[Zawgyi] 
Qin
Black and White Qin
Battery and Internals
Ref: GSM Arena
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
USB-C ပါတဲ့ ဒေါ်လာ ၃၀ တန်ဖုန်းကို Xiaomi က ရောင်းတော့မယ်
အခုလို အချိန်မှာ Keypad ဖုန်းကိုဝယ်ချင်သူတွေ နည်းနေပါပြီ။ အလုပ်အတွက်လိုအပ်လို့ သုံးမယ်ဆိုရင်တောင် ဈေးသက်သာတဲ့ Android ဖုန်း တွေကိုပဲ ပိုစဉ်းစားဖြစ်လာကြပါတယ်။ Featured ဖုန်းတွေက Screen သေးတာ၊ စာရိုက်ရတာ အခက်အခဲရှိတာ၊ Camera တွေပါပေမယ့် အသုံးမဝင်တာမျိုးတွေကြောင့် ဈေးကွက်ထဲမှာ နေရာမရတော့တာပါ။ ဒါပေမယ့် လက်ရှိ Android ဖုန်းတွေနဲ့ယှဉ်ရင်လည်း Featured ဖုန်းတွေက အားသာချက်တွေ ရှိနေပါသေးတယ်။ 
Qin
Xiaomi ကတော့ Featured ဖုန်းအတွက် လက်မလျှော့သေးပါဘူး။ Android ဖုန်းတွေအများကြီးထုတ်ပြီး ဈေးကွက်ထဲမှာလူသိများတဲ့ ကုမ္ပဏီအနေနဲ့ အခုလို Featured ဖုန်းကို ထုတ်လာလိမ့်မယ်လို့ မှျှော်လင့်မထားကြပါဘူ။ ဈေးကွက်လိုအပ်ချက်အရဆိုတာထက် Crowdfunding လုပ်ပြီး Xiaomi ကထုတ်ပေးထားတဲ့ ဖုန်းပါ။ Qin လို့နာမည်ပေးထားပြီး Dual Sim Support ပေးတဲ့ 4G ဖုန်းတွေပါ။ ဒီဖုန်းကို စိတ်ဝင်စားသူပေါင်း ၂၃၀၀၀ ကျော်ကြောင့် Project ကို စတင်ခဲ့တာပါ။ မှာယူသူများပြားတာကြောင့် စုစုပေါင်း အော်ဒါတန်ဖိုး တရုတ်ယွမ် ၆.၅ မီလီယမ်အထိ ရှိခဲ့ပါတယ်။ 
Black and White Qin
Qin (ချင်း) ဆိုတဲ့ နာမည်ကတော့ တရုတ်စကားလုံးပဲဖြစ်ပြီး နာမည်ကြီး တရုတ်ခေတ်တစ်ခုရဲ့နာမည်ကို ယူထားတာပဲဖြစ်ပါတယ်။ ဖုန်းတွေကတော့ 240×320 Resolution ရှိတဲ့ 2.8 Inch Screen နဲ့ Keypad ပါပါတယ်။ Dual SIM Support ပေးပေမယ့် GPS နဲ့ LTE ကိုတော့ သုံးလို့ရမှာမဟုတ်ပါဘူး။ အဲ့ဒီအစား Wi-Fi နဲ့ Bluetooth 4.2 ကို ထည့်ပေးထားပါတယ်။ Qin 1 နဲ့ Qin 1s ဆိုပြီး Model နှစ်မျိုးထုတ်ထားပါတယ်။ Qin 1 မှာတော့ MediaTek MT6260A Chipset ၊ ARM7 CPU နဲ့အတူ 8MB RAM ၊ 16MB Storage တို့ပါဝင်ပါတယ်။ Featured ဖုန်းတစ်လုံးအတွက်တော့ လုံလောက်တဲ့ Storage နဲ့ RAM ပါပဲ။
Battery and Internals
Qin 1s ကတော့ Spreadtrum SC9820 Chipset ၊Cortex-A53 နဲ့အတူ 256RAM ၊ 512MP Storage နဲ့လာပါတယ်။ VoLTE ၊ GPS ၊ Wi-Fi နဲ့ Bluetooth 4.2 ပါဝင်ပါတယ်။ Model နှစ်ခုလုံးမှာ USC-C ကိုသုံးပေးထားတာကြောင့် သင့်မှာ USB-C ဖုန်းရှိပြီးသားဆိုရင် အားသွင်းကြိုး သပ်သပ်ထပ်သယ်နေစရာမလိုတော့ပါဘူး။ Featrued ဖုန်းကို USB-C တပ်ပေးထားတာကတော့ တော်တော်လေး သဘောကျစရာကောင်းတဲ့အချက်ပါ။ Battery ကလည်း 1480mAh ပါတာကြောင့် အားအပြည့်တစ်ခါသွင်းထားရင် ၁၅ ရက်လောက်တော့ ကောင်းကောင်းသုံးလို့ရမှာပါ။ Speaker ကိုလည်း အောက်ဖက်မှာ ထားပေးထားပေမယ့် 3.5mm Headphone Port တော့မပါပါဘူး။ ဈေးကလည်း မြန်မာငွေ ငါးသောင်းဝန်းကျင်ပဲရှိတာကြောင့် သဘောကျချင်စရာဖုန်းတွေဆိုရင်မမှားပါဘူး။ Camera တွေလည်း မပါဝင်တာကြောင့် ဖုန်းအဝင်အထွက်ပဲသုံးမယ်၊ Battery အကြာကြီးအသုံးခံမယ်၊ သယ်သွားရတာလွယ်တယ်ဆိုတဲ့အချက်တွေက လူအများသဘောကျမယ့် အချက်တွေဖြစ်တာကြောင့် ဈေးကွက်ထဲမှာ နေရာရနိုင်ဦးမယ့် ဖုန်းတွေပါပဲ။
Ref: GSM Arena
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။