Xiaomi ကေန အေစာပိုင္းတုန္းက ဒီႏွစ္ထဲမွာ စမတ္ဖုန္းအလံုးေရ သန္း ၁၀၀ ေလာက္ေရာင္းခ်ဖို႔ ခန္႔မွန္းထားတာျဖစ္ပါတယ္။ အခုေအာက္တုိဘာလကုန္တဲ့အခ်ိန္မွာေတာ့ Xiaomi အေနနဲ႔ သူခန္႔မွန္းထားတဲ့ စမတ္ဖုန္းအလံုးေရကို ျပည့္မွီသြားျပီျဖစ္ပါတယ္။

Mi 8 SE

အခုလုိမ်ိဳး Xiaomi စမတ္ဖုန္းေတြေရာင္းခ်ရတာ အလံုးေရသန္း ၁၀၀ ျပည့္သြားတာက ယခု ၂၀၁၈ ႏွစ္မကုန္ခင္ ၂ လေတာင္လုိေနေသးတဲ့အတြက္ Xiaomi အတြက္ေတာ့ ဒီႏွစ္က အလားအလာေကာင္းတဲ့ႏွစ္တစ္ခုလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ အခုသတင္းကို Xiaomi ရဲ႕ CEO Lei Jun ကေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔တုန္းက သန္း ၁၀၀ ျပည့္သြားခဲ့တာလုိ႔ သိရပါတယ္။

Xiaomi ဟာ ယခုႏွစ္အတြင္းမွာတင္ စမတ္ဖုန္းေတြအမ်ားအျပားထုတ္လုပ္ခဲ့တာျဖစ္ျပီးေတာ့ Flagship Series လုိ႔ေျပာႏိုင္တဲ့ Xiaomi Mi 8 Series စမတ္ဖုန္းေတြက သိသိသာသာကို ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ဒီအတြက္လည္း အခုလုိမ်ိဳး မွန္းထားတာတဲ့ေရာင္းအားကို အခ်ိန္ ၂ လအလိုနဲ႔ ရရွိတာဆုိရင္လည္း မမွားပါဘူး။

Mi Mix 3

၂၀၁၈ ႏွစ္ကုန္ဖုိ႔ကလည္း ၂ လေတာင္လုိေသးတယ္ဆုိေတာ့ ဒီႏွစ္မွာ Xiaomi အေနနဲ႔ စမတ္ဖုန္းေတြဘယ္ေလာက္ေတာင္ ေရာင္းခ်ရျပီးေတာ့ တကမၻာလံုးစမတ္ဖုန္းတင္ပို႔သူအေနနဲ႔ အဆင့္ဘယ္ေလာက္ခ်ိတ္မလဲဆုိတာက စိတ္ဝင္စားဖုိ႔ပိုေကာင္းေနပါျပီ။

ဘာပဲျဖစ္ျဖစ္ Xiaomi ကေတာ့ ဒီႏွစ္မွာ တကယ္ကိုအားရဖုိ႔ေကာင္းတဲ့ရလဒ္ေတြကို ပိုင္ဆိုင္ထားတယ္ဆိုတာကေတာ့ ျငင္းလုိ႔မရပါဘူး။

Ref : GSM Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Xiaomi ကနေ အစောပိုင်းတုန်းက ဒီနှစ်ထဲမှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ လောက်ရောင်းချဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ အခုအောက်တိုဘာလကုန်တဲ့အချိန်မှာတော့ Xiaomi အနေနဲ့ သူခန့်မှန်းထားတဲ့ စမတ်ဖုန်းအလုံးရေကို ပြည့်မှီသွားပြီဖြစ်ပါတယ်။

Mi 8 SE

အခုလိုမျိုး Xiaomi စမတ်ဖုန်းတွေရောင်းချရတာ အလုံးရေသန်း ၁၀၀ ပြည့်သွားတာက ယခု ၂၀၁၈ နှစ်မကုန်ခင် ၂ လတောင်လိုနေသေးတဲ့အတွက် Xiaomi အတွက်တော့ ဒီနှစ်က အလားအလာကောင်းတဲ့နှစ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုသတင်းကို Xiaomi ရဲ့ CEO Lei Jun ကပြောကြားခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့တုန်းက သန်း ၁၀၀ ပြည့်သွားခဲ့တာလို့ သိရပါတယ်။

Xiaomi ဟာ ယခုနှစ်အတွင်းမှာတင် စမတ်ဖုန်းတွေအများအပြားထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ Flagship Series လို့ပြောနိုင်တဲ့ Xiaomi Mi 8 Series စမတ်ဖုန်းတွေက သိသိသာသာကို အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက်လည်း အခုလိုမျိုး မှန်းထားတာတဲ့ရောင်းအားကို အချိန် ၂ လအလိုနဲ့ ရရှိတာဆိုရင်လည်း မမှားပါဘူး။

Mi Mix 3

၂၀၁၈ နှစ်ကုန်ဖို့ကလည်း ၂ လတောင်လိုသေးတယ်ဆိုတော့ ဒီနှစ်မှာ Xiaomi အနေနဲ့ စမတ်ဖုန်းတွေဘယ်လောက်တောင် ရောင်းချရပြီးတော့ တကမ္ဘာလုံးစမတ်ဖုန်းတင်ပို့သူအနေနဲ့ အဆင့်ဘယ်လောက်ချိတ်မလဲဆိုတာက စိတ်ဝင်စားဖို့ပိုကောင်းနေပါပြီ။

ဘာပဲဖြစ်ဖြစ် Xiaomi ကတော့ ဒီနှစ်မှာ တကယ်ကိုအားရဖို့ကောင်းတဲ့ရလဒ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

Ref : GSM Arena

Zawyè (Akhayar) 

www.akhayar.com