[Zawgyi] 

Flagship ဖုန္းဆိုတာကို စဥ္းစားလိုက္ရင္ ေစ်းသက္သာတဲ့ဖုန္းကိုရွာဖို႔က ေတာ္ေတာ္ခက္ေနတုန္းပါပဲ။ Flagship ဖုန္းတစ္လံုးမွာဆိုရင္ အေကာင္းဆံုး Processor နဲ႔ အျမန္ဆံုး Performance မ်ိဳးကို ေမွ်ာ္လင့္ၾကတာပါ။ အဲ့ဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ Xiaomi နဲ႔ OnePlus လို ကုမၸဏီေတြက တန္ဖိုးသင့္ Flagship ဖုန္းေတြကို ႏွစ္တိုင္းလိုလိုထုတ္ျပလာခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ Flagship ဖုန္းေတြအားလံုးနီးပါးက $1000 ပတ္ဝန္းက်င္ေတြျဖစ္လာတာေၾကာင့္ OnePlus လို $500 ဝန္းက်င္ဖုန္းေတြက ေစ်းသက္သာတယ္လို႔ေျပာလို႔ရလာတာပါ။ 

Pocophone F1 in Steel Blue

အခုေတာ့ Xiaomi က သူတို႔ရဲ႕ Flaghip ဖုန္းေတြျဖစ္တဲ့ Mi Series ေတြထက္ ပိုေစ်းသက္သာတဲ့ Flagship Level ဖုန္းေတြကို POCO နာမည္နဲ႔ မိတ္ဆက္လိုက္ပါၿပီ။ POCO ကေတာ့ Xiaomi ရဲ႕ Brand အခြဲျဖစ္ၿပီး ေစ်းသက္သာတဲ့ ဖုန္းေတြကို Flaship Porcessor ေတြနဲ႔ထုတ္ေပးမယ့္ Brand အျဖစ္စတင္ေနတာေတြ႕ရပါတယ္။ ပထမဦးဆံုးဖုန္းအေနနဲ႔ POCO F1 ကိုမိတ္ဆက္ေပးလိုက္ၿပီး Qualcomm Snapdragon 845 နဲ႔ RAM 6GB ကိုသံုးေပးထားပါတယ္။ Storage အေနနဲ႔ေတာ့ 64GB ၊ 128GB နဲ႔ 256GB အထိ သံုးမ်ိဳးေ႐ြးဝယ္လို႔ရႏုိင္မွာျဖစ္ၿပီး 256GB မွာေတာ့ RAM 8GB ထည့္ေပးထာတာေတြ႕ရပါတယ္။ Performance ေကာင္းေကာင္းရဖို႔အတြက္ ေသခ်ာလုပ္ေပးထားတာေၾကာင့္ LiquidCool လို နည္းပညာကိုလည္း SoC အတြက္ ထည့္ေပးထားပါေသးတယ္။ Battery ကေတာ့ 4000mAh ပါဝင္မွာျဖစ္ၿပီး Qualcomm Quick Charge 3.0 ေၾကာင့္ အၾကာႀကီးအားသြင္းစရာလိုမွာမဟုတ္ပါဘူး။ 

