[Zawgyi]

သင္က ဖုန္းအသံုးျပဳၿပီး Video ႐ိုက္ေလ့ရွိတယ္ဆိုရင္ သင့္ရဲ႕လက္ေတြက ေတာ္ေတာ္ၿငိမ္မွျဖစ္မွာပါ။ လက္မၿငိမ္တာေတြကို ေျဖရွင္းေပးဖို႔ ဖုန္းေတြမွာ OIS နဲ႔ EIS ဆိုတဲ့ နည္းပညာေတြကို ထည့္ေပးလာပါတယ္။ အဲ့ဒီနည္းပညာေတြက လက္မၿငိမ္တာေၾကာင့္ ျဖစ္လာမယ့္ျပႆနာေတြကို အတိုင္းအတာတစ္ခုအထိ ေျဖရွင္းေပးပါတယ္။ 

သင့္ရဲ႕ Video ေတြကို အခုထက္ပိုေကာင္းတဲ့အရည္အေသြးနဲ႔ ျမင္ခ်င္တယ္ဆိုရင္ေတာ့ သင့္ဖုန္းကို Gimbal နဲ႔ တြဲေပးလိုက္ရင္ ရပါၿပီ။ Gimbal က သင့္ရဲ႕လက္မၿငိမ္တာေတြ၊ တုန္ေနတာေတြနဲ႔ ဖုန္းကိုလွည့္တဲ့အခါ Video ဝါးသြားတာမ်ိဳးေတြကို ေျဖရွင္းေပးႏိုင္တဲ့အတြက္ Video ေကာင္းတစ္ခုကို ဖန္တီးဖို႔ ပိုလြယ္ကူသြားပါတယ္။ Gimbal ဝယ္ခ်င္တယ္ဆိုရင္ ေစ်းမ်ားတာေတြပဲ ေစ်းကြက္ထဲမွာရွာလို႔လြယ္တာေၾကာင့္ အေပ်ာ္တမ္း Video ႐ိုက္သူေတြ၊ Vlog ႐ိုက္ေလ့ရွိသူေတြအတြက္ ေ႐ြးခ်ယ္စရာ သိပ္မရွိခဲ့ပါဘူး။ 

အခုေတာ့ Xiaomi က ေစ်းသက္သာတဲ့ Gimbal တစ္ခုကို မိတ္ဆက္လိုက္ပါၿပီ။ Mijia လို႔ နာမည္ေပးထားတဲ့ Gimbal ေလးေတြကို $94 ေလာက္နဲ႔ ေရာင္းခ်မယ္လို႔ ေၾကညာထားျဖစ္တဲ့အတြက္ ျမန္မာျပည္ကိုေရာက္လာမယ္ဆိုရင္ ခန္႔မွန္းတန္ဖိုး တစ္သိန္းခြဲဝန္းက်င္ေတာ့ ရွိႏိုင္မွာပါ။ တျခား Gimbal ေတြထက္ေတာ့ သိသိသာသာေစ်းသက္သာတာေၾကာင့္ စိတ္ဝင္စားစရာပါပဲ။ Gimbal မွာ 5000 mAh Battery ပါဝင္မွာျဖစ္ၿပီး ဖုန္းကိုလည္း 5V/1.5A Output နဲ႔ အားသြင္းေပးႏိုင္ပါတယ္။ Vlog ႐ိုက္ေနတုန္းမွာ Battery အားကုန္သြားမွာ သိပ္စိတ္ပူစရာမလိုေတာ့ပါဘူး။ ေပးရတဲ့ေစ်းနဲ႔ တန္မလားဆိုတာကေတာ့ ေစ်းကြက္ထဲေရာက္လာမွပဲ သိႏိုင္မွာပါ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Xiaomi က DJI ရဲ့ Osmo Mobile ကို စတင်တိုက်ခိုက်ပြီ

သင်က ဖုန်းအသုံးပြုပြီး Video ရိုက်လေ့ရှိတယ်ဆိုရင် သင့်ရဲ့လက်တွေက တော်တော်ငြိမ်မှဖြစ်မှာပါ။ လက်မငြိမ်တာတွေကို ဖြေရှင်းပေးဖို့ ဖုန်းတွေမှာ OIS နဲ့ EIS ဆိုတဲ့ နည်းပညာတွေကို ထည့်ပေးလာပါတယ်။ အဲ့ဒီနည်းပညာတွေက လက်မငြိမ်တာကြောင့် ဖြစ်လာမယ့်ပြဿနာတွေကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးပါတယ်။ 

သင့်ရဲ့ Video တွေကို အခုထက်ပိုကောင်းတဲ့အရည်အသွေးနဲ့ မြင်ချင်တယ်ဆိုရင်တော့ သင့်ဖုန်းကို Gimbal နဲ့ တွဲပေးလိုက်ရင် ရပါပြီ။ Gimbal က သင့်ရဲ့လက်မငြိမ်တာတွေ၊ တုန်နေတာတွေနဲ့ ဖုန်းကိုလှည့်တဲ့အခါ Video ဝါးသွားတာမျိုးတွေကို ဖြေရှင်းပေးနိုင်တဲ့အတွက် Video ကောင်းတစ်ခုကို ဖန်တီးဖို့ ပိုလွယ်ကူသွားပါတယ်။ Gimbal ဝယ်ချင်တယ်ဆိုရင် ဈေးများတာတွေပဲ ဈေးကွက်ထဲမှာရှာလို့လွယ်တာကြောင့် အပျော်တမ်း Video ရိုက်သူတွေ၊ Vlog ရိုက်လေ့ရှိသူတွေအတွက် ရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ 

အခုတော့ Xiaomi က ဈေးသက်သာတဲ့ Gimbal တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ Mijia လို့ နာမည်ပေးထားတဲ့ Gimbal လေးတွေကို $94 လောက်နဲ့ ရောင်းချမယ်လို့ ကြေညာထားဖြစ်တဲ့အတွက် မြန်မာပြည်ကိုရောက်လာမယ်ဆိုရင် ခန့်မှန်းတန်ဖိုး တစ်သိန်းခွဲဝန်းကျင်တော့ ရှိနိုင်မှာပါ။ တခြား Gimbal တွေထက်တော့ သိသိသာသာဈေးသက်သာတာကြောင့် စိတ်ဝင်စားစရာပါပဲ။ Gimbal မှာ 5000 mAh Battery ပါဝင်မှာဖြစ်ပြီး ဖုန်းကိုလည်း 5V/1.5A Output နဲ့ အားသွင်းပေးနိုင်ပါတယ်။ Vlog ရိုက်နေတုန်းမှာ Battery အားကုန်သွားမှာ သိပ်စိတ်ပူစရာမလိုတော့ပါဘူး။ ပေးရတဲ့ဈေးနဲ့ တန်မလားဆိုတာကတော့ ဈေးကွက်ထဲရောက်လာမှပဲ သိနိုင်မှာပါ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။