လက္ရွိအခ်ိန္မွာ Gaming Console ေစ်းကြက္မွာ အျမဲတမ္းေျပာခံေနရတာတစ္ခုကေတာ့ Gaming Console ေတြဟာ PC ေတြလိုမ်ိဳး Refresh Rate အျမင့္ေတြနဲ႔ေဆာ့ကစားလုိ႔မရႏုိင္ပဲ 30fps နဲ႔ပဲ ေဆာ့ကစားႏုိင္တာပဲျဖစ္ပါတယ္။

Xbox One

ဒါက ယခင္အခ်ိန္အထိေတာ့မွန္ကန္တဲ့အခ်က္တစ္ခုေပမယ့္ ျပီးခဲ့တဲ့ Sony PlayStation 4 Pro မွာ ဆုိရင္ 4K HDR ကို 60fps အထိရရွိလာျပီျဖစ္တဲ့အတြက္ တျဖည္းျဖည္း PC နဲ႔ Console အၾကားက Refresh Rate ကြာျခားမႈက ေလာ်႔နည္းလာတယ္လုိ႔ ေျပာလုိ႔ရလာပါတယ္။ ဒါေပမယ့္ PC ေတြလုိမ်ိဳးေတာ့ 144Hz Refresh Rate နဲ႔ 240Hz Refresh Rate ေတြကိုေတာ့ ေဆာ့ကစားႏုိင္ျခင္းမရွိေသးပါဘူး။

အခုအခ်ိန္မွာေတာ့ Microsoft ရဲ႕ ထပ္မံၾကိဳးပမ္းမႈတစ္ခုအေနနဲ႔ Xbox One Console ဂိမ္းစက္ေတြကို 120Hz Refresh Rate နဲ႔ လာမယ့္ ေမလ Software Update ျပဳလုပ္ျပီးတာနဲ႔ ေဆာ့ကစားႏုိင္ေတာ့မွာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး ပိုျပီး ျမင့္မားလာတဲ့ Refresh Rate ေၾကာင့္ Xbox One ရဲ႕ ဂိမ္းေတြက ပိုျပီး Smooth ျဖစ္လာျပီး Responsive ပိုျဖစ္လာမွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ သင့္မွာ Xbox One S ဒါမွမဟုတ္ Xbox One X ရွိေနတယ္ဆုိရင္ေတာ့ 4K Gaming အတြက္က 120Hz Refresh Rate က ဂိမ္းေတြကို ေကာင္းေကာင္း Handle လုပ္ႏုိင္ဦးမွာမဟုတ္ပါဘူး။ ဒါကလည္း Xbox Console ထက္ လက္ရွိ TV နဲ႔ ခ်ိတ္ဆက္တဲ့ HDMI 2.0 က 4K Resolution ကို 60fps ပဲ Support ျပဳလုပ္ေနေသးတာေၾကာင့္ျဖစ္ပါတယ္။ လာမယ့္ HDMI 2.1 မွာေတာ့ အခုျပႆနာကို ေျဖရွင္းႏုိင္မယ္လုိ႔ ယူဆရပါတယ္။

Xbox One 120Hz Refresh Rate

အဲ့ဒီအတြက္ အခုေလာေလာဆယ္မွာ Xbox One Console လည္းရွိေနျပီးေတာ့ 120Hz Refresh Rate ကို Resolution အျမင့္ဆံုးနဲ႔ ေဆာ့ကစားခ်င္တယ္ဆိုရင္ေတာ့ 1440p Resolution မွာပဲ 120Hz Refresh Rate ကို Support ျပဳလုပ္တဲ့ Monitor နဲ႔ ေဆာ့ကစားမွပဲရမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလုိမ်ိဳး Game Console ေတြမွာ သိသိသာသာေျပာင္းလဲတိုးတက္မႈေတြရွိလာတာကေတာ့ ဝမ္းသာစရာပါ။

Ref : Trusted Reviews

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ Gaming Console ဈေးကွက်မှာ အမြဲတမ်းပြောခံနေရတာတစ်ခုကတော့ Gaming Console တွေဟာ PC တွေလိုမျိုး Refresh Rate အမြင့်တွေနဲ့ဆော့ကစားလို့မရနိုင်ပဲ 30fps နဲ့ပဲ ဆော့ကစားနိုင်တာပဲဖြစ်ပါတယ်။

Xbox One

ဒါက ယခင်အချိန်အထိတော့မှန်ကန်တဲ့အချက်တစ်ခုပေမယ့် ပြီးခဲ့တဲ့ Sony PlayStation 4 Pro မှာ ဆိုရင် 4K HDR ကို 60fps အထိရရှိလာပြီဖြစ်တဲ့အတွက် တဖြည်းဖြည်း PC နဲ့ Console အကြားက Refresh Rate ကွာခြားမှုက လောျ့နည်းလာတယ်လို့ ပြောလို့ရလာပါတယ်။ ဒါပေမယ့် PC တွေလိုမျိုးတော့ 144Hz Refresh Rate နဲ့ 240Hz Refresh Rate တွေကိုတော့ ဆော့ကစားနိုင်ခြင်းမရှိသေးပါဘူး။

အခုအချိန်မှာတော့ Microsoft ရဲ့ ထပ်မံကြိုးပမ်းမှုတစ်ခုအနေနဲ့ Xbox One Console ဂိမ်းစက်တွေကို 120Hz Refresh Rate နဲ့ လာမယ့် မေလ Software Update ပြုလုပ်ပြီးတာနဲ့ ဆော့ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ပိုပြီး မြင့်မားလာတဲ့ Refresh Rate ကြောင့် Xbox One ရဲ့ ဂိမ်းတွေက ပိုပြီး Smooth ဖြစ်လာပြီး Responsive ပိုဖြစ်လာမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် သင့်မှာ Xbox One S ဒါမှမဟုတ် Xbox One X ရှိနေတယ်ဆိုရင်တော့ 4K Gaming အတွက်က 120Hz Refresh Rate က ဂိမ်းတွေကို ကောင်းကောင်း Handle လုပ်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါကလည်း Xbox Console ထက် လက်ရှိ TV နဲ့ ချိတ်ဆက်တဲ့ HDMI 2.0 က 4K Resolution ကို 60fps ပဲ Support ပြုလုပ်နေသေးတာကြောင့်ဖြစ်ပါတယ်။ လာမယ့် HDMI 2.1 မှာတော့ အခုပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။

Xbox One 120Hz Refresh Rate

အဲ့ဒီအတွက် အခုလောလောဆယ်မှာ Xbox One Console လည်းရှိနေပြီးတော့ 120Hz Refresh Rate ကို Resolution အမြင့်ဆုံးနဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ 1440p Resolution မှာပဲ 120Hz Refresh Rate ကို Support ပြုလုပ်တဲ့ Monitor နဲ့ ဆော့ကစားမှပဲရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Game Console တွေမှာ သိသိသာသာပြောင်းလဲတိုးတက်မှုတွေရှိလာတာကတော့ ဝမ်းသာစရာပါ။

Ref : Trusted Reviews

Zawyè (Akhayar) 

www.akhayar.com