လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေစ်းကြက္ထဲမွာ 5G ဆုိတဲ့ စကားလံုးက ေရပန္းစားလာျပီပဲျဖစ္ပါတယ္။ Mobile Operator ေတြအျပင္ စမတ္ဖုန္းထုတ္လုပ္သူေပါင္းမ်ားစြာက ဒီ 5G Network ကို Support ျပဳလုပ္မယ့္ ဖုန္းေတြကို ထုတ္လုပ္ဖုိ႔ အျပိဳင္အဆုိင္ကို ၾကိဳးစားေနၾကတာပါ။

ဒီလုိမ်ိဳး စမတ္ဖုန္းထုတ္လုပ္သူေတြထဲမွာ Xiaomi ကလည္း တစ္ဦးအပါအဝင္ပါပဲ။ တျခားေသာ တရုတ္ႏုိင္ငံအေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူေတြျဖစ္တဲ့ Huawei ၊ OPPO နဲ႔ ZTE တို႔က ယခင္ထဲက 5G ဖုန္းေတြကို ထုတ္လုပ္ဖုိ႔ ၾကိဳးစားေနတဲ့သတင္းေတြထြက္ေပၚေနတဲ့အခ်ိန္မွာ Xiaomi က ျငိမ္ေနေပမယ့္ အခုအခ်ိန္မွာေတာ့ Xiaomi က 5G ကို အသံုးျပဳထားတဲ့ စမတ္ဖုန္းကို ထုတ္ျပလုိက္ျပီျဖစ္ပါတယ္။

အခုစမတ္ဖုန္းကေတာ့ Xiaomi Mi Mix 3 ဖုန္းပဲျဖစ္ျပီးေတာ့ Xiaomi ရဲ႕ Director of Product Management အျဖစ္တာဝန္ယူထားတဲ့ Donovan Sung က 5G Network ကို အသံုးျပဳေနတဲ့ Mi Mix 3 ရဲ႕ 3D Prototype ဓါတ္ပံုကို သူ႔ရဲ႕ Twitter Account မွာ တင္ထားခဲ့တာျဖစ္ပါတယ္။

Xiaomi Mi Mix 3

အခုဓါတ္ပံုအရ Xiaomi Mi Mix 3 ဟာ OPPO က ထုတ္လုပ္ထားတဲ့ Find X ဖုန္းလုိမ်ိဳး Sliding Camera ပါဝင္တဲ့ ဒီဇုိင္းကို အသံုးျပဳလာမယ္ဆိုတာ ေသခ်ာသြားျပီျဖစ္ျပီး 5G ကို Support ျပဳလုပ္မယ္ဆိုတာကလည္း ေသခ်ာသြားျပီျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ ေမးခြန္းတခ်ိဳ႕ရွိလာျပီး အခုလုိမ်ိဳး Mi Mix 3 မွာ 5G Support ရရွိေအာင္ Xiaomi က Qualcomm ရဲ႕ X50 5G Modem ကို အသံုးျပဳတာလား၊ ဒါမွမဟုတ္ သီးျခား Modem တစ္ခုကို အသံုးျပဳတာလား ဆုိတာက စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

Xiaomi Mi Mix 3

အခု 5G ကို Mi Mix 3 မွာ စမ္းသပ္ထားတဲ့အတြက္ လာမယ့္ ေအာက္တိုဘာလမွာ ထြက္ရွိလာမယ့္ Mi Mix 3 မွာ 5G Network ကို အသံုးျပဳလာႏုိင္မလားဆိုတာကလည္း မက်ိန္းေသေသးဘဲ 5G Network ဟာ တရားဝင္ Launch လုပ္ဖုိ႔ကို ေနာက္ႏွစ္မွ စီစဥ္ထားတဲ့အတြက္ 5G ကို Support ျပဳလုပ္တယ္ဆုိရင္ေတာင္မွ ေနာက္ႏွစ္မွ 5G ကို သံုးႏုိင္ဖုိ႔မ်ားေနပါတယ္။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ စမတ်ဖုန်းစျေးကွက်ထဲမှာ 5G ဆိုတဲ့ စကားလုံးက ရေပန်းစားလာပြီပဲဖြစ်ပါတယ်။ Mobile Operator တွေအပြင် စမတ်ဖုန်းထုတ်လုပ်သူပေါင်းများစွာက ဒီ 5G Network ကို Support ပြုလုပ်မယ့် ဖုန်းတွေကို ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကို ကြိုးစားနေကြတာပါ။

ဒီလိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Xiaomi ကလည်း တစ်ဦးအပါအဝင်ပါပဲ။ တခြားသော တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Huawei ၊ OPPO နဲ့ ZTE တို့က ယခင်ထဲက 5G ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ Xiaomi က ငြိမ်နေပေမယ့် အခုအချိန်မှာတော့ Xiaomi က 5G ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။

အခုစမတ်ဖုန်းကတော့ Xiaomi Mi Mix 3 ဖုန်းပဲဖြစ်ပြီးတော့ Xiaomi ရဲ့ Director of Product Management အဖြစ်တာဝန်ယူထားတဲ့ Donovan Sung က 5G Network ကို အသုံးပြုနေတဲ့ Mi Mix 3 ရဲ့ 3D Prototype ဓါတ်ပုံကို သူ့ရဲ့ Twitter Account မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

Xiaomi Mi Mix 3

အခုဓါတ်ပုံအရ Xiaomi Mi Mix 3 ဟာ OPPO က ထုတ်လုပ်ထားတဲ့ Find X ဖုန်းလိုမျိုး Sliding Camera ပါဝင်တဲ့ ဒီဇိုင်းကို အသုံးပြုလာမယ်ဆိုတာ သေချာသွားပြီဖြစ်ပြီး 5G ကို Support ပြုလုပ်မယ်ဆိုတာကလည်း သေချာသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးခွန်းတချို့ရှိလာပြီး အခုလိုမျိုး Mi Mix 3 မှာ 5G Support ရရှိအောင် Xiaomi က Qualcomm ရဲ့ X50 5G Modem ကို အသုံးပြုတာလား၊ ဒါမှမဟုတ် သီးခြား Modem တစ်ခုကို အသုံးပြုတာလား ဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Xiaomi Mi Mix 3

အခု 5G ကို Mi Mix 3 မှာ စမ်းသပ်ထားတဲ့အတွက် လာမယ့် အောက်တိုဘာလမှာ ထွက်ရှိလာမယ့် Mi Mix 3 မှာ 5G Network ကို အသုံးပြုလာနိုင်မလားဆိုတာကလည်း မကျိန်းသေသေးဘဲ 5G Network ဟာ တရားဝင် Launch လုပ်ဖို့ကို နောက်နှစ်မှ စီစဉ်ထားတဲ့အတွက် 5G ကို Support ပြုလုပ်တယ်ဆိုရင်တောင်မှ နောက်နှစ်မှ 5G ကို သုံးနိုင်ဖို့များနေပါတယ်။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com