
iPhone X Face ID



Mi 7 3D Face Scanner


Xiaomi Mi 7


Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi ကနေ ဒီနှစ်မှာ နှစ်စဉ်ထုတ်ပေးနေကြ Mi Series ဖုန်းတစ်ခုဖြစ်တဲ့ Mi 7 စမတ်ဖုန်းကို အခုအချိန်အထိ ဘယ်အချိန်မှာ Launch လုပ်မယ်ဆိုတာကို တရားဝင်ကြေညာခြင်းမရှိတာကို သတိထားမိကြမှာပါ။ အဲ့ဒါက Xiaomi ကနေ အခုအချိန်မှာ Feature အလန်းတစ်ခုကို ထည့်သွင်းဖို့အတွက် အချိန်ယူနေရတာလို့ ယူဆရပါတယ်။

iPhone X Face ID

အဲ့ဒီ Feature ကတော့ 3D Face Unlock စနစ်ဖြစ်လာမှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ ပထမဆုံး 3D Face Scanner ပါဝင်လာတဲ့ Android စမတ်ဖုန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ အခုအချိန်မှာ Apple ရဲ့ iPhone X တစ်ခုပဲ 3D Face ID ပါဝင်သေးတာဖြစ်တဲ့အတွက် တကယ်သာ Mi 7 မှာ 3D Face Scanning Feature ပါလာမယ်ဆိုရင် Android ဖုန်းတွေထဲမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာမှာပါ။

ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံအရတော့ Xiaomi Mi 7 က iPhone X နဲ့ တူညီတဲ့ 3D Face Scanning စနစ်ကို အသုံးပြုလာမယ့်ပုံမပေါ်ပါဘူး။ ဒါပေမယ့် Selfie Camera အပြင် ကြီးမားတဲ့ Infrared Camera ပါဝင်တာကို တွေ့ရတဲ့အတွက် iPhone X လိုမျိုးပဲ ညအမှောင်ထဲမှာပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။ IR Camera တင်ပါဝင်တာမဟုတ်ပဲ Secondary Selfie Camera ကိုလည်း တပ်ဆင်ထားတာကို တွေ့ခဲ့ရပါသေးတယ်။

Mi 7 3D Face Scanner

Xiaomi Mi 7 စမတ်ဖုန်းက Android ဖုန်းတွေထဲမှာ Flagship တွေလိုမျိုး မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိလာမှာဖြစ်ပြီးတော့ Qualcomm Snapdragon 845 Processor ၊ RAM 8GB အပြင် Storage ကလည်း 256GB အထိပါဝင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါ့အပြင် Wireless Charging စနစ်နဲ့ Water Resistant လို Features အသစ်တွေလည်း ပါဝင်လာမှာပါ။

Xiaomi Mi 7

ဘာပဲဖြစ်ဖြစ် Apple iPhone X ထွက်တုန်းက Face ID စနစ်ကို လိုက်မှီဖို့ Android ဖုန်းတွေအနေနဲ့ ၂ နှစ်လောက် ကြိုးစားရမယ်ဆိုတာကို Xiaomi က ချိုးဖျက်လိုက်တော့မယ့်ပုံပါပဲ။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com