POCO F1

ဒါေပမယ့္ ဒီ POCO F1 က ေစ်းသက္သာေနတာေၾကာင့္ အားနည္းခ်က္ေတြ ရွိေနပါေသးတယ္။ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတဲ့အခ်က္ေတြကို ဒီဖုန္းမွာ ေတြ႕ရမွာမဟုတ္ပါဘူး။ Display ဆိုရင္ Full HD+ LCD Display ကိုပဲ သံုးေပးထားၿပီး 6.18 Inch ရွိပါတယ္။ Notch ပါဝင္မွာျဖစ္ၿပီး Notch ထဲမွာေတာ့ Sensor ေတြနဲ႔အတူ 20MP Selfie Camera ပါဝင္ပါတယ္။ ေနာက္ေက်ာဖက္မွာေတာ့ 12MP နဲ႔ 5MP Dual Camera ကိုတပ္ဆင္ေပးထားၿပီး ေအာက္ဖက္မွာေတာ့ Fingerprint Scanner ကိုထည့္ေပးထားတာကို ေတြ႕ရပါတယ္။ Design ပိုင္းမွာေတာ့သပ္သပ္ရပ္ရပ္ရွိေပမယ့္ ေတြ႕ေနၾက Flagship ဖုန္းေတြမွာလို Glass Body နဲ႔ 3D Face Unlock လို Feature ေတြကို ဒီဖုန္းမွာ ေတြ႕ရမွာမဟုတ္ပါဘူး။ တန္ဖိုးနည္းဖုန္းျဖစ္တာေၾကာင့္ Premium Build Quality ကိုေတာ့ ဒီဖုန္းမွာ ေတြ႕ရဖို႔မျဖစ္ႏုိင္တာပါ။ 

POPocophone F1 ကိုေတာ့ Graphite Black ၊ Steel Blue နဲ႔ Rosso Red ဆိုၿပီး ေတြ႕ရမွာျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးအေနနဲ႔ Armoured Edition ကေတာ့ Kevlar ဆိုတဲ့ Caron Fire လို အသားကို လက္ထဲကိုင္တဲ့အခ်ိန္ၿမဲေနေစဖို႔နဲ႔ အပြန္းအစင္းဒဏ္ခံႏိုင္ေစဖို႔ ေနာက္ေက်ာက္ဖက္မွာ သံုးေပးထားပါတယ္။ Software ကိုေတာ့ MIUI ပဲ သံုးေပးထားၿပီး Android Oreo နဲ႔ပဲ ရႏိုင္ဦးမွာပါ။ Android Pie ကို Update ေပးလာမလားဆိုတာကိုေတာ့ ေၾကျငာထားတာမ်ိဳး မရွိေသးပါဘူး။ ျမန္မာႏုိင္ငံကိုလည္း မၾကာခင္ဝင္ေရာက္လာႏိုင္မယ္လိို႔ ေမွ်ာ္လင့္ရၿပီး ခန္႔မွန္းေစ်းကေတာ့ ငါးသိန္းဝန္းက်င္ရွိႏိုင္ပါတယ္။

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Qualcomm Snapdragon 845 သုံးထားတဲ့ $300 တန် POCO F1 ကို Xiaomi ထုတ်ပြပြီ

Flagship ဖုန်းဆိုတာကို စဉ်းစားလိုက်ရင် ဈေးသက်သာတဲ့ဖုန်းကိုရှာဖို့က တော်တော်ခက်နေတုန်းပါပဲ။ Flagship ဖုန်းတစ်လုံးမှာဆိုရင် အကောင်းဆုံး Processor နဲ့ အမြန်ဆုံး Performance မျိုးကို မျှော်လင့်ကြတာပါ။ အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာ Xiaomi နဲ့ OnePlus လို ကုမ္ပဏီတွေက တန်ဖိုးသင့် Flagship ဖုန်းတွေကို နှစ်တိုင်းလိုလိုထုတ်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Flagship ဖုန်းတွေအားလုံးနီးပါးက $1000 ပတ်ဝန်းကျင်တွေဖြစ်လာတာကြောင့် OnePlus လို $500 ဝန်းကျင်ဖုန်းတွေက ဈေးသက်သာတယ်လို့ပြောလို့ရလာတာပါ။ 

