AnTuTu Score ကို ချိုးဖျက်နိုင်ခဲ့တဲ့ Demon King ကို ဆွဲဆောင်မှုရှိတဲ့ 3D Finished Glass ဒီဇိုင်း၊ You All Know အချက်လက်တွေနဲ့ Xiaomi မိတ်ဆက်သွားပါပြီ။ Flagship Killer ဆိုတဲ့အတိုင်း Price to Performance ကို ထက်ဝက်ချိုးချထားပြီး တကယ့် အလန်းစား Hardware တွေနဲ့ ထွက်ရှိလာလို့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေမယ်ထင်ပါတယ်။

ဒီနေရာမှာ Redmi K20 နဲ့ K20 Pro မော်ဒယ် ၂ မျိုးကြေညာ လိုက်တာဖြစ်ပြီး အဓိက ကွာသွားတဲ့နေရာက K20 မှာ Snapdragon 730 (8nm) Processor ဖြစ်သွားမယ်၊ Fast Charging ကို 18W လျှော့လိုက်တာကလွဲလို့ K20 Pro နဲ့ အတူတူပါပဲ။

Photo: Tehnot

ဒီလိုဆိုတော့ Demon King ရဲ့ ထူးခြားချက်တွေကို Display ပိုင်းကစပြောရမယ်ဆိုရင် မော်ဒယ် ၂ မျိုးလုံမှား 6.39″ ရှိတဲ့ OLED Panel အသုံးပြုထားတာဖြစ်ပြီး 7th Generation UD Fingerprint Scanner ပါဝင်လာမှာဖြစ်ပါတယ်။ Resolution ကလည်း Full HD+ (19.5:9 Ratio) ရှိတာဆိုတော့ K20 အတွက်လည်း ရှယ်ပဲပေါ့နော်။

K20 Pro မှာတော့ Snapdragon 855 Processor အသုံးပြုထားမှာဖြစ်ပြီး 6GB/128GB ဒါမှမဟုတ် 8GB/256GB ဆိုပြီးတော့ ရွေးချယ်နိုင်ဦးမှာပါ။ သိထားတဲ့အတိုင်း 855 SoC စသုံးတဲ့ Redmi စမတ်ဖုန်း ဆိုပေမယ့် အသစ်စက်စက် ထွက်ရှိထားတဲ့ OnePlus 7 Pro ကို AnTuTu Score မှာ Kill (364,025 vs 372,000) ထားပြီးပါပြီ။

Photo: Gizmo China

ကင်မရာပိုင်းမှာဆိုရင်လည်း 48MP Sony IMX586 Sensor ကို K20 Pro မှာ အသုံးပြုထားတာဖြစ်ပြီး Coupling လုပ်ထားတဲ့ Duo Camera တွေကတော့ 13MP Ultra-Wide Lens နဲ့ 8MP Telephoto Lens တို့ပဲ ဖြစ်ပါတယ်။ ရှေ့ကင်မရာတွက်ကိုတော့ AI နည်းပညာ ပေါင်းစပ်ထားတဲ့ 20MP Elevating Selife Camera သုံးထားလို့ ဒီလောက်နဲ့တင် ပြည့်စုံနေပြီလို့ ပြောနိင်နေပါပြီ။

ကင်မရာ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ K20 Pro မှာ 960fps နှုန်း ရိုက်ကူးနိုင်တဲ့ Slow-Mo ဗီဒီယို ပါဝင်လာမယ်။ ဖုန်း ၂ မျိုးလုံးမှာ 4,000 mAh Battery အသုံးပြုထားမှာဖြစ်ပြီး K20 Pro ကတော့ 27W Fast Charging ရရှိမယ်၊ Xiaom အဆိုရ နာရီဝက်အတွင်း ၅၈% ဖြည့်ပေးနိုင်မယ်၊ ၇၄ မိနစ်ဆိုရင်တော့ အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

K20 Pro Carbon Photo: (FrAndroid)

K20 ရဲ့ ထူးခြားချက်တွေကတော့ Game Turbo 2.0 ပါဝင်လာမှာဖြစ်ပြီး Smart Swtich ဆိုတဲ့ Feature ကြောင့် Wi-Fi ကနေ 4G Network ပြောင်းတဲ့အခါ Smooth Connectivity ရှိဖို့နဲ့ Zero Lag ဖြစ်နေဖို့ အထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ကင်မရာမှာလည်း K20 Pro လို Triple Setup သုံးထားမှာဖြစ်ပေမယ့် 48MP Camera ကိုတော့ Sony IMX582 Sensor နဲ့ ဝိတ်လျှော့ထားပါတယ်။

ဒီလောက်ဆိုရင် Flagship Killer ကို စိတ်ဝင်စားနေသူတွေအတွက် လုံလောက်ပြီလို့ ယူဆရပြီး 6GB/128GB ပါဝင်တဲ့ K20 ကို မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ K20 Pro မှာတော့ မော်ဒယ် ၄ မျိုးထွက်လာမယ့်အပြင် Avengers Edition ပါဝင်လာဦးမယ်လို့ သိရပါတယ်။ Hardware ပိုင်းမှာ ဆိုရင်လည်း ၄ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး အနိမ့်ဆုံး 6GB/128GB မော်ဒယ်ကို ၆ သိန်းခွဲဝန်းကျင်နဲ့ ရောင်းချသွားနိုင်ပါတယ်။

Source: GSMArena
2B (Akhayar)
www.akhayar.com