[Zawgyi]

၂၀၁၈ ရဲ႕လူသံုးအမ်ားဆံုး Xiaomi ဖုန္းျဖစ္လာႏိုင္တဲ့ Mi 6X

Xiaomi ကုမၸဏီဟာ Mi 6X ကိုမေန႔က (၂၅.၄.၂၀၁၈)မွာမိတ္ဆက္ေပးခဲ့ပါတယ္။ Design ကေတာ့ အားလံုးခန္႔မွန္းခဲ့သလို Redmi Note 5 နဲ႔ဆင္တူပါတယ္။ ေကာင္းသတင္းလို႔ပဲေျပာရမလား… Mi 6X ကို Mediatek Helio P60 Chipset နဲ႔ထုတ္မယ္ဆိုတဲ့သတင္းဟာ မွန္ကန္မႈမရွိပဲ Snapdragon 660 Series နဲ႔ထုတ္ေပးခဲ့ပါတယ္။ မႏွစ္က Mi 5X တုန္းကလည္းအေတာ္ကို ေအာင္ျမင္မႈရခဲ့တာေၾကာင့္ သူ႔ရဲ႕ ေနာက္ဆက္တြဲ ေမာ္ဒယ္ ျဖစ္တဲ့ Mi 6X ဟာ စမတ္ဖုန္းအသိုင္းအဝိုင္းမွာ စိတ္ဝင္စားမႈအခံရဆံုးစမတ္ဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။

Design ပိုင္းမွာေတာ့ Mi 5x နဲ႔ကြာတာဆိုလို႔ ဒါင္လိုက္ျဖစ္သြားတဲ့ Camera နဲ႔ ေအာက္ဘက္က နားၾကပ္ေပါက္ေနရာမပါဝင္ေတာ့ပဲ Dual Speaker ပံုစံေလးျဖစ္သြားပါတယ္။ ေရွ႕မ်က္ႏွာျပင္ကေတာ့ 18:9 Ratio ျဖစ္သြားပါတယ္။ ဒါေပမယ့္ Notch ေတာ့ပါဝင္လာျခင္းမရွိေသးပါဘူး။ Body ကေတာ့ Metal Type ပဲျဖစ္ပါတယ္။

Display 5.99 လက္မ ရိွျပီး IPS LCD အမ်ိဳးအစားကိုပဲအသံုးျပဳထားပါတယ္။ Resolution ကေတာ့ Full HD+ (2160 x 1080 Pixels) ျဖစ္သြားတာေၾကာင့္ Mi 5x ထက္ အနည္းငယ္ပိုၾကည့္ေကာင္းႏိုင္ပါတယ္။

Camera
Mi 6X ရဲ႕ အဓိက Key Feature ပါပဲ။
အေနာက္ဘက္က Dual Camera မွာ 20 Megapixels နဲ႔ 12 Megapixels ပါဝင္ၿပီး အသံုးျပဳထားတဲ့ Sensors ေတြကေတာ့ Sony IMX486 နဲ႔ Sony IMX376 တို႔ ျဖစ္ပါတယ္။ Aperture က ႏွစ္ခုလံုး f/1.75 ရွိပါတယ္။ Secondary Lens က Telephoto ျဖစ္ၿပီး 2x Loseless Zoom နဲ႔ ပံုရိပ္ေတြကို ရိုက္ကူးႏိုင္မွာျဖစ္သလို အေရွ႕ဘက္ Selfie Camera ကေတာ့ 20 Megapixels ရွိၿပီး Sony IMX376 Sensor နဲ႔ Aperture အေနနဲ႔ f1.8 ရွိပါတယ္။ Selfie Camera ကို Megapixels ျမင့္ျမင့္ သံုးထားေပမယ့္ Selfie Light ေတာ့ ထည့္သြင္းေပးထားျခင္းမရွိပါဘူး။။ ဒါေပမယ့္ AI နည္းပညာထည့္သြင္းေပးထားတာေၾကာင့္ Dual Camera နဲ႔ရိုက္သလိုမ်ိဳး Portrait Selfie ပံုေတြကို ဖန္တီးေပးသြားမွာျဖစ္ပါတယ္။။ ၿပီးေတာ့ Face Unlock စနစ္လည္းပါဝင္ပါတယ္(ဒါကေတာ့ သိပ္မထူးဆန္းပါဘူး)

Battery ကေတာ့ 3010 mAh ပဲပါဝင္ၿပီး Quick Charge 3.0 ကို Support လုပ္တာေၾကာင့္ မိနစ္ 30 (နာရီဝက္) အတြင္း 50% ထိ အားသြင္းႏိုင္တယ္လို႔ ဆုိပါတယ္။ ဒါေပမယ့္ Quick Charge Charger ကိုေတာ့ သီးသန္႔ဝယ္ဖို႔လိုမယ့္ပံုပါပဲ။

