[Zawgyi] 

Xiaomi ကေတာ့ ဖုန္းအႀကီးႀကီးေတြကို ထုတ္တာ မရပ္ေသးပါဘူး။ သူတို႔ရဲ႕ အႀကီးဆံုဖုန္းျဖစ္တဲ့ Mi Max ကို ၂၀၁၆ မွာ စတင္မိတ္ဆက္ေပးခဲ့ပါတယ္။ Screen Size ႀကီးတာေၾကာင့္ ဖုန္းအႀကီးႀကီးေတြကို သေဘာက်သူေတြၾကားမွာ ေအာင္မျမင္ခဲ့တဲ့ ဖုန္းတစ္လံုးပါ။ ၂၀၁၇ မွာေတာ့ Mi Max 2 ကို Design နည္းနည္းေျပာင္းၿပီး ထပ္မိ္တ္ဆက္ခဲ့ပါတယ္။ အခု ၂၀၁၈ အတြက္ေတာ့ Mi Max 3 ကို ပိုႀကီးတဲ့ Display နဲ႔ ထပ္မိတ္ဆက္လိုက္ပါၿပီ။ 

Max 3

Mi Series ေတြအားလံုးထဲမွာ အႀကီးဆံုး Display နဲ႔ ပြဲထြက္လာတဲ့အျပင္ ၂၀၁၈ ဆန္တဲ့ Desgin ေၾကာင့္ Max Fan ေတြကေတာ့ သေဘာက်မယ္ဆိုတာ ျငင္းစရာမလိုပါဘူး။ 18:9 Ratio Diaplay ကို Notch မပါတဲ့ Design နဲ႔ပဲ တပ္ေပးထားၿပီး Screen တစ္ခုလံုးကို ရွင္းရွင္းလင္းလင္း ခံစားႏိုင္မွာေၾကာင့္ Notch ကို သေဘာမက်သူေတြအတြက္ အဆင္ေျပတဲ့ Phablet တစ္လံုးပါ။ Full HD Resolution ရွိတာေၾကာင့္ သာမန္ Game ေဆာ့တာ၊ YouTube လို Online Video Streaming ေတြၾကည့္တာ၊ Facebook နဲ႔ တျခား Social Media App ေတြ အသံုးျပဳတာေတြမွာ သိသိသာသာ ဆိုးဝါးေနမွာမဟုတ္ပါဘူး။ 

Mi Max 3 Dual Camera

အခုလို ႀကီးမားတဲ့ Diaplay ရဲ႕ ေနာက္ကြယ္မွာေတာ့ 5500mAh Battery ကိုထည့္ေပးထားပါတယ္။ Full HD ပဲ ရွိတဲ့ Display က Battery စားမွာမဟုတ္တာေၾကာင့္ တစ္ေနကုန္ ဖုန္းအသံုးျပဳခ်င္သူေတြအတြက္ Battery ခဏခဏ အားျပန္သြင္းစရာလိုမွာ မဟုတ္ပါဘူး။ Xiaomi ေၾကညာသြားတာကေတာ့ Battery 0% ကေန 71% အထိေရာက္ေအာင္ တစ္နာရီအတြင္း အားသြင္းႏိုင္မယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဖက္မွာေတာ့ Fingerprint Scanner ၊ 12MP + 5MP Dual Camera နဲ႔ ေရွ႕ဖက္မွာေတာ့ 8MP Selfie Camera ကိုတပ္ေပးထားပါတယ္။ Qualcomm Snapdragon 636 Processor ၊ 6GB RAM နဲ႔ 128GB Storage ပါဝင္ပါတယ္။ 4GB RAM နဲ႔ 64GB Storage Version လည္းရွိပါတယ္။ 4GB RAM နဲ႔ Mi Max 3 ကိုေတာ့ ခန္႔မွန္းျမန္မာေငြ သံုးသိန္းေက်ာ္ဝန္းက်င္ကေန စၿပီးဝယ္ႏုိင္မွာပါ။ ျမန္မာႏိုင္ငံေစ်းကြက္ကိုလည္း မၾကာခင္ဝင္ေရာက္လာမွာေၾကာင့္ Mi Max Fan ေတြအတြက္ ေစာင့္စားေမ်ွာ္လင့္ရမယ့္ ဖုန္းတစ္လံုးပါ။ 

