Vivo ကနေ တလောက ထုတ်လုပ်ထားတဲ့ Vivo NEX စမတ်ဖုန်းက Full Screen Display ကို အသုံးပြုထားတဲ့အတွက် Selfie Camera ကို ဖုန်းရဲ့ အပေါ်ဘက်မှာ မြုပ်ပြီး ထည့်သွင်းထားရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Vivo ရဲ့ ယခု Concept ကို Xiaomi ကလည်း လိုက်လုပ်လာတော့မယ့်ပုံပါပဲ။

Mi Mix 3 Teaser

ဘာဖြစ်လို့လည်းဆိုရင် လက်ရှိအချိန်မှာ Xiaomi ကနေ Mi Mix Series ဖုန်းသစ်တစ်ခုဖြစ်လာမယ့် Mi mix 3 စမတ်ဖုန်းကို ယခင် Mi Mix စမတ်ဖုန်းတွေလိုမျိုး Selfie Camera ကို ဖုန်းရဲ့ အောက်ခြေမှာ ထားရှိမယ့်အစား Vivo ရဲ့ NEX စမတ်ဖုန်းပုံစံအတိုင်းပဲ ဖုန်းရဲ့ အပေါ်ဘက်မှာ Popup ပုံစံထားရှိလာမယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi Mix 3 စမတ်ဖုန်ကတော့ ယခင် Mi Mix စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို ဒီဇိုင်းပြောင်းလဲမှုရှိလာမှာဖြစ်ပါတယ်။

Mi Mix 2S

Xiaomi Mi Mix Series စမတ်ဖုန်းတွေက Full Screen Display ကို အရင်ဆုံးစတင် အသုံးပြုလာခဲ့တဲ့စမတ်ဖုန်းတွေဖြစ်ပေမယ့် ယခု Mi Mix ၊ Mi Mix 2 နဲ့ Mi Mix 2S စမတ်ဖုန်းတွေအထိ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုမရှိခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Mi Mix 3 မှာ အခုလို ဒီဇိုင်းပြောင်းလဲမှုတွေပြုလုပ်လာမယ်ဆိုရင် Xiaomi အနေနဲ့ OPPO ၊ Vivo အစရှိတဲ့ ပြိုင်ဘက်တွေကို မှီလာတော့မယ်လို့ ပြောလို့ရပါတယ်။

Mi Mix 3 Render

အခုထွက်ရှိလာတဲ့ Teaser ဓါတ်ပုံအရတော့ Xiaomi Mi Mix 3 စမတ်ဖုန်းဟာ လာမယ့် စက်တင်ဘာလမှ ထွက်ရှိလာမှာဖြစ်တဲ့အတွက် ၂ လလောက်လိုသေးသလို အဲ့ဒီအချိန်ကြရင် Apple iPhone အသစ်တွေနဲ့ Samsung Galaxy Note 9 လို ဖုန်းတွေလည်း ထွက်နေပြီဖြစ်တဲ့အတွက် Xiaomi အတွက်ကတော့ ခက်ခဲတဲ့ရင်ဆိုင်မှုတွေကို ကြုံတွေ့ရဦးမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]