[Zawgyi]

Mi Band 3 ကို 2018 ခုႏွစ္ June လထက္ေနာက္မက်ပဲေတြ႕ျမင္ရဖြယ္ရွိ

Mi Band 3 ကို သိပ္မၾကာခင္အခ်ိန္ကာလအတြင္း မိတ္ဆက္ေတာ့မယ္လို႔ Huami နည္းပညာကုမၸဏီရဲ႕ CEO က အတည္ျပဳလုိက္ၿပီျဖစ္ပါတယ္။ Mi Band ဆိုတာကေတာ့ ေစ်းႏႈန္းသက္သာတဲ့ က်န္းမာေရးအေထာက္အကူျပဳ လက္ပတ္နာရီငယ္ျဖစ္ၿပီး လက္မွာပတ္ထားရံုျဖင့္ ေသြးခုန္ႏႈန္း၊ လမ္းေလွ်ာက္ေျခလွမ္းမွတ္တမ္းနဲ႔ အိပ္စက္ခ်ိန္ေတြကို အေသးစိတ္မွတ္သားေပးႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Mi Band နဲ႔ Mi Band 2 ဆိုၿပီး Series ၂မ်ိဳးထုတ္လုပ္ခဲ့ၿပီးျဖစ္ပါတယ္။

Xiaomi ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈ ပါတနာတစ္ဦးလည္းျဖစ္သလို Industry Analyst အျဖစ္လူသိမ်ားတဲ့ Pan Jiutang ကေတာ့ Mi Band 3 ကိုေစာင့္ေမွ်ာ္ေနသူေတြအတြက္ လက္ခံသေဘာက်စရာ အခ်က္အလက္ေတြန႔ဲေအာက္ပါအတိုင္းေျပာၾကားခဲ့ပါတယ္။

Pan Jiutang ရဲ႕ေျပာၾကားခ်က္အရ Xiaomi အေနနဲ႔ Mi Band2 ကို 2016 ခုႏွစ္ June လအေစာပိုင္းေလာက္မွာမိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္၊ ဒါေၾကာင့္ Mi Band 3 ကိုလည္း ဒီႏွစ္အတြင္းမွာ ၆လပိုင္းထက္ေနာက္မက်ပဲေတြ႕ျမင္ရမွာျဖစ္ပါတယ္ လုိ႔ဆိုပါတယ္။ မၾကာေသးမီက ရရွိထားတဲ့ သတင္းေတြအရ Mi Band 3 ကို OLED Color Display ထည့္သြင္းတပ္ဆင္ထားမွာျဖစ္ၿပီး Gesture စနစ္ေတြလည္းပါဝင္မယ္လို႔သိရွိရပါတယ္။ အျခား Specification ေတြအေနနဲ႔ Mi Band 3 မွာ Bluetooth Version 4.2၊ ေျခလွမ္းတိုင္းတာသည့္စနစ္ (Pedometer)၊ ႏွလံုးခုန္ႏႈန္းတိုင္းတာသည့္စနစ္ (Herat Rate Sensor နဲ႔ ေသြးခုန္ႏႈန္း နဲ႔ Oxygen ပမာဏတိုင္းတာသည့္ Sensor မ်ားပါဝင္မယ္လို႔ေဖာ္ျပထားပါတယ္။

Ref;Playfuldroid

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Mi Band 3 ကို 2018 ခုနှစ် June လထက်နောက်မကျပဲတွေ့မြင်ရဖွယ်ရှိ

Mi Band 3 ကို သိပ်မကြာခင်အချိန်ကာလအတွင်း မိတ်ဆက်တော့မယ်လို့ Huami နည်းပညာကုမ္ပဏီရဲ့ CEO က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ Mi Band ဆိုတာကတော့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးအထောက်အကူပြု လက်ပတ်နာရီငယ်ဖြစ်ပြီး လက်မှာပတ်ထားရုံဖြင့် သွေးခုန်နှုန်း၊ လမ်းလျှောက်ခြေလှမ်းမှတ်တမ်းနဲ့ အိပ်စက်ချိန်တွေကို အသေးစိတ်မှတ်သားပေးနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Mi Band နဲ့ Mi Band 2 ဆိုပြီး Series ၂မျိုးထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

Xiaomi ရဲ့ ရင်းနှီးမြှုပ်နှံမှု ပါတနာတစ်ဦးလည်းဖြစ်သလို Industry Analyst အဖြစ်လူသိများတဲ့ Pan Jiutang ကတော့ Mi Band 3 ကိုစောင့်မျှော်နေသူတွေအတွက် လက်ခံသဘောကျစရာ အချက်အလက်တွေနဲ့အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

Pan Jiutang ရဲ့ပြောကြားချက်အရ Xiaomi အနေနဲ့ Mi Band2 ကို 2016 ခုနှစ် June လအစောပိုင်းလောက်မှာမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် Mi Band 3 ကိုလည်း ဒီနှစ်အတွင်းမှာ ၆လပိုင်းထက်နောက်မကျပဲတွေ့မြင်ရမှာဖြစ်ပါတယ် လို့ဆိုပါတယ်။ မကြာသေးမီက ရရှိထားတဲ့ သတင်းတွေအရ Mi Band 3 ကို OLED Color Display ထည့်သွင်းတပ်ဆင်ထားမှာဖြစ်ပြီး Gesture စနစ်တွေလည်းပါဝင်မယ်လို့သိရှိရပါတယ်။ အခြား Specification တွေအနေနဲ့ Mi Band 3 မှာ Bluetooth Version 4.2၊ ခြေလှမ်းတိုင်းတာသည့်စနစ် (Pedometer)၊ နှလုံးခုန်နှုန်းတိုင်းတာသည့်စနစ် (Herat Rate Sensor နဲ့ သွေးခုန်နှုန်း နဲ့ Oxygen ပမာဏတိုင်းတာသည့် Sensor များပါဝင်မယ်လို့ဖော်ပြထားပါတယ်။

Ref;Playfuldroid

Phone Hay Ko (Akhayar)

www.akhayar.com