Performance ပိုင္းမွာေတာ့ Mi Note 3 နဲ႔အတူတူေလာက္ရွိမယ္လို႔ေမွ်ာ္လင့္မိပါတယ္။။ Mi 6X ဟာ Internet သံုး၊ ဂိမ္းေဆာ့ နဲ႔ ဓါတ္ပံုရိုက္ဖို႔ေလာက္အတြက္ဆိုရင္ေတာ့ ေကာင္းေကာင္းႀကီးအဆင္ေျပပါတယ္။ သူ႔ရဲ႕ အဓိက Feature ကေတာ့ Camera ပိုင္းျဖစ္တာေၾကာင့္ Selfier ေတြေရာ Photograp့er ေတြအတြက္ပါ မ်က္စိက်စရာပါ။ Performance ပိုင္းအရ Mi 5X သံုးဖူးတဲ့သူဆိုရင္ Mi 6X က ၂ဆနီးပါးပိုေကာင္းတဲ့ အေတြ႕အႀကံဳကိုေပးစြမ္းႏိုင္ပါလိမ့္မယ္။ အကယ္၍ Mi 6X သာ ျမန္မာျပည္ကိုဝင္လာၿပီဆိုရင္ေတာ့ Myanmar Mi Fans ေတြရဲ႕ အသည္းစြဲစမတ္ဖုန္းတစ္လံုးျဖစ္လာႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က Mi 6X ဟာ Global Version အျဖစ္ Mi A2 အမည္နဲ႔ထြက္လာမွာပါ။ Mi A1 နဲ႔ Mi 5X ေလးအတြက္ေတာ့ စိတ္မေကာင္းစရာေပါ့ ….

ေစ်းႏႈန္း

Xiaomi က ေျကျငာခဲ့တဲ့ Mi 6x ရဲ႔ ေစ်းႏႈန္းကေတာ့

– RAM 4 GB နဲ႔ Internal Memory 64 GB ကို
တ႐ုတ္ေငြ 1599 ယြမ္ (ျမန္မာေငြ 3 သိန္း 4 ေသာင္း ဝန္းက်င္)

– RAM 6 GB နဲ႔ Internal Memory 64 GB ကို
တ႐ုတ္ေငြ 1799 ယြမ္ (ျမန္မာေငြ 3 သိန္း 8 ေသာင္း ဝန္းက်င္) နဲ႔

-RAM 6 GB နဲ႔ Internal Memory 128 GB ကို
တ႐ုတ္ေငြ 1999 ယြမ္ (ျမန္မာေငြ 4 သိန္း 3 ေသာင္း ဝန္းက်င္) အသီးသီးက်သင့္မွာျဖစ္ၿပီး ျမန္မာျပည္တြင္းေစး်ကြက္မွာေတာ့ ေစ်းႏႈန္းအနည္းငယ္ကြာဟႏိုင္ပါတယ္။
ကဲ ကိုယ့္ခ်စ္ရတဲ့သူေတြကို ဝယ္ေပးဖို႔စိတ္ကူးေနၿပီလား၊ ဒါမွမဟုတ္ သူတို႔ကို ဝယ္ေပးခိုင္းဖို႔စဥ္းစားေနၿပီလား…. သူငယ္ခ်င္းေတြသိေအာင္ ေဝမွ်ေပးႏိုင္ပါတယ္။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၂၀၁၈ ရဲ့လူသုံးအများဆုံး Xiaomi ဖုန်းဖြစ်လာနိုင်တဲ့ Mi 6X

Xiaomi ကုမ္ပဏီဟာ Mi 6X ကိုမနေ့က (၂၅.၄.၂၀၁၈)မှာမိတ်ဆက်ပေးခဲ့ပါတယ်။ Design ကတော့ အားလုံးခန့်မှန်းခဲ့သလို Redmi Note 5 နဲ့ဆင်တူပါတယ်။ ကောင်းသတင်းလို့ပဲပြောရမလား… Mi 6X ကို Mediatek Helio P60 Chipset နဲ့ထုတ်မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိပဲ Snapdragon 660 Series နဲ့ထုတ်ပေးခဲ့ပါတယ်။ မနှစ်က Mi 5X တုန်းကလည်းအတော်ကို အောင်မြင်မှုရခဲ့တာကြောင့် သူ့ရဲ့ နောက်ဆက်တွဲ မော်ဒယ် ဖြစ်တဲ့ Mi 6X ဟာ စမတ်ဖုန်းအသိုင်းအဝိုင်းမှာ စိတ်ဝင်စားမှုအခံရဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။

Design ပိုင်းမှာတော့ Mi 5x နဲ့ကွာတာဆိုလို့ ဒါင်လိုက်ဖြစ်သွားတဲ့ Camera နဲ့ အောက်ဘက်က နားကြပ်ပေါက်နေရာမပါဝင်တော့ပဲ Dual Speaker ပုံစံလေးဖြစ်သွားပါတယ်။ ရှေ့မျက်နှာပြင်ကတော့ 18:9 Ratio ဖြစ်သွားပါတယ်။ ဒါပေမယ့် Notch တော့ပါဝင်လာခြင်းမရှိသေးပါဘူး။ Body ကတော့ Metal Type ပဲဖြစ်ပါတယ်။