Ref: Xiaomi

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

၂၀၁၈ အတွက် 6.9 Inch Display နဲ့ ထွက်လာပြီဖြစ်တဲ့ Xiaomi Mi Max 3

Xiaomi ကတော့ ဖုန်းအကြီးကြီးတွေကို ထုတ်တာ မရပ်သေးပါဘူး။ သူတို့ရဲ့ အကြီးဆုံဖုန်းဖြစ်တဲ့ Mi Max ကို ၂၀၁၆ မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Screen Size ကြီးတာကြောင့် ဖုန်းအကြီးကြီးတွေကို သဘောကျသူတွေကြားမှာ အောင်မမြင်ခဲ့တဲ့ ဖုန်းတစ်လုံးပါ။ ၂၀၁၇ မှာတော့ Mi Max 2 ကို Design နည်းနည်းပြောင်းပြီး ထပ်မိတ်ဆက်ခဲ့ပါတယ်။ အခု ၂၀၁၈ အတွက်တော့ Mi Max 3 ကို ပိုကြီးတဲ့ Display နဲ့ ထပ်မိတ်ဆက်လိုက်ပါပြီ။ 

Max 3

Mi Series တွေအားလုံးထဲမှာ အကြီးဆုံး Display နဲ့ ပွဲထွက်လာတဲ့အပြင် ၂၀၁၈ ဆန်တဲ့ Desgin ကြောင့် Max Fan တွေကတော့ သဘောကျမယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ 18:9 Ratio Diaplay ကို Notch မပါတဲ့ Design နဲ့ပဲ တပ်ပေးထားပြီး Screen တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ခံစားနိုင်မှာကြောင့် Notch ကို သဘောမကျသူတွေအတွက် အဆင်ပြေတဲ့ Phablet တစ်လုံးပါ။ Full HD Resolution ရှိတာကြောင့် သာမန် Game ဆော့တာ၊ YouTube လို Online Video Streaming တွေကြည့်တာ၊ Facebook နဲ့ တခြား Social Media App တွေ အသုံးပြုတာတွေမှာ သိသိသာသာ ဆိုးဝါးနေမှာမဟုတ်ပါဘူး။ 

Mi Max 3 Dual Camera

အခုလို ကြီးမားတဲ့ Diaplay ရဲ့ နောက်ကွယ်မှာတော့ 5500mAh Battery ကိုထည့်ပေးထားပါတယ်။ Full HD ပဲ ရှိတဲ့ Display က Battery စားမှာမဟုတ်တာကြောင့် တစ်နေကုန် ဖုန်းအသုံးပြုချင်သူတွေအတွက် Battery ခဏခဏ အားပြန်သွင်းစရာလိုမှာ မဟုတ်ပါဘူး။ Xiaomi ကြေညာသွားတာကတော့ Battery 0% ကနေ 71% အထိရောက်အောင် တစ်နာရီအတွင်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။ နောက်ကျောဖက်မှာတော့ Fingerprint Scanner ၊ 12MP + 5MP Dual Camera နဲ့ ရှေ့ဖက်မှာတော့ 8MP Selfie Camera ကိုတပ်ပေးထားပါတယ်။ Qualcomm Snapdragon 636 Processor ၊ 6GB RAM နဲ့ 128GB Storage ပါဝင်ပါတယ်။ 4GB RAM နဲ့ 64GB Storage Version လည်းရှိပါတယ်။ 4GB RAM နဲ့ Mi Max 3 ကိုတော့ ခန့်မှန်းမြန်မာငွေ သုံးသိန်းကျော်ဝန်းကျင်ကနေ စပြီးဝယ်နိုင်မှာပါ။ မြန်မာနိုင်ငံဈေးကွက်ကိုလည်း မကြာခင်ဝင်ရောက်လာမှာကြောင့် Mi Max Fan တွေအတွက် စောင့်စားမျှော်လင့်ရမယ့် ဖုန်းတစ်လုံးပါ။ 

Ref: Xiaomi

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။