[Zawgyi]
Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com
[Unicodei]
Xiaomi ရဲ့ Gaming စမတ်ဖုန်းသစ်ကို April 13 ရက်နေ့တွင်မိတ်ဆက်မည်
Black Shark ဒါမှမဟုတ် Xiaomi ကထုတ်ပြီး Xiaomi မဟုတ်တဲ့ Gaming ဦးစားပေး စမတ်ဖုန်း မော်ဒယ်သစ်ကို လာမယ့် April 13 ရက်နေ့မှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ Black Shark ကို ဂိမ်းဆော့သူတွေအတွက်သီးသန့်ရည်ရွယ်ထားပြီး မနှစ်ကထွက်ခဲ့တဲ့ Razer ဖုန်းကိုယှဉ်ပြိုင်နိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
ဖိတ်ကြားထားတဲ့ Invitation Card မှာ Qualcomm ရဲ့ Logo ထည့်သွင်းထားတဲ့အတွက် ၎င်းဖုန်းမှာ Snapdragon 845 Chipset ပါဝင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ အခြား Specification တွေအနေနဲ့ RAM 6GB ဒါမှမဟုတ် RAM 8GB နဲ့ ROM 64GB ပါဝင်မှာဖြစ်သလို Storage အနေနဲ့ 64GB နဲ့ 256GB အသီးသီးပါဝင်မယ်လို့ခန့်မှန်းထားပါတယ်။ နောက်ထပ်မျှော်လင့်ရတာကတော့ Razer လို 129Hz Display ပါဝင်မယ်ဆိုတဲ့အချက်ပါ။
အကယ်၍ သင်ဟာ Razer ဖုန်းကိုဝယ်ဖို့စီစဉ်နေတယ်ဆိုရင်တော့ April 13 ရက်နေ့အထိစောင့်ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Xiaomi ရဲ့ ထုံးစံလိုဖြစ်နေတဲ့ Specification မြင့်ပြီး ဈေးနှုန်းသက်သာအောင် ထုတ်တတ်တဲ့စနစ်ကြောင့် Black Sharp ဟာ Razer ဖုန်းထက်ဈေးသက်သာပြီး မကောင်းဘူးဆိုရင်တောင် ပိုမနိမ့်နိုင်ဘူးလို့ယုံကြည်ရတဲ့အတွက်ဖြစ်ပါတယ်။
Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com