[Zawgyi]






6GB RAM + 64GB ROM

6GB RAM + 128GB ROM









Self Camera အတွက်ကိုတော့ 8-Megapixel ရှိတဲ့ Sensor ပါဝင်မှာဖြစ်ပြီး ၄င်းမှာလည်း AI နည်းပညာပါဝင်တဲ့အတွက် ဆန်းသစ်လှပတဲ့ Bokeh Effect တွေနဲ့အတူ Selfie Photo လန်းလန်းလေးတွေရိုက်ကူးနိုင်မှာပါ၊ ဒါ့အပြင် Face Unlock စနစ်ကိုအသုံးပြုနိုင်ဖို့အတွက်လည်း Support ပြုလုပ်ပေးထားပါတယ်။






Ref;Gizmochina

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Wireless Charging စနစ်ပါဝင်တဲ့ Xiaomi ရဲ့ ပထမဦးဆုံး စမတ်ဖုန်း Mi Mix 2s

ကမ္ဘာတစ်ဝှမ်းက Xiaomi Fans တွေသာမက အခြား စမတ်ဖုန်း User တွေကပါစိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ Mi Mix 2s ကို ပြီးခဲ့တဲ့ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ CEO Lei Jun ကိုယ်တိုင်မိတ်ဆက်ခဲ့ပါတယ်။ Xiaomi Mi Mix 2s ကဘာတွေစိတ်ဝင်စားစရာကောင်းလွန်းနေတာလည်း၊ ဘယ်လို Specification အမြင့်စားတွေပါဝင်နေသလဲဆိုတာ တစ်ချက်လောက်ကြည့်ရအောင်…

Mi Mix 2s ဟာ ယခင် Mi Mix 2 နဲ့ Design ပိုင်းအရ သိပ်ပြီးတော့ ကွာခြားမှုမရှိပါဘူး၊ A Redesigned & More Powerful Mix 2 လို့ပြောထားကြပြီး ယခင် Mi Mix 2 ကိုအခြေံတဲ့ ဒီဇိုင်းနဲ့ ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ကျောဘက်ကင်မရာ ပုံစံပြောင်းတာကတော့ သူ့ခေတ်သူ့အခါ အနေနဲ့ပြောင်းလဲလာတယ်ဆိုရမှာပါ)

Mi Mix 2s ကို Black နဲ့ White ဆိုပြီး အရောင် ၂ မျိုးနဲ့ပဲရရှိနိုင်မှာပါ။ နောက်ပိုင်းမှာတော့ Limited Edition တွေထွက်လာနိုင်ပါတယ်။Mi Mix 2s ရဲ့မျက်နှာပြင်အကျယ် 5.99 လက်မ 18:9 Full Screen Display ဖြစ်ပြီး Resolution အနေနဲ့ FHD+ (2160 x 1080 pixels) ရှိမှာဖြစ်သလို DCI-P3 Color Gamut ကို Support ပြုလုပ်ပေးထားပါတယ်။ မတော်တဆထိခိုက်မှုတွေကိုအကောင်းဆုံးကာကွယ်နိုင်ရန်အတွက် မျက်နှာပြင်ကို Corning Gorilla Glass 4 ဖြင့်ဖုံးအုပ်ပေးထားပါတယ်။ Battery ပမာဏ 3400 mAh ရှိပြီး ကြိုးမဲ့အားသွင်းစနစ် Qi Wireless Charging System စတင်ပါဝင်လာပါတယ်။

ဖုန်းမှာအသုံးပြုတဲ့ Chipset ကတော့ ယခုနောက်ဆုံးထွက်ထားတဲ့ Snapdragon ရဲ့ Qualcomm 845 Chipset ကိုအသုံးပြုထားပြီး GPU ကတော့ Adreno 630 Series ကိုအသုံးပြုထားပါတယ်။ RAM နဲ့ ROM Version ကိုတော့ ၃မျိုးခွဲထုတ်ထားပါတယ်။

