[Zawgyi]

Mi Band 3 မှာ IP67၊ Touchscreen Display၊ Gesture နဲ့ NFC စနစ်တွေပါဝင်လာဖွယ်ရှိ

Xiaomi ရဲ့ CEO Lei Jun ဟာ Black Shark Gaming Phone ကိုမိတ်ဆက်တုန်းက အမျိုးအမည်မသိ Smartband တစ်ခုကိုဝတ်ဆင်ထားခဲ့ပါတယ်။ အဆိုပါ Smartband ဟာ Mi Band 3 ဖြစ်နိုင်ဖို့သေချာသလောက်ပါပဲ။

Xiaomi ဟာ Mi Band 3 နဲ့ပတ်သက်တဲ့ Official Teaser တစ်ခုကိုမကြာသေးခင်ကပဲတင်ခဲ့တာဖြစ်ပြီး ၄င်းနဲ့ ပတ်သက်တဲ့ Information တွေကိုတော့တစ်ခုမှထည့်သွင်းဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Smart Product တွေရဲ့ ထုံးစံအတိုင်း ခန့်မှန်းကောလဟာလသတင်းတွေကတော့ထွက်ပေါ်နေပြီဖြစ်ပါတယ်။

Mi Band 3

Mi Band 3

တရားဝင်ထွက်ပေါ်လာတဲ့ပုံအရ Mi Band 3 ရဲ့ Design ဟာ ယခင် Mi Band 2 ရဲ့ပုံစံနဲ့တော့ သိပ်ပြီးကွာခြားချက်မရှိပါဘူး။ ထူးခြားသွားတာကတော့ ယခင်မြင်နေကျ Home Button ပါဝင်ခြင်းမရှိတော့တာပါပဲ။ Mi Band 2 ထက်ပိုလာတဲ့ Function တွေကတော့ NFC စနစ်ပါဝင်လာပြီး ငွေပေးချေတဲ့ဝန်ဆောင်မှုတွေကိုဆောင်ရွက်နိုင်မှာဖြစ်သလို IP67 Ratingကြောင့် ရေစိုခံနှိုင်မှုနဲ့အကြမ်းခံမှုတို့မှာ စံတစ်ခုအနေနဲ့ပါဝင်လာပါတယ်။ နောက်တစ်ချက်ကတော့ Touch Screen နဲ့ Gesture စနစ်တွေကိုအသုံးပြုနိုင်လာမှာဖြစ်ပါတယ်။( Screen ကိုကြာကြာဖိထားတာ၊ အပေါ်ကိုမတင်လိုက်တာ၊ အောက်ကိုဆွဲချလိုက်တာ အစရှိသဖြင့်ပေါ့)

Mi Band 3 ထွက်ရှိမယ့်အချိန် ?
Mi Band 2 ရဲ့ Launch History ကိုပြန်ကြည့်မယ်ဆိုရင် ဂျွန်လ ၇က်နေ့မှာမိတ်ဆက်ခဲ့တာကိုတွေ့ရမှာပါ။ Mi Band 3 ကိုမိတ်ဆက်ဖို့အတွက် Chinese Manufacturer တွေအနေနဲ့ ရက်အတိအကျသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် မေလအတွင်းမှာ တွေ့မြင်ရဖို့ သေချာသလောက်ရှိနေပြီလို့ဆိုပါတယ်။ ဈေးနှုန်းကတော့ ဒီစာကိုရေးနေတဲ့အချိန်အထိ ကောလဟာလအနေနဲ့တောင် မသိရသေးပါဘူး။

Mi Band ဆိုတာကတော့ Xiaomi ကထုတ်ထားတဲ့ ကျန်းမာရေးအထောက်အကူပြုလက်ပတ်နာရီတစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါလက်ပတ်ဖြင့် အိပ်ချိန်၊ လမ်းလျှောက်နှုန်း၊ နှလုံးခုန်နှုန်း အစရှိတဲ့အချက်အလက်တွေကိုဖော်ပြပေးနိုင်ပါတယ်။ Mi Band ကို 22 July 2014 မှာ ပထမဦးဆုံးအနေနဲ့ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ Mi Band 2 ဟာ နောက်ဆုံးထွက်ထားတာဖြစ်ပြီး Series သစ်ထပ်မထွက်တဲ့အချိန်အားဖြင့် ၂ နှစ်တာနီးပါးကြာခဲ့ပြီဖြစ်ပါတယ်။

Ref;Gizmochina
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]




Mi Band 3

Mi Band 3




Ref;Gizmochina
Phone Hay Ko (Akhayar)
www.akhayar.com