အိန္ဒိယဘုရင်ကြီး Xiaomi ကတော့ မနေ့တနေ့က အရောင်းပြီးသွားတဲ့ Galaxy M စီးရီးဖုန်းတွေကို မိန့်မိန့်ကြီး ထိုင်ကြည့်နေပြီး စကားတခွန်းနဲ့ပဲ Samsung ကို လှလှပပ် တုံ့ပြန်ခဲ့ပါတယ်။ ဒါကို Upside Down မော်ဒယ် ကြော်ငြာ ၂ ခုနဲ့ ယှဉ်ပြသွားပြီး Galaxy M20 မှာ ခေတ်အောက်နေတဲ့ TFT (Thin Film Transistor) Display သုံးထားလို့ ပုံရိပ်ဟာ ဝေဝါးနေတယ်၊ Camera ပိုင်းမှာဆိုရင်လည်း Redmi Note 7 ကို မမီဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ Galaxy M စီးရီးတွေကို စောင်းပြောခဲ့ပါတယ်။

Samsung အနေနဲ့ အိန္ဒိယဈေးကွက်မှာ Xiaomi ကို ပစ်မှတ်ထားပြီး Budget ဖုန်းမိတ်ဆက်တာဖြစ်ပေမယ့် Note 7 ရဲ့ 48MP ဆိုတာကြီးက Mid-range ဖုန်းတချို့ကိုတောင် ငုတ်တုပ်မေ့သွားစေသလိုပါပဲ။

ဒါကြောင့် “Good Things Come to Thouse Who Wait” လို့ ပြောဆိုသွားပြီး အဓိပ္ပာယ်က “Xiaomi ဟာ အိန္ဒိယမြေကို တန်ဖိုးနည်း၊ အရည်သွေးမြင့် ဖုန်းတွေမိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်၊ ဒါကို Galaxy M လို Display ရော ကင်မရာပိုင်းမှာပါ Note 7 ကို မမီတဲ့ဖုန်းမျိုးနဲ့ ယှဉ်ပြိုင်ဖို့မဖြစ်နိုင်ဘူးလို့” သုံးသပ်ကြည့်ရမှာပါ။

နောက်ပြီး Galaxy “M” ကို သရောထားတဲ့ Upside Down ကြော်ငြာထပ်တင်ထားလို့ Samsung ကို Bash တာ သိသာလွန်းပါတယ်။ အိန္ဒိယမှာ Redmi Note 7 က Best Seller ဖြစ်နေတယ်၊ ဈေးကွက် အများဆုံးပိုင်ဆိုင်ထားတာဆိုတော့လည်း Budget တန်းမှာ Xiaomi ကို ယှဉ်နိုင်ဖို့ဆိုရင် Quality ထက် Price ကို တတ်နိုင်သမျှ လျော့ချလို့လည်း မဖြစ်နိုင်ဘူးဆိုတာနဲ့ တပ်လှန့်ထားလိုက်တာလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။

Source: GSMArena