[Zawgyi] 

Xiaomi ကေတာ့ လက္ရွိအခ်ိန္မွာ နာမည္ႀကီး လူေျပာမ်ားေနတဲ့ Mi 8 Explorer Edition ရဲ႕ Design ကိုေနာက္ထြက္မယ့္ ဖုန္းအသစ္မွာလည္း အသံုးျပဳသြားမယ္ဆိုတာ သတင္းထြက္လာပါၿပီ။ အေျပာခံေနရတာကေတာ့ Mi 8 Explorer Editon မွာ သံုးထားတဲ့ Transparent Design အသစ္ေၾကာင့္ပါ။ ေနာက္ေက်ာဖက္ Glass ကို ထြင္းေဖာကျ္မင္ရေအာင္လုပ္ထားၿပီး ဖုန္းအတြင္းပိုင္းကိုျမင္ရေအာင္ ျပဳလုပ္ေပးထားတာပါ။ 

Mi 8 EE Glass Design

အတြင္းမွာျမင္ရတာကေတာ့ ဖုန္းရဲ႕ Logic Board ပါ။ ဒါေပမယ့္ တကယ္တမ္းကေတာ့ Logic Board က တကယ္အလုပ္လုပ္တဲ့ Logic Board မဟုတ္ဘဲ အလွဆင္ထားတဲ့ Logic Board အတုပါ။ အဲ့ဒီအခ်က္က အေရးမႀကီးေပမယ့္ Xiaomi Fan ေတြကေတာ့ သေဘာာက်တဲ့သူနဲ႔ သေဘာမက်သူဆိုၿပီး ႏွစ္ဖြဲ႕ကြဲေနပါတယ္။ Logic Board အတုကို အတုလို႔ေျပာတာကို မေက်နပ္ျဖစ္ေနၾကသလို Online Forum ေတြမွာလည္း ဆူညံေနတုန္းပါ။ လွဖို႔အတြက္ အခုလိုလုပ္ထားတာဆိုေပမယ့္ Logic Board က အစစ္ ဟုတ္မဟုတ္ျငင္းေနၾကရင္း Online မွာ အခုထိမၿပီးႏိုင္ျဖစ္ေနၾကတုန္းပါ။ 

Leaked Image from Tenaa

အဲ့ဒီလိုအျပင္းစားအျငင္းအခံုေတြလုပ္ေနတဲ့ၾကားထဲက Xiaomi ဆီက သတင္းအစအနတစ္ခုထပ္ထြက္လာတာက ေနာက္ထြက္မယ့္ Mi Note 4 မွာလည္း Mi 8 Explorer Edition လို Design ကိုသံုးသြားမယ္ဆိုတာပါ။ တ႐ုပ္ႏိုင္ငံရဲ႕ ဆက္သြယ္ေရးပစၥည္းစစ္ေဆးတဲ့ TENAA Website မွာ Mi 8 Explorer Edition နဲ႔ဆင္တဲ့ Device အသစ္တစ္ခုကို ေတြ႕ရတာပါ။ Mi 8 Explorer Editoin မွာလိုမ်ိဳး Face Recognition Sensor ပါဝင္တာမ်ိဳးေတာ့ မရွိပါဘူး။ ခန္႔မွန္းခ်က္ေတြအရေတာ့ Mi 8 Explorer Edition ရဲ႕ ေစ်းသက္သာတဲ့ Version ျဖစ္လာႏိုင္သလို အသစ္ထြက္မယ့္ Mi Note 4 Special Editon လည္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေနာက္ေက်ာဖက္ အျပင္အဆင္က လက္ရွိ Mi 8 Explorer Editon နဲ႔ ေတာ္ေတာ္ကို ဆင္ေနတာေၾကာင့္ ေျပာရခက္ေနပါေသးတယ္။ 

Mi 8 EE In-Display Fingerprint Scanner

အခုေတြ႕ရတဲ့ဖုန္းမွာေတာ့ အမ်ိဳးအမည္မသိရတဲ့ 2.8Ghz Processor ၊ 2900mAh Battery  ပါတာေတြ႕ရပါတယ္။ Mi 8 Explorer Edition မွာေတာ့ 3000mAh Battery ပါေနပါတယ္။ တျခား Mi 8 Explorer Edition နဲ႔တူညီတဲ့အခ်က္ေတြကေတာ့ Headphone Port မပါတာ၊ In-Display Fingerprint Scanner ပါတာ၊ IR Blaster ပါတာေတြပဲျဖစ္ပါတယ္။ Display အပါအဝင္ ဖုန္းအ႐ြယ္အစားကလည္း Mi 8 Explorer Edition နဲ႔ အတူတူပဲျဖစ္ေနတာေၾကာင့္ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ Xiaomi အေနနဲ႔ေတာ့ ခန္႔မွန္းျမန္မာေငြ ၈ သိန္းေက်ာ္ဝန္းက်င္ေလာက္ရွိမယ့္ Mi 8 Explorer Edition ထက္ ပိုၿပီးေစ်းသက္သာမယ့္ Version ကိုထုတ္လာႏိုင္ပါတယ္။ Face Unlock အတြက္ Sensor ေတြေလွ်ာ့ခ်ၿပီး In-Display Fingerprint Scanner တစ္မ်ိဳးတည္းကိုပဲ ထည့္းေပးသြားၿပီး RAM 4GB ၊ ROM 64GB နဲ႔ ေစ်းေလွ်ာ့ေရာင္းလာႏိုင္ပါတယ္။ သင္ေရာ Explorer Editon ကို ဒီထက္ေစ်းသက္သာတဲ့ဖုန္း ျဖစ္ေစခ်င္ပါသလား။ 

