[Zawgyi]

Xiaomi ကေတာ့ MIX ကို စထုတ္ကတည္းက Screen အျပည့္ ျဖစ္ႏိုင္သေလာက္ျဖစ္ေအာင္ Design ဆြဲၿပီးထုတ္ထားတာျဖစ္တာေၾကာင့္ အခုထြက္လာတဲ့ MIX အသစ္မွာလည္း Notch ေတာ့ မထည့္ေပးပါဘူး။ Notch မႀကိဳက္သူေတြအတြက္ေတာ့ စိတ္ဝင္စားစရာျဖစ္လာဦးမွာပါ။ 

Slider Design

Design ကေတာ့ သိပ္ၿပီးေျပာေနစရာမလိုေတာ့ပါဘူး။ ဖုန္းမထြက္လာခင္ သတင္းေပါက္တာေတြ အမ်ားႀကီးျဖစ္ၿပီးေနာက္မွာေတာ့ တကယ္ပဲ Slider Design နဲ႔ ထြက္လာခဲ့ပါတယ္။ ဖုန္းရဲ႕ Display ႀကီးတစ္ခုလံုးက ဖုန္း Body နဲ႔အလြတ္ျဖစ္ေနတဲ့ သီးသန္႔အခ်ပ္ႀကီးတစ္ခုျဖစ္ေနပါတယ္။ Slide လုပ္ဖို႔အတြက္ေတာ့ လက္နဲ႔ပဲတြန္းရမွာျဖစ္တာေၾကာင့္ Motor ေတြ ပါမွာမဟုတ္ပါဘူး။ Slider က Camera အတြက္ပဲ သီးသန္႔မဟုတ္ပါဘူး။ တျခား Feature ေတြ သံုးလို႔ရေအာင္လုပ္ေပးထားပါေသးတယ္။ 

MIX Series က Xiaomi ရဲ႕အေကာင္းဆံုး ထုတ္ကုန္ျဖစ္တာေၾကာင့္ Design ပိုင္းမွာေတာ့ အေသးစိတ္ ဂ႐ုစိုက္ေပးထားတာ ေတြ႕ရပါတယ္။ Mi MIX 3 ကိုလည္း အရင္က MIX ဖုန္းေတြလိုပဲ Full-Screen Experience ကိုရေအာင္ လုပ္ေပးထားသလို Camera ေတြအတြက္လည္း တျခား Flagship ဖုန္းေတြနဲ႔ ယွဥ္လို႔ရႏိုင္မယ့္အတိုင္းအတာအထိ ထည့္ေပးထားတာေတြ႕ရပါတယ္။ 

Specifications 

Qualcomm Snapdragon 845 Chipset ၊ 6GB RAM/128 Storage ၊ 8GB RAM/128GB Storage ၊ 8GB RAM/256GB Storage နဲ႔ 10GB RAM/256GB Storage ဆိုၿပီး ရွိပါတယ္။ ေနာက္ေက်ာဖက္မွာ 12MP ၊ f/1.8 ရွိတဲ့ Camera နဲ႔ 12MP ၊ f/2.4 ရွိတဲ့ Camera ႏွစ္လံုးကိုတပ္ဆင္ေပးထားပါတယ္။ Front Camera ေတြအေနနဲ႔ေတာ့ 24MP နဲ႔ 2MP Camera ႏွစ္လံုကို တပ္ေပးထားပါတယ္။ 24MP Camera ကေတာ့ Sony IMX576 Sensor သံုးထားၿပီး Pixel Size က 1.8micron ရွိတဲ့အျပင္ Pixel ၄ ခုကို တစ္ခုအျဖစ္ေပါင္းေပးႏုိင္တဲ့ Feature ပါတာေၾကာင့္ ေမွာင္ေနတဲ့အခ်ိန္ွေတြမွာ Selfie ေကာင္းေကာင္း ႐ိုုက္ႏိုင္ဦးမွာပါ။ ေနာက္ေက်ာဖက္ Camera ေတြကလည္း Tripod မလိုတဲ့ Super Night Scene Mode နဲ႔ Slow-Motion Video ကို 960fps အထိ ႐ိုက္ေပးႏုိင္ဦးမွာပါ။ Flagship ဖုန္းေတြမွာ ေတြ႕ရေလ့ရွိတဲ့ Camera Feature ေတြလို႔ေျပာလို႔ရပါတယ္။ Camera ပိုင္းနဲ႔ပတ္သက္လို႔ေတာ့ DxO Mark ေတြကို ဓာတ္ပံုအတြက္ 108 မွတ္နဲ႔ Video အတြက္ 93 မွတ္အထိရထားတယ္လို႔ Xiaomi က ေၾကညာသြားပါတယ္။ 

Battery ပိုင္းမွာလည္း တျခား Flagship ေတြနီးပါးေကာင္းမယ္လို႔ ယူဆရပါတယ္။ 4000mAh Battery ကို ထည့္ေပးထားၿပီး Qualcomm ရဲ႕ QuickCharge 4+ နဲ႔ 10W Wireless Charging ကို သံုးလို႔ရေအာင္ လုပ္ေပးထားပါတယ္။ 

