[Zawgyi]

Xiaomi Mi 7 မွာ Under-Display Fingerprint Scanner ပါဝင္မယ္လို႔ CEO Lei Jun ေျပာ

Under-Display Fingerprint နည္းပညာဟာ Apple နဲ႔ Samsung ဖုန္းေတြမွာထည့္သြင္းဖို႔ အသည္းအသန္ ႀကိဳးစားေနတဲ့နည္းပညာတစ္ခုျဖစ္ပါတယ္။ ၄င္းနည္းပညာဟာတရုတ္စမတ္ဖုန္းကုမၸဏီ Vivo ရဲ႕ X21UD နဲ႔ X20 UD ဖုန္းမွာ ဦးဦးဖ်ားဖ်ားပထမဦးဆံုးပါဝင္လာခဲ့ပါတယ္။ ဒုတိယ အေနနဲ႔ Huawei Mate RS မွာပါဝင္ခဲ့တာျဖစ္ၿပီး တတိယေျမာက္ဖုန္းကေတာ့ Apple လား Samsung လား ေဝခြဲမရျဖစ္ေနတဲ့ အခ်ိန္မွာ Xiaomi ကေတာ့ ၄င္းတို႔ရဲ႕ Flagship စမတ္ဖုန္းသစ္ျဖစ္လာမယ့္ Mi 7 မွာပါဝင္မယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

Xiaomi Mi 7 to Arrive with Under-Display Fingerprint Scanner, Confirms Xiaomi CEO Lei Jun

Xiaomi Mi 7 to Arrive with Under-Display Fingerprint Scanner, Confirms Xiaomi CEO Lei Jun

ဒီသတင္းဟာ Lei Jun ရဲ႕ Weibo အေကာင့္မွာ Comment အခ်င္းခ်င္းအျပန္အလွန္ေျပာဆိုေနရာကေနထြက္လာတဲ့သတင္းျဖစ္ပါတယ္။ Xiaomi ရဲ႕ Weibo အေကာင့္ကေန Mi Mix 2s ရဲ႕ အတြင္းဖြဲ႔စည္းမႈ ပံုေတြကိုတင္ေပးခဲ့တာျဖစ္ၿပီး အဲ့ Post ေအာက္က Comment Reply မွာ Lei Jon ကေျဖၾကားခဲ့တာပါ။


မၾကာေသးမီက ထြက္ေပၚခဲ့တဲ့ Mi 7 Plus ရဲ႕ Firmware file ထဲမွာေတာ့ Under-Display Fingerprint Reader နဲ႔ပတ္သက္တဲ့အခ်က္အလက္အခ်ိဳ႔ပါဝင္ေနေၾကာင္းသတင္းထြက္လာပါတယ္။ ဒါေပမယ့္ Dipper လို႔ Codename ေပးထားတဲ့ Mi 7 မွာေတာ့ အဆင့္ျမင့္ Biometric နည္းပညာေတြပါဝင္တာမေတြ႔ရဘူးလို႔ဆိုပါတယ္။ ဒါေၾကာင့္ Xiaomi ဟာ Mi 7 နဲ႔ Mi 7 Plus ဆိုၿပီး Series ႏွစ္မ်ိဳးနဲ႔ထြက္လာဖြယ္ရွိၿပီး Under-Display Fingerprint Reader ကေတာ့ Mi 7 Plus မွာသာ ပါဝင္ဖြယ္ရွိ 2018 ခုႏွစ္ June လေလာက္မွာ ေတြ႕ျမင္ရဖြယ္ရွိတယ္လို႔ ကြ်မ္းက်င္သူအခ်ိဳ႕ကဆိုပါတယ္။

Ref;Playfuldroid

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Xiaomi Mi 7 မှာ Under-Display Fingerprint Scanner ပါဝင်မယ်လို့ CEO Lei Jun ပြော

Under-Display Fingerprint နည်းပညာဟာ Apple နဲ့ Samsung ဖုန်းတွေမှာထည့်သွင်းဖို့ အသည်းအသန် ကြိုးစားနေတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ၎င်းနည်းပညာဟာတရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ရဲ့ X21UD နဲ့ X20 UD ဖုန်းမှာ ဦးဦးဖျားဖျားပထမဦးဆုံးပါဝင်လာခဲ့ပါတယ်။ ဒုတိယ အနေနဲ့ Huawei Mate RS မှာပါဝင်ခဲ့တာဖြစ်ပြီး တတိယမြောက်ဖုန်းကတော့ Apple လား Samsung လား ဝေခွဲမရဖြစ်နေတဲ့ အချိန်မှာ Xiaomi ကတော့ ၎င်းတို့ရဲ့ Flagship စမတ်ဖုန်းသစ်ဖြစ်လာမယ့် Mi 7 မှာပါဝင်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Xiaomi Mi 7 to Arrive with Under-Display Fingerprint Scanner, Confirms Xiaomi CEO Lei Jun

Xiaomi Mi 7 to Arrive with Under-Display Fingerprint Scanner, Confirms Xiaomi CEO Lei Jun

ဒီသတင်းဟာ Lei Jun ရဲ့ Weibo အကောင့်မှာ Comment အချင်းချင်းအပြန်အလှန်ပြောဆိုနေရာကနေထွက်လာတဲ့သတင်းဖြစ်ပါတယ်။ Xiaomi ရဲ့ Weibo အကောင့်ကနေ Mi Mix 2s ရဲ့ အတွင်းဖွဲ့စည်းမှု ပုံတွေကိုတင်ပေးခဲ့တာဖြစ်ပြီး အဲ့ Post အောက်က Comment Reply မှာ Lei Jon ကဖြေကြားခဲ့တာပါ။


မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ Mi 7 Plus ရဲ့ Firmware file ထဲမှာတော့ Under-Display Fingerprint Reader နဲ့ပတ်သက်တဲ့အချက်အလက်အချို့ပါဝင်နေကြောင်းသတင်းထွက်လာပါတယ်။ ဒါပေမယ့် Dipper လို့ Codename ပေးထားတဲ့ Mi 7 မှာတော့ အဆင့်မြင့် Biometric နည်းပညာတွေပါဝင်တာမတွေ့ရဘူးလို့ဆိုပါတယ်။ ဒါကြောင့် Xiaomi ဟာ Mi 7 နဲ့ Mi 7 Plus ဆိုပြီး Series နှစ်မျိုးနဲ့ထွက်လာဖွယ်ရှိပြီး Under-Display Fingerprint Reader ကတော့ Mi 7 Plus မှာသာ ပါဝင်ဖွယ်ရှိ 2018 ခုနှစ် June လလောက်မှာ တွေ့မြင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူအချို့ကဆိုပါတယ်။

Ref;Playfuldroid

Phone Hay Ko (Akhayar)

www.akhayar.com