5 ထက် ပိုအကြမ်းခံကြောင်း အစမ်းသပ်ခံနိုင်ခဲ့တဲ့ Xiaomi Mi6

Xiaomi ရဲ့ ဖုန်းသစ်ရဲ့ အကြမ်းပတမ်း ခံနိုင်ရည်ကိုတော့ YouTuber တစ်ယောက်က စမ်းသပ်လိုက်ပါပြီ။ JerryRigEverything ဆိုတဲ့ YouTuber တစ်ယောက်ဟာ Xiaomi ရဲ့ အဓိက စမတ်ဖုန်း အမျိုးအစားရဲ့ ခံနိုင်ရည်ကို စမ်းသပ်ပြီး အာမခံပြခဲ့တာပါ။ Xiaomi ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း Mi6 ဟာ ပြီးခဲ့တဲ့ နှစ်က ထုတ်လုပ်ထားတဲ့ Mi5 ထက် အကြမ်းခံနိုင်ရည်မှာတော့ တော်တော်သာလွန်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဖုန်းကို သူစမ်းသပ်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဒီနှစ်ထဲမှာ Galaxy S8, HTC U Ultra, LG တို့အပါအဝင် အခြားဖုန်းအတော်များများကို စမ်းသပ်ခဲ့တဲ့ နည်းလမ်းအတိုင်း စမ်းသပ်ခဲ့တာပါ။ အရင်ဆုံး အရှေ့မျက်နှာပြင်ရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်ရာမှာ တပ်ဆင်ထားတဲ့ Gorilla Glass က Durability အဆင့်အနေနဲ့ 6 အထိရှိခဲ့တာပါ။ ဒီအဆင့်ဟာဆိုရင် အခြားအဓိက စမတ်ဖုန်းတွေရဲ့ ခံနိုင်ရည်နဲ့ အတူတူလောက် ရှိနေတာပါ။

အဲ့ဒီနောက် Fingerprint Scanner ကို ဓားနဲ့ ခြစ်ကြည့်ရာမှာလည်း ခြစ်ရာ စင်းရာ ထင်ခဲ့ခြင်းမရှိပါဘူး။ အဆင့် 8 ရှိတဲ့ Blade တစ်ခုနဲ့ ခြစ်မှသာ စင်းရာအချို့ထင်သွားခဲ့တာပါ။ ကျောဘက်က ကာဗာ၊ ကင်မရာ တို့ကို ဓားသွားနဲ့ ခြစ်ရာမှာလည်း အစင်းရာထင်သွားခြင်းမရှိခဲ့ပါဘူး။ ဘေးဘောင်တွေကို ဓားနဲ့ ခြစ်ချကြည့်ရာမှာလည်း အတော်ခံနိုင်ရည်ရှိပြီး စင်းရာအချို့သာထင်သွားခဲ့ကာ ပဲ့သွားတာတွေဘာတွေ မရှိခဲ့တာ တွေ့ခဲ့ရပါတယ်။

အဲ့ဒီနောက် နောက်ဆုံးအနေနဲ့ ဖုန်းကို အားနဲ့ လှန်ချိုးကြည့်ရာမှာ ဘာမှမဖြစ်သွားပဲ နဂိုအတိုင်းပဲ ရှိနေခဲ့တာကို ရိုက်ပြထားတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ Mi5 ကတော့ တစ်ချီထဲနဲ့တင် ထက်ပိုင်းကျိုးသွားခဲ့ကြောင်း သိရပါတယ်။

Mi6 မှာ Dual Camera, ပိုမိုကြီးမားတဲ့ Fingerprint ဆင်ဆာ၊ နောက်ဆုံးထွက် Snapdragon 835 Processor၊ Internal RAM 6GB အထိ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် လူအတော်များများ အကြိုက်တွေ့ခဲ့ကြပြီး ဝယ်ဖို့ စီစဉ်ထားတဲ့ လူတွေအနေနဲ့လည်း ဒီဗီဒီယိုအပေါ် အားရမိကြမှာပါ။ စမ်းသပ်ခဲ့တဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Joker (Akhayar)

Ref: Android Police