Software 

Mi MIX 3 ေတြကိုေတာ့ Android 9 Pie ကို အေျခခံထားတဲ့ MIUI 10 ကို ထည့္ေပးထားၿပီး MIX အတြက္ သီးသန္႔ Feature တခ်ိဳ႕ကို ေပါင္းထည့္ေပးထားပါေသးတယ္။ Slider ကလည္း Selfie Camera ေတြကို ေဖ်ာက္ထားေပးဖို႔ သီးသန္႔မဟုတ္ပါဘူး။ Slider နဲ႔လုပ္လို႔ရတာေတြကေတာ့ Selfie Camera ဖြင့္တာ၊ App ေတြဖြင့္တာနဲ႔ ဖုန္းကိုင္တာမ်ိဳးေတြအျပင္ တျခား Feature ေတြလည္း ပါဦးမယ္လို႔ သိရပါတယ္။ 

Display 

MIX 3 မွာေတာ့ 6.39 Inch ရွိတဲ့ AMOLED Display ပါဝင္ပါတယ္။ 2340 x 1080 Resolution ရွိၿပီး Full HD+ ကို 19.5:9 Ratio မွာ ၾကည့္ႏုိင္ပါတယ္။ Screen To Body Ratio 93.4% အထိ ရွိတာေၾကာင့္ လက္ထဲမွာကိုင္ရတာေတာ့ Display ခ်ည္းပဲ ျဖစ္ေနမွာပါ။ Brightness ကေတာ့ 600nit အထိ ရႏိုင္မွာပါ။ 

Pricing And Availability 

MIX 3 ေတြကိုေတာ့ အေပၚကေျပာခဲ့သလိုပဲ 6GB RAM/128 Storage ၊ 8GB RAM/128GB Storage ၊ 8GB RAM/256GB Storage နဲ႔ 10GB RAM/256GB Storage Option ေတြနဲ႔ ထုတ္ေပးထားၿပီး ခန္႔မွန္းေျခ $475 ၊ $518 ၊ $575 နဲ႔ $719 ဆိုၿပီး အမ်ိဳးမ်ိဳး ရွိပါတယ္။ RAM 10GB နဲ႔ကေတာ့ Special Editon ဆိုၿပီး ထုတ္ေပးထားတာျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံကို ဝင္လာႏိုင္ေျခနည္းပါတယ္။ Black ၊ Emerald Green နဲ႔ Sapphire Blue ဆိုၿပီး သံုးေရာင္ ရႏိုင္မွာပါ။ Xiaomi အေနနဲ႔လည္း Mi MIX 3 5G Version ေတြကို လာမယ့္ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္းမွာ ထုတ္ေပးသြားဦးမယ္လို႔ သိရပါတယ္။ သင္ေရာ Mi MIX Fan လား။ 

Ref: Gizmo China | The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Mi MIX 3 ကို Xiaomi မိတ္ဆက္လိုက္ၿပီ

Xiaomi ကတော့ MIX ကို စထုတ်ကတည်းက Screen အပြည့် ဖြစ်နိုင်သလောက်ဖြစ်အောင် Design ဆွဲပြီးထုတ်ထားတာဖြစ်တာကြောင့် အခုထွက်လာတဲ့ MIX အသစ်မှာလည်း Notch တော့ မထည့်ပေးပါဘူး။ Notch မကြိုက်သူတွေအတွက်တော့ စိတ်ဝင်စားစရာဖြစ်လာဦးမှာပါ။ 

Slider Design

Design ကတော့ သိပ်ပြီးပြောနေစရာမလိုတော့ပါဘူး။ ဖုန်းမထွက်လာခင် သတင်းပေါက်တာတွေ အများကြီးဖြစ်ပြီးနောက်မှာတော့ တကယ်ပဲ Slider Design နဲ့ ထွက်လာခဲ့ပါတယ်။ ဖုန်းရဲ့ Display ကြီးတစ်ခုလုံးက ဖုန်း Body နဲ့အလွတ်ဖြစ်နေတဲ့ သီးသန့်အချပ်ကြီးတစ်ခုဖြစ်နေပါတယ်။ Slide လုပ်ဖို့အတွက်တော့ လက်နဲ့ပဲတွန်းရမှာဖြစ်တာကြောင့် Motor တွေ ပါမှာမဟုတ်ပါဘူး။ Slider က Camera အတွက်ပဲ သီးသန့်မဟုတ်ပါဘူး။ တခြား Feature တွေ သုံးလို့ရအောင်လုပ်ပေးထားပါသေးတယ်။ 

MIX Series က Xiaomi ရဲ့အကောင်းဆုံး ထုတ်ကုန်ဖြစ်တာကြောင့် Design ပိုင်းမှာတော့ အသေးစိတ် ဂရုစိုက်ပေးထားတာ တွေ့ရပါတယ်။ Mi MIX 3 ကိုလည်း အရင်က MIX ဖုန်းတွေလိုပဲ Full-Screen Experience ကိုရအောင် လုပ်ပေးထားသလို Camera တွေအတွက်လည်း တခြား Flagship ဖုန်းတွေနဲ့ ယှဉ်လို့ရနိုင်မယ့်အတိုင်းအတာအထိ ထည့်ပေးထားတာတွေ့ရပါတယ်။ 