Display 5.99 လက်မ ရှိပြီး IPS LCD အမျိုးအစားကိုပဲအသုံးပြုထားပါတယ်။ Resolution ကတော့ Full HD+ (2160 x 1080 Pixels) ဖြစ်သွားတာကြောင့် Mi 5x ထက် အနည်းငယ်ပိုကြည့်ကောင်းနိုင်ပါတယ်။

Camera
Mi 6X ရဲ့ အဓိက Key Feature ပါပဲ။
အနောက်ဘက်က Dual Camera မှာ 20 Megapixels နဲ့ 12 Megapixels ပါဝင်ပြီး အသုံးပြုထားတဲ့ Sensors တွေကတော့ Sony IMX486 နဲ့ Sony IMX376 တို့ ဖြစ်ပါတယ်။ Aperture က နှစ်ခုလုံး f/1.75 ရှိပါတယ်။ Secondary Lens က Telephoto ဖြစ်ပြီး 2x Loseless Zoom နဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာဖြစ်သလို အရှေ့ဘက် Selfie Camera ကတော့ 20 Megapixels ရှိပြီး Sony IMX376 Sensor နဲ့ Aperture အနေနဲ့ f1.8 ရှိပါတယ်။ Selfie Camera ကို Megapixels မြင့်မြင့် သုံးထားပေမယ့် Selfie Light တော့ ထည့်သွင်းပေးထားခြင်းမရှိပါဘူး။။ ဒါပေမယ့် AI နည်းပညာထည့်သွင်းပေးထားတာကြောင့် Dual Camera နဲ့ရိုက်သလိုမျိုး Portrait Selfie ပုံတွေကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။။ ပြီးတော့ Face Unlock စနစ်လည်းပါဝင်ပါတယ်(ဒါကတော့ သိပ်မထူးဆန်းပါဘူး)

Battery ကတော့ 3010 mAh ပဲပါဝင်ပြီး Quick Charge 3.0 ကို Support လုပ်တာကြောင့် မိနစ် 30 (နာရီဝက်) အတွင်း 50% ထိ အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Quick Charge Charger ကိုတော့ သီးသန့်ဝယ်ဖို့လိုမယ့်ပုံပါပဲ။

Performance ပိုင်းမှာတော့ Mi Note 3 နဲ့အတူတူလောက်ရှိမယ်လို့မျှော်လင့်မိပါတယ်။။ Mi 6X ဟာ Internet သုံး၊ ဂိမ်းဆော့ နဲ့ ဓါတ်ပုံရိုက်ဖို့လောက်အတွက်ဆိုရင်တော့ ကောင်းကောင်းကြီးအဆင်ပြေပါတယ်။ သူ့ရဲ့ အဓိက Feature ကတော့ Camera ပိုင်းဖြစ်တာကြောင့် Selfier တွေရော Photograp့er တွေအတွက်ပါ မျက်စိကျစရာပါ။ Performance ပိုင်းအရ Mi 5X သုံးဖူးတဲ့သူဆိုရင် Mi 6X က ၂ဆနီးပါးပိုကောင်းတဲ့ အတွေ့အကြုံကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ အကယ်၍ Mi 6X သာ မြန်မာပြည်ကိုဝင်လာပြီဆိုရင်တော့ Myanmar Mi Fans တွေရဲ့ အသည်းစွဲစမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က Mi 6X ဟာ Global Version အဖြစ် Mi A2 အမည်နဲ့ထွက်လာမှာပါ။ Mi A1 နဲ့ Mi 5X လေးအတွက်တော့ စိတ်မကောင်းစရာပေါ့ ….

ဈေးနှုန်း

Xiaomi က ကြေငြာခဲ့တဲ့ Mi 6x ရဲ့ ဈေးနှုန်းကတော့

– RAM 4 GB နဲ့ Internal Memory 64 GB ကို
တရုတ်ငွေ 1599 ယွမ် (မြန်မာငွေ 3 သိန်း 4 သောင်း ဝန်းကျင်)

– RAM 6 GB နဲ့ Internal Memory 64 GB ကို
တရုတ်ငွေ 1799 ယွမ် (မြန်မာငွေ 3 သိန်း 8 သောင်း ဝန်းကျင်) နဲ့

-RAM 6 GB နဲ့ Internal Memory 128 GB ကို
တရုတ်ငွေ 1999 ယွမ် (မြန်မာငွေ 4 သိန်း 3 သောင်း ဝန်းကျင်) အသီးသီးကျသင့်မှာဖြစ်ပြီး မြန်မာပြည်တွင်းစေးျကွက်မှာတော့ ဈေးနှုန်းအနည်းငယ်ကွာဟနိုင်ပါတယ်။
ကဲ ကိုယ့်ချစ်ရတဲ့သူတွေကို ဝယ်ပေးဖို့စိတ်ကူးနေပြီလား၊ ဒါမှမဟုတ် သူတို့ကို ဝယ်ပေးခိုင်းဖို့စဉ်းစားနေပြီလား…. သူငယ်ချင်းတွေသိအောင် ဝေမျှပေးနိုင်ပါတယ်။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။