[Zawgyi]

အသက္ႀကီးေပမယ့္ မပ်က္စီးေသးတဲ့ ႏွစ္ခ်ိဳ႕၀ုိင္ ဇာဗီ Xavi

အသက္(၃၈)ႏွစ္အရြယ္ဆုိတာက ေဘာလုံးသမားတစ္ဦးအတြက္ ပေရာ္ဖက္ရွင္နယ္ဘ၀ကုိ လက္ျပႏႈတ္ဆက္ရမယ့္ အခ်ိန္။ ဒါေပမဲ့ အဲဒါက ဇာဗီ Xavi အတြက္ေတာ့ မမွန္ကန္ေသးဘူး။ သူဟာ ႏွစ္ခ်ိဳ႕၀ုိင္မ်ားလား။ သက္တမ္းၾကာေလ အရည္အေသြး ပုိတက္လာေလ။ ဘာစီလုိနာ ကစားသမားဘ၀ကုိ နိဂုံးခ်ဳပ္ခဲ့ၿပီး ကာတာကလပ္ အယ္လ္ဆက္ဒ္အသင္းမွာ စာမ်က္ႏွာသစ္ ဖြင့္လွစ္ခဲ့တ့ဲ ဇာဗီဟာ လူငယ္ေလးတစ္ေယာက္ရဲ႕ ေျခစြမ္းမ်ိဳး ျပသေနတယ္။ အာရွခ်န္ပီယံလိဂ္ ပထမအေက်ာ႔ Persepolis နဲ႔ ကစားခဲ့တဲ့ပဲြမွာ ဇာဗီ အယ္လ္ဆက္ဒ္ ကစားသမားဘ၀ ရာျပည့္ပဲြျဖစ္ခဲ့တယ္။ အိမ္ကြင္းမွာ အယ္လ္ဆက္ဒ္အသင္း ႐ႈံးပဲြေတြ႕ခဲ့ေပမယ့္ ဇာဗီရဲ႕ စြမ္းေဆာင္မႈ မွတ္တမ္းက အားရစရာ။

Xavi

Xavi

ပဲြ(၁၀၀)မွာ ဂုိးဖန္တီးမႈ (၆၅)ႀကိမ္၊ သြင္းဂုိး(၂၂)ဂုိးဆုိတဲ့ စြမ္းေဆာင္ရည္မွတ္တမ္းက ဇာဗီဟာ အသက္(၃၈)ႏွစ္အရြယ္ ေဘာလုံးသမားမွ ဟုတ္ရဲ႕လားလုိ႔ သံသယျဖစ္ရတဲ့အထိပဲ။ အခုဆို ဇာဗီဟာ အာရပ္ကလပ္အသင္း တစ္သင္းနဲ႔အတူ ပဲြ(၁၀၀)ျပည့္ခဲ့တဲ့ ပထမဆုံး စပိန္ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ၿပီ။ အသက္(၃၅)ႏွစ္အရြယ္ ၂၀၁၅ မွာ ဇာဗီကုိ အသင္းစာမ်က္ႏွာထဲက ထုတ္ပယ္ခဲ့တဲ့ ဘာစီလုိနာ အခုေလာက္ဆုိ သူတို႔လုပ္ရပ္အတြက္ ေနာင္တ ရေနမလား။ ဇာဗီဆုိတာ အသက္ႀကီးေပမယ့္ မပ်က္စီးေသးတဲ့ ေဘာလုံးသမားပါပဲ။

REF:.marca
Photo:Sport English,mundial11
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ နှစ်ချို့ဝိုင် ဇာဗီ Xavi

အသက်(၃၈)နှစ်အရွယ်ဆိုတာက ဘောလုံးသမားတစ်ဦးအတွက် ပရော်ဖက်ရှင်နယ်ဘဝကို လက်ပြနှုတ်ဆက်ရမယ့် အချိန်။ ဒါပေမဲ့ အဲဒါက ဇာဗီ Xavi အတွက်တော့ မမှန်ကန်သေးဘူး။ သူဟာ နှစ်ချို့ဝိုင်များလား။ သက်တမ်းကြာလေ အရည်အသွေး ပိုတက်လာလေ။ ဘာစီလိုနာ ကစားသမားဘဝကို နိဂုံးချုပ်ခဲ့ပြီး ကာတာကလပ် အယ်လ်ဆက်ဒ်အသင်းမှာ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့တဲ့ ဇာဗီဟာ လူငယ်လေးတစ်ယောက်ရဲ့ ခြေစွမ်းမျိုး ပြသနေတယ်။ အာရှချန်ပီယံလိဂ် ပထမအကျော့ Persepolis နဲ့ ကစားခဲ့တဲ့ပွဲမှာ ဇာဗီ အယ်လ်ဆက်ဒ် ကစားသမားဘ၀ ရာပြည့်ပွဲဖြစ်ခဲ့တယ်။ အိမ်ကွင်းမှာ အယ်လ်ဆက်ဒ်အသင်း ရှုံးပွဲတွေ့ခဲ့ပေမယ့် ဇာဗီရဲ့ စွမ်းဆောင်မှု မှတ်တမ်းက အားရစရာ။

Xavi

Xavi

ပွဲ(၁၀၀)မှာ ဂိုးဖန်တီးမှု (၆၅)ကြိမ်၊ သွင်းဂိုး(၂၂)ဂိုးဆိုတဲ့ စွမ်းဆောင်ရည်မှတ်