[Zawgyi]

Mi Pad 4 ထက္ပိုႀကီးတဲ့ Mi Pad 4 Plus လာေတာ့မယ္

ၿပီးခဲ့တဲ့ ဇြန္လက Xiaomi ဟာ Mi Pad Series သစ္ျဖစ္တဲ့ Mi Pad 4 ကိုမိတ္ဆက္ခဲ့ပါတယ္။ အဲ့လိုမိတ္ဆက္တဲ့အခ်ိန္မွာကတည္းက Mi Pad 4 အျပင္ ေနာက္ထပ္ Model သစ္တစ္ခုကိုမိတ္ဆက္ဖြယ္ရွိတယ္လို႔ သတင္းသဲ့သဲ့ၾကားခဲ့ပါေသးတယ္။

ေကာလဟာလေတြဟာတျဖည္းျဖည္းနဲ႔မွန္ကန္လာတယ္လို႔ဆိုရမလား၊ Mi Pad 4 Plus ရဲ႕ ျဖစ္ႏိုင္ေခ်ရွိတဲ့ မ်က္ႏွာျပင္အက်ယ္နဲ႔ Specifications စာရင္းဟာထြက္ေပၚလာခဲ့ျပန္ပါၿပီ။

လက္တေလာထြက္ေပၚလာတဲ့သတင္းေတြအရ Mi Pad 4 Plus ဟာ 4 GB RAM + 64 GB ROM နဲ႔ 4 GB RAM နဲ႔ 128 GB ROM ဆိုၿပီး Memory Storage ၂ မ်ိဳးေရြးခ်ယ္ႏိုင္မွာပါ။ မ်က္ႏွာျပင္အက်ယ္ကေတာ့ ၁၀ လက္မအက်ယ္ရွိၿပီး ေရြးခ်ယ္ႏိုင္မယ့္အေရာင္ေတြကေတာ့ Black နဲ႔ Gold ျဖစ္ပါတယ္။ အသံုးျပဳမယ့္ Chipset ကေတာ့ Snapdragon 660 Series ျဖစ္မယ္လို႔ခန္႔မွန္းရပါတယ္။

လက္ရွိမွာေတာ့ Mi Pad 4 မွာ ဆင္းကဒ္ထည့္ၿပီးအင္တာနက္အသံုးျပဳႏိုင္တဲ့ LTE Version နဲ႔ WiFi တစ္မ်ိဳးတည္းသာအသံုးျပဳႏိုင္တဲ့ Version ၂မိ်ဳးထြက္ရွိထားပါတယ္။ Mi Pad 4 Plus မွာလည္း အလားတူ Version ၂ မ်ိဳးနဲ႔ထြက္ေပၚလာႏိုင္တယ္လို႔ဆိုပါတယ္။ Xiaomi အေနနဲ႔ အဆိုပါ Mi Pad 4 Plus ကိုမၾကာခင္အခ်ိန္အတြင္းမွာ မိတ္ဆက္သြားဖြယ္ရွိတယ္လို႔လည္းသိရွိရပါတယ္။ ပိုက်ယ္တဲ့မ်က္ႏွာျပင္နဲ႔ ပိုမ်ားတဲ့ Battery ကိုေစာင့္ေမွ်ာ္ရဦးမွာျဖစ္ပါတယ္။

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com

Mi Pad 4

[Unicode]

Mi Pad 4 ထက်ပိုကြီးတဲ့ Mi Pad 4 Plus လာတော့မယ်

ပြီးခဲ့တဲ့ ဇွန်လက Xiaomi ဟာ Mi Pad Series သစ်ဖြစ်တဲ့ Mi Pad 4 ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲ့လိုမိတ်ဆက်တဲ့အချိန်မှာကတည်းက Mi Pad 4 အပြင် နောက်ထပ် Model သစ်တစ်ခုကိုမိတ်ဆက်ဖွယ်ရှိတယ်လို့ သတင်းသဲ့သဲ့ကြားခဲ့ပါသေးတယ်။

ကောလဟာလတွေဟာတဖြည်းဖြည်းနဲ့မှန်ကန်လာတယ်လို့ဆိုရမလား၊ Mi Pad 4 Plus ရဲ့ ဖြစ်နိုင်ချေရှိတဲ့ မျက်နှာပြင်အကျယ်နဲ့ Specifications စာရင်းဟာထွက်ပေါ်လာခဲ့ပြန်ပါပြီ။

Mi Pad 4

လက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ Mi Pad 4 Plus ဟာ 4 GB RAM + 64 GB ROM နဲ့ 4 GB RAM နဲ့ 128 GB ROM ဆိုပြီး Memory Storage ၂ မျိုးရွေးချယ်နိုင်မှာပါ။ မျက်နှာပြင်အကျယ်ကတော့ ၁၀ လက်မအကျယ်ရှိပြီး ရွေးချယ်နိုင်မယ့်အရောင်တွေကတော့ Black နဲ့ Gold ဖြစ်ပါတယ်။ အသုံးပြုမယ့် Chipset ကတော့ Snapdragon 660 Series ဖြစ်မယ်လို့ခန့်မှန်းရပါတယ်။

လက်ရှိမှာတော့ Mi Pad 4 မှာ ဆင်းကဒ်ထည့်ပြီးအင်တာနက်အသုံးပြုနိုင်တဲ့ LTE Version နဲ့ WiFi တစ်မျိုးတည်းသာအသုံးပြုနိုင်တဲ့ Version ၂မျိုးထွက်ရှိထားပါတယ်။ Mi Pad 4 Plus မှာလည်း အလားတူ Version ၂ မျိုးနဲ့ထွက်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ Xiaomi အနေနဲ့ အဆိုပါ Mi Pad 4 Plus ကိုမကြာခင်အချိန်အတွင်းမှာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့လည်းသိရှိရပါတယ်။ ပိုကျယ်တဲ့မျက်နှာပြင်နဲ့ ပိုများတဲ့ Battery ကိုစောင့်မျှော်ရဦးမှာဖြစ်ပါတယ်။

Ref;GSMArena

Phone Hay Ko (Akhayar)

www.akhayar.com