Ref: Android Authority

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Logic Board အတုကိုအလှအတွက် ဆက်အသုံးပြုသွားဦးမယ့် Xiaomi

Xiaomi ကတော့ လက်ရှိအချိန်မှာ နာမည်ကြီး လူပြောများနေတဲ့ Mi 8 Explorer Edition ရဲ့ Design ကိုနောက်ထွက်မယ့် ဖုန်းအသစ်မှာလည်း အသုံးပြုသွားမယ်ဆိုတာ သတင်းထွက်လာပါပြီ။ အပြောခံနေရတာကတော့ Mi 8 Explorer Editon မှာ သုံးထားတဲ့ Transparent Design အသစ်ကြောင့်ပါ။ နောက်ကျောဖက် Glass ကို ထွင်းဖောြက်မင်ရအောင်လုပ်ထားပြီး ဖုန်းအတွင်းပိုင်းကိုမြင်ရအောင် ပြုလုပ်ပေးထားတာပါ။ 

Mi 8 EE Glass Design

အတွင်းမှာမြင်ရတာကတော့ ဖုန်းရဲ့ Logic Board ပါ။ ဒါပေမယ့် တကယ်တမ်းကတော့ Logic Board က တကယ်အလုပ်လုပ်တဲ့ Logic Board မဟုတ်ဘဲ အလှဆင်ထားတဲ့ Logic Board အတုပါ။ အဲ့ဒီအချက်က အရေးမကြီးပေမယ့် Xiaomi Fan တွေကတော့ သဘောာကျတဲ့သူနဲ့ သဘောမကျသူဆိုပြီး နှစ်ဖွဲ့ကွဲနေပါတယ်။ Logic Board အတုကို အတုလို့ပြောတာကို မကျေနပ်ဖြစ်နေကြသလို Online Forum တွေမှာလည်း ဆူညံနေတုန်းပါ။ လှဖို့အတွက် အခုလိုလုပ်ထားတာဆိုပေမယ့် Logic Board က အစစ် ဟုတ်မဟုတ်ငြင်းနေကြရင်း Online မှာ အခုထိမပြီးနိုင်ဖြစ်နေကြတုန်းပါ။ 

Leaked Image from Tenaa

အဲ့ဒီလိုအပြင်းစားအငြင်းအခုံတွေလုပ်နေတဲ့ကြားထဲက Xiaomi ဆီက သတင်းအစအနတစ်ခုထပ်ထွက်လာတာက နောက်ထွက်မယ့် Mi Note 4 မှာလည်း Mi 8 Explorer Edition လို Design ကိုသုံးသွားမယ်ဆိုတာပါ။ တရုပ်နိုင်ငံရဲ့ ဆက်သွယ်ရေးပစ္စည်းစစ်ဆေးတဲ့ TENAA Website မှာ Mi 8 Explorer Edition နဲ့ဆင်တဲ့ Device အသစ်တစ်ခုကို တွေ့ရတာပါ။ Mi 8 Explorer Editoin မှာလိုမျိုး Face Recognition Sensor ပါဝင်တာမျိုးတော့ မရှိပါဘူး။ ခန့်မှန်းချက်တွေအရတော့ Mi 8 Explorer Edition ရဲ့ ဈေးသက်သာတဲ့ Version ဖြစ်လာနိုင်သလို အသစ်ထွက်မယ့် Mi Note 4 Special Editon လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နောက်ကျောဖက် အပြင်အဆင်က လက်ရှိ Mi 8 Explorer Editon နဲ့ တော်တော်ကို ဆင်နေတာကြောင့် ပြောရခက်နေပါသေးတယ်။ 

Mi 8 EE In-Display Fingerprint Scanner

အခုတွေ့ရတဲ့ဖုန်းမှာတော့ အမျိုးအမည်မသိရတဲ့ 2.8Ghz Processor ၊ 2900mAh Battery  ပါတာတွေ့ရပါတယ်။ Mi 8 Explorer Edition မှာတော့ 3000mAh Battery ပါနေပါတယ်။ တခြား Mi 8 Explorer Edition နဲ့တူညီတဲ့အချက်တွေကတော့ Headphone Port မပါတာ၊ In-Display Fingerprint Scanner ပါတာ၊ IR Blaster ပါတာတွေပဲဖြစ်ပါတယ်။ Display အပါအဝင် ဖုန်းအရွယ်အစားကလည်း Mi 8 Explorer Edition နဲ့ အတူတူပဲဖြစ်နေတာကြောင့် စိတ်ဝင်စားစရာကောင်းနေပါတယ်။ Xiaomi အနေနဲ့တော့ ခန့်မှန်းမြန်မာငွေ ၈ သိန်းကျော်ဝန်းကျင်လောက်ရှိမယ့် Mi 8 Explorer Edition ထက် ပိုပြီးဈေးသက်သာမယ့် Version ကိုထုတ်လာနိုင်ပါတယ်။ Face Unlock အတွက် Sensor တွေလျှော့ချပြီး In-Display Fingerprint Scanner တစ်မျိုးတည်းကိုပဲ ထည့်းပေးသွားပြီး RAM 4GB ၊ ROM 64GB နဲ့ ဈေးလျှော့ရောင်းလာနိုင်ပါတယ်။ သင်ရော Explorer Editon ကို ဒီထက်ဈေးသက်သာတဲ့ဖုန်း ဖြစ်စေချင်ပါသလား။ 

Ref: Android Authority

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။