Specifications 

Qualcomm Snapdragon 845 Chipset ၊ 6GB RAM/128 Storage ၊ 8GB RAM/128GB Storage ၊ 8GB RAM/256GB Storage နဲ့ 10GB RAM/256GB Storage ဆိုပြီး ရှိပါတယ်။ နောက်ကျောဖက်မှာ 12MP ၊ f/1.8 ရှိတဲ့ Camera နဲ့ 12MP ၊ f/2.4 ရှိတဲ့ Camera နှစ်လုံးကိုတပ်ဆင်ပေးထားပါတယ်။ Front Camera တွေအနေနဲ့တော့ 24MP နဲ့ 2MP Camera နှစ်လုံကို တပ်ပေးထားပါတယ်။ 24MP Camera ကတော့ Sony IMX576 Sensor သုံးထားပြီး Pixel Size က 1.8micron ရှိတဲ့အပြင် Pixel ၄ ခုကို တစ်ခုအဖြစ်ပေါင်းပေးနိုင်တဲ့ Feature ပါတာကြောင့် မှောင်နေတဲ့အချိန်ှတွေမှာ Selfie ကောင်းကောင်း ရိုုက်နိုင်ဦးမှာပါ။ နောက်ကျောဖက် Camera တွေကလည်း Tripod မလိုတဲ့ Super Night Scene Mode နဲ့ Slow-Motion Video ကို 960fps အထိ ရိုက်ပေးနိုင်ဦးမှာပါ။ Flagship ဖုန်းတွေမှာ တွေ့ရလေ့ရှိတဲ့ Camera Feature တွေလို့ပြောလို့ရပါတယ်။ Camera ပိုင်းနဲ့ပတ်သက်လို့တော့ DxO Mark တွေကို ဓာတ်ပုံအတွက် 108 မှတ်နဲ့ Video အတွက် 93 မှတ်အထိရထားတယ်လို့ Xiaomi က ကြေညာသွားပါတယ်။ 

Battery ပိုင်းမှာလည်း တခြား Flagship တွေနီးပါးကောင်းမယ်လို့ ယူဆရပါတယ်။ 4000mAh Battery ကို ထည့်ပေးထားပြီး Qualcomm ရဲ့ QuickCharge 4+ နဲ့ 10W Wireless Charging ကို သုံးလို့ရအောင် လုပ်ပေးထားပါတယ်။ 

Software 

Mi MIX 3 တွေကိုတော့ Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 ကို ထည့်ပေးထားပြီး MIX အတွက် သီးသန့် Feature တချို့ကို ပေါင်းထည့်ပေးထားပါသေးတယ်။ Slider ကလည်း Selfie Camera တွေကို ဖျောက်ထားပေးဖို့ သီးသန့်မဟုတ်ပါဘူး။ Slider နဲ့လုပ်လို့ရတာတွေကတော့ Selfie Camera ဖွင့်တာ၊ App တွေဖွင့်တာနဲ့ ဖုန်းကိုင်တာမျိုးတွေအပြင် တခြား Feature တွေလည်း ပါဦးမယ်လို့ သိရပါတယ်။ 

Display 

MIX 3 မှာတော့ 6.39 Inch ရှိတဲ့ AMOLED Display ပါဝင်ပါတယ်။ 2340 x 1080 Resolution ရှိပြီး Full HD+ ကို 19.5:9 Ratio မှာ ကြည့်နိုင်ပါတယ်။ Screen To Body Ratio 93.4% အထိ ရှိတာကြောင့် လက်ထဲမှာကိုင်ရတာတော့ Display ချည်းပဲ ဖြစ်နေမှာပါ။ Brightness ကတော့ 600nit အထိ ရနိုင်မှာပါ။ 

Pricing And Availability 

MIX 3 တွေကိုတော့ အပေါ်ကပြောခဲ့သလိုပဲ 6GB RAM/128 Storage ၊ 8GB RAM/128GB Storage ၊ 8GB RAM/256GB Storage နဲ့ 10GB RAM/256GB Storage Option တွေနဲ့ ထုတ်ပေးထားပြီး ခန့်မှန်းခြေ $475 ၊ $518 ၊ $575 နဲ့ $719 ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ RAM 10GB နဲ့ကတော့ Special Editon ဆိုပြီး ထုတ်ပေးထားတာဖြစ်တာကြောင့် မြန်မာနိုင်ငံကို ဝင်လာနိုင်ခြေနည်းပါတယ်။ Black ၊ Emerald Green နဲ့ Sapphire Blue ဆိုပြီး သုံးရောင် ရနိုင်မှာပါ။ Xiaomi အနေနဲ့လည်း Mi MIX 3 5G Version တွေကို လာမယ့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။ သင်ရော Mi MIX Fan လား။ 

Ref: Gizmo China | The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။