Pocophone F1 in Steel Blue

အခုတော့ Xiaomi က သူတို့ရဲ့ Flaghip ဖုန်းတွေဖြစ်တဲ့ Mi Series တွေထက် ပိုဈေးသက်သာတဲ့ Flagship Level ဖုန်းတွေကို POCO နာမည်နဲ့ မိတ်ဆက်လိုက်ပါပြီ။ POCO ကတော့ Xiaomi ရဲ့ Brand အခွဲဖြစ်ပြီး ဈေးသက်သာတဲ့ ဖုန်းတွေကို Flaship Porcessor တွေနဲ့ထုတ်ပေးမယ့် Brand အဖြစ်စတင်နေတာတွေ့ရပါတယ်။ ပထမဦးဆုံးဖုန်းအနေနဲ့ POCO F1 ကိုမိတ်ဆက်ပေးလိုက်ပြီး Qualcomm Snapdragon 845 နဲ့ RAM 6GB ကိုသုံးပေးထားပါတယ်။ Storage အနေနဲ့တော့ 64GB ၊ 128GB နဲ့ 256GB အထိ သုံးမျိုးရွေးဝယ်လို့ရနိုင်မှာဖြစ်ပြီး 256GB မှာတော့ RAM 8GB ထည့်ပေးထာတာတွေ့ရပါတယ်။ Performance ကောင်းကောင်းရဖို့အတွက် သေချာလုပ်ပေးထားတာကြောင့် LiquidCool လို နည်းပညာကိုလည်း SoC အတွက် ထည့်ပေးထားပါသေးတယ်။ Battery ကတော့ 4000mAh ပါဝင်မှာဖြစ်ပြီး Qualcomm Quick Charge 3.0 ကြောင့် အကြာကြီးအားသွင်းစရာလိုမှာမဟုတ်ပါဘူး။ 

POCO F1

ဒါပေမယ့် ဒီ POCO F1 က ဈေးသက်သာနေတာကြောင့် အားနည်းချက်တွေ ရှိနေပါသေးတယ်။ Flagship ဖုန်းတော်တော်များများမှာ တွေ့ရတဲ့အချက်တွေကို ဒီဖုန်းမှာ တွေ့ရမှာမဟုတ်ပါဘူး။ Display ဆိုရင် Full HD+ LCD Display ကိုပဲ သုံးပေးထားပြီး 6.18 Inch ရှိပါတယ်။ Notch ပါဝင်မှာဖြစ်ပြီး Notch ထဲမှာတော့ Sensor တွေနဲ့အတူ 20MP Selfie Camera ပါဝင်ပါတယ်။ နောက်ကျောဖက်မှာတော့ 12MP နဲ့ 5MP Dual Camera ကိုတပ်ဆင်ပေးထားပြီး အောက်ဖက်မှာတော့ Fingerprint Scanner ကိုထည့်ပေးထားတာကို တွေ့ရပါတယ်။ Design ပိုင်းမှာတော့သပ်သပ်ရပ်ရပ်ရှိပေမယ့် တွေ့နေကြ Flagship ဖုန်းတွေမှာလို Glass Body နဲ့ 3D Face Unlock လို Feature တွေကို ဒီဖုန်းမှာ တွေ့ရမှာမဟုတ်ပါဘူး။ တန်ဖိုးနည်းဖုန်းဖြစ်တာကြောင့် Premium Build Quality ကိုတော့ ဒီဖုန်းမှာ တွေ့ရဖို့မဖြစ်နိုင်တာပါ။ 

POPocophone F1 ကိုတော့ Graphite Black ၊ Steel Blue နဲ့ Rosso Red ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ Armoured Edition ကတော့ Kevlar ဆိုတဲ့ Caron Fire လို အသားကို လက်ထဲကိုင်တဲ့အချိန်မြဲနေစေဖို့နဲ့ အပွန်းအစင်းဒဏ်ခံနိုင်စေဖို့ နောက်ကျောက်ဖက်မှာ သုံးပေးထားပါတယ်။ Software ကိုတော့ MIUI ပဲ သုံးပေးထားပြီး Android Oreo နဲ့ပဲ ရနိုင်ဦးမှာပါ။ Android Pie ကို Update ပေးလာမလားဆိုတာကိုတော့ ကြေငြာထားတာမျိုး မရှိသေးပါဘူး။ မြန်မာနိုင်ငံကိုလည်း မကြာခင်ဝင်ရောက်လာနိုင်မယ်လို့ မျှော်လင့်ရပြီး ခန့်မှန်းဈေးကတော့ ငါးသိန်းဝန်းကျင်ရှိနိုင်ပါတယ်။

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။