
Apple AirPods


Xiaomi AirPods


Xiaomi AirPods


Ref : GizmoChina

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Apple ရဲ့ AirPods နဲ့ နာမည်တူညီတဲ့ AirDots Wireless Earphone တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Earphones တွေက နာမည်အရတော့ Apple AirPods တွေနဲ့ တူညီတယ်ဆိုပေမယ့် ဒီဇိုင်းအရတော့ တူညီခြင်းမရှိပါဘူး။

Apple AirPods

ဒါပေမယ့်အခုအချိန်မှာတော့ Xiaomi က Apple ရဲ့ AirPods ကို တိုက်ရိုက်ကူးချထားတာလို့ ပြောလို့ရတဲ့ ဒီဇိုင်းနဲ့ Wireless Earphone တစ်ခုကို ထုတ်တော့မယ့်ပုံစံပါပဲ။ အခုသတင်းကို FCC Certification တွေအရ သိရှိခဲ့တာဖြစ်ပြီးတော့ ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

Xiaomi AirPods

အခုဓါတ်ပုံတွေအရ Xiaomi က AirPods လိုမျိုး Charging Case ပါ တူညီအောင်ပြုလုပ်ထားပြီးတော့ မတူညီတာဆိုလို့ Eartips တွေမှာ Silicon ပါလာတာနဲ့ Charging Case က USB-C ကို အသုံးပြုထားတာပဲရှိပါတယ်။

Xiaomi AirPods

အခု Xiaomi Wireless Earphone တွေက Bluetooth 4.2 ကိုအသုံးပြုထားပြီးတော့ အားအပြည့်သွင်းထားရင် ၃ နာရီခန့်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case ကြောင့် နောက်ထပ် ၁၀ နာရီလောက် ထပ်ပြီးနားထောင်နိုင်မယ်လို့ သိရပါတယ်။

Ref : GizmoChina

Zawyè (Akhayar) 

www.akhayar.com