6GB RAM + 64GB ROM

6GB RAM + 128GB ROM

8GB RAM + 256GB ROM (King Version) တို့ပဲဖြစ်ပါတယ်။

စတင်အသုံးပြုရမယ့် Android Version ကတော့ Oreo (8.0) MIUI Version 9.5 နဲ့စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Mi Mix Series တွေထဲမှာ ပထမဦးဆုံး Dual Camera ပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။Main Camera အဖြစ် Pixel Size 1.4 micron f/1. 8 aperture 12-Megapixel Sony IMX 363 Wide-angle Lens ကိုလည်းကောင်း Telephoto Lens အတွက် 12-Megapixel Sensor ကို Secondary Camera အဖြစ်လည်းကောင်းထည့်သွင်းထားပြီး 4-axis OIS လည်းပါဝင်ပါတယ်။
Telephoto lens ဟာ ပုံရိပ်တွေကို Quality ကျဆင်းမှုမရှိစေပဲ ၂ဆ အထိ Zoom ဆွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Portrait ဓါတ်ပုံတွေရိုက်ကူးရာမှာလည်း AI နည်းပညာကိုပါထည့်သွင်းအသုံးပြုထားတာကြောင့် iPhone X ထက်သာလွန်တဲ့ Bokeh ပုံရိပ်တွေကို တွေ့မြင်ရမယ်လို့ဆိုပါတယ်။

MI-Mix-2s-vs-iPhone-X-Boketh-Shot

MI-Mix-2s-vs-iPhone-X-Boketh-Shot

Photo Background မှာ ပုံစံမတူညီတဲ့ AI Dream Bokeh လို့ခေါ်တဲ့ Dynamic Effects ၆ မျိုးကို စိတ်ကြိုက်ပြောင်းလဲနိုင်ဦးမှာဖြစ်ပါတယ်။ (Mi Mix 2s ကြော်ငြာ Video မှာပါဝင်တဲ့ Van Gogh ရဲ့ Starry Night ပုံမှာပါတဲ့ Effect ပုံစံမျိုးပေါ့)

Mi MIX 2S ရဲ့ DxOMark ဟာ Photography ပိုင်းအတွက် 101 မှတ်ရရှိထားပြီး လက်ရှိမှာ DxOMark အမြင့်ဆုံးဖြစ်တဲ့ iPhone X နဲ့ Samsung Galaxy S9 တို့ရဲ့ ရမှတ် (97) ထက်သာလွန်ကောင်းမွန်လျှက်ရှိနေပါတယ်။


Self Camera အတွက်ကိုတော့ 8-Megapixel ရှိတဲ့ Sensor ပါဝင်မှာဖြစ်ပြီး ၎င်းမှာလည်း AI နည်းပညာပါဝင်တဲ့အတွက် ဆန်းသစ်လှပတဲ့ Bokeh Effect တွေနဲ့အတူ Selfie Photo လန်းလန်းလေးတွေရိုက်ကူးနိုင်မှာပါ၊ ဒါ့အပြင် Face Unlock စနစ်ကိုအသုံးပြုနိုင်ဖို့အတွက်လည်း Support ပြုလုပ်ပေးထားပါတယ်။

အခြား Connectivity Features တွေအနေနဲ့ Dual-SIM, USB-C, Bluetooth 5.0, GPS, dual-band Wi-Fi 802.11ac, NFC စနစ်နဲ့ နိုင်ငံပေါင်း ၂၂၆ နိုင်ငံမှာရှိတဲ့Network Bands ၄၃ ခုမှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။ 3.5mm Audio Jack ကတော့ ပါဝင်ခြင်းမရှိတော့ပါဘူး။

Mi Mix 2s ကို April လ ၃ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ကျသင့်မှာဖြစ်ပါတယ်။

6GB RAM + 64GB ROM = 3,299 Yuan (~$527) – မြန်မာငွေ ၇သိန်း ဝန်းကျင်

6GB RAM + 128GB ROM = 3,599 Yuan (~$575) – မြန်မာငွေ ၈သိန်း ဝန်းကျင် နဲ့

8GB RAM + 256GB ROM (King Version) = 3,999 Yuan (~$639) – မြန်မာငွေ ၈သိန်းခွဲ ဝန်းကျင် အသီးသီး ကျသင့်မှာဖြစ်ပါတယ်။

Ref;Gizmochina

Phone Hay Ko (Akhayar)

www.akhayar.com