
Mi Max 3


Mi Max 3



Mi Max 3


Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi ကထုတ်လုပ်တဲ့ Mi Max Series စမတ်ဖုန်းတွေက ကြီးမားတဲ့ Display နဲ့ ကြီးမားတဲ့ Battery တွေကြောင့် အသုံးပြုသူတွေကြားထဲမှာ နာမည်ကြီးတဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Xiaomi ကနေ Mi Max 3 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းက Display နဲ့ Battery ပိုင်းမှာ အားသာနေခဲ့ပေမယ့်လည်း Processor ပိုင်းမှာကတော့ ထင်သလိုမဖြစ်လာခဲ့ပါဘူး။

Mi Max 3

အဲ့ဒါကလည်း အစောပိုင်းတုန်းက Xiaomi ကနေ Mi Max 3 စမတ်ဖုန်းကို Qualcomm ရဲ့ Snapdragon 710 Processor ကို အသုံးပြုထားမယ်လို့ ယူဆထားခဲ့ကြတာဖြစ်ပြီးတော့ တကယ်တမ်းကြတော့ Qualcomm Snapdragon 636 Processor ကိုပဲ အသုံးပြုလာတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi Max 3 စမတ်ဖုန်းကို Xiaomi Redmi Note 5 နဲ့ တူညီတဲ့ စွမ်းဆောင်ရည်ပဲ ရှိတော့တယ်လို့ သတ်မှတ်နိုင်မှာပါ။

Mi Max 3

ဒါပေမယ့် Xiaomi Fans တွေကတော့ Xiaomi ကနေ နောက်ထပ် Qualcomm Snapdragon 710 Processor နဲ့ Mi Max 3 Pro ဖုန်းထွက်လာဦးမလားဆိုပြီး မျှော်လင့်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ အဆိုပါ မျှော်လင့်ချက်ကဖြစ်နိုင်ဖွယ်ရာမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် Xiaomi ရဲ့ Product Marketing Director ဖြစ်တဲ့ Zhi Zhiyuan ကနေ Mi Max 3 Pro ကို ထုတ်ဖို့ အစီအစဉ်မရှိဘူးဆိုတာကို အတည်ပြုလိုက်တာကြောင့်ဖြစ်ပါတယ်။

ယခင်ထွက်ရှိလာတဲ့ Leaks တွေအရ Mi Max 3 Pro စမတ်ဖုန်းဟာ Qualcomm Snapdragon 710 Processor ၊ RAM 6GB နဲ့ Storage 128GB ပါဝင်မှာဖြစ်ပြီးတော့ Mi Max 3 နဲ့ တူညီတဲ့ ဒီဇိုင်း၊ ကြီးမားတဲ့ 5500mAh Battery အပြင် 6.9″ Full HD+ Display တွေပါ ပါဝင်လာမယ့်အတွက် စွမ်းဆောင်ရည်ပိုင်းအရ အကြမ်းစား Phablet တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

Mi Max 3

အခုလိုမျိုး Mi Max 3 Pro ထွက်ရှိမှာ မဟုတ်တော့တဲ့အတွက် Qualcomm Snapdragon 636 Processor နဲ့ Mi Max 3 ကိုပဲ Xiaomi Fans တွေအနေနဲ့ ဝယ်ယူနိုင်တော့မှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com