[Zawgyi]

AirPods နီးပါးစြမ္းေဆာင္ႏိုင္မယ့္ $30 တန္ AirDots ကို Xiaomi မိတ္ဆက္လိုက္ျပီ

Xiaomi ကိုေတာ့ အရည္ေသြးလည္းေကာင္း ေစ်းႏႈန္းလည္းသင့္တင့္တဲ့ Smartphone နဲ႔ Accessories ထုတ္လုပ္သူအျဖစ္ အသိမ်ားပါတယ္။ အရင္တုန္းက Budget ကေန Mid-range တန္းပဲထုတ္ခဲ့ရာကေန အခုဆိုရင္ နာမည္လည္းရ အေနာက္ဥေရာပႏိုင္ငံပါးစပ္ဖ်ားမွာ Xiaomi ၊ Xiaomi ဆိုျပီး ေအာင္ျမင္လာတဲ့အခါမွာေတာ့ Apple စတိုင္ Smartphone နဲ႔တြဲဖက္အသုံးျပဳႏို္င္မယ့္ Wireless Earbud တစ္မ်ိဳးကိုမိတ္ဆက္ေပးလိုက္ပါတယ္။

Xiaomi’s AirDots

အဲ့ဒါကေတာ့ Xiaomi အေခၚ Wireless AirDots ပါ၊ ရုတ္တရက္ျမင္လိုက္ရင္ AirPods လားလို႔အထင္မွားသြားႏိုင္သလို Function ပိုင္းနဲ႔ တခ်ိဳ႕အစိတ္ပိုင္းေနရာေတြဟာ Apple နဲ႔ေတာ္ေတာ္ေလးသြားဆင္ပါတယ္။ Tappable Controls ပါဝင္ျပီး Compact Charging ဒီဇိုင္းပါတယ္၊ Earbuds အနားသတ္ကို Silicone နဲ႔ျပဳလုပ္ထားလို႔ Sound Isolation ပိုင္းပိုေကာင္းလာႏိုင္ျပီး နားထဲ ပိုျပီးအံဝင္ခြင္က် တပ္ထားႏိုင္မယ္လို႔ သိရပါတယ္။

Made with Silicone Tips

ေနာက္ျပီး Bluetooth 5.0 ပါဝင္လာတဲ့ ဒီ AirDots ကို အခုခ်ိန္ $30 နဲ႔ တရုတ္နိုင္ငံမွာ မွာယူႏိုင္ျပီျဖစ္ျပီး မၾကာခင္ျဖန္႔ခ်ီသြားမယ္လို႔ ခန္႔မွန္းရပါတယ္။ Xiaomi အေနနဲ႔ Wireless Earbud ကို စမတ္ဖုန္းနဲ႔တြဲေရာင္းမလားမသိရေသးေပမယ့္ မၾကာေသးခင္က $15 တန္ Wireless Charger ကိုလည္းမိတ္ဆက္ထားတယ္။

Recently Announced Mi Mix 3 Smartphone

လတ္တေလာသတင္းေတြအရ ဒီ Wireless EarDots နဲ႔ Charger ေတြဟာ မၾကာခင္ေရာင္းခ်ေတာ့မယ့္ Mi Mix3 Smartphone နဲ႔ တြဲပါလာမယ့္ Accessories ျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

AirPods နီးပါးစွမ်းဆောင်နိုင်မယ့် $30 တန် AirDots ကို Xiaomi မိတ်ဆက်လိုက်ပြီ

Xiaomi ကိုတော့ အရည်သွေးလည်းကောင်း ဈေးနှုန်းလည်းသင့်တင့်တဲ့ Smartphone နဲ့ Accessories ထုတ်လုပ်သူအဖြစ် အသိများပါတယ်။ အရင်တုန်းက Budget ကနေ Mid-range တန်းပဲထုတ်ခဲ့ရာကနေ အခုဆိုရင် နာမည်လည်းရ အနောက်ဥရောပနိုင်ငံပါးစပ်ဖျားမှာ Xiaomi ၊ Xiaomi ဆိုပြီး အောင်မြင်လာတဲ့အခါမှာတော့ Apple စတိုင် Smartphone နဲ့တွဲဖက်အသုံးပြုနိုင်မယ့် Wireless Earbud တစ်မျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်။

Xiaomi’s AirDots

အဲ့ဒါကတော့ Xiaomi အခေါ် Wireless AirDots ပါ၊ ရုတ်တရက်မြင်လိုက်ရင် AirPods လားလို့အထင်မှားသွားနိုင်သလို Function ပိုင်းနဲ့ တချို့အစိတ်ပိုင်းနေရာတွေဟာ Apple နဲ့တော်တော်လေးသွားဆင်ပါတယ်။ Tappable Controls ပါဝင်ပြီး Compact Charging ဒီဇိုင်းပါတယ်၊ Earbuds အနားသတ်ကို Silicone နဲ့ပြုလုပ်ထားလို့ Sound Isolation ပိုင်းပိုကောင်းလာနိုင်ပြီး နားထဲ ပိုပြီးအံဝင်ခွင်ကျ တပ်ထားနိုင်မယ်လို့ သိရပါတယ်။

Made with Silicone Tips

နောက်ပြီး Bluetooth 5.0 ပါဝင်လာတဲ့ ဒီ AirDots ကို အခုချိန် $30 နဲ့ တရုတ်နိုင်ငံမှာ မှာယူနိုင်ပြီဖြစ်ပြီး မကြာခင်ဖြန့်ချီသွားမယ်လို့ ခန့်မှန်းရပါတယ်။ Xiaomi အနေနဲ့ Wireless Earbud ကို စမတ်ဖုန်းနဲ့တွဲရောင်းမလားမသိရသေးပေမယ့် မကြာသေးခင်က $15 တန် Wireless Charger ကိုလည်းမိတ်ဆက်ထားတယ်။

Recently Announced Mi Mix 3 Smartphone

လတ်တလောသတင်းတွေအရ ဒီ Wireless EarDots နဲ့ Charger တွေဟာ မကြာခင်ရောင်းချတော့မယ့် Mi Mix3 Smartphone နဲ့ တွဲပါလာမယ့် Accessories ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

2B (Akhayar)
www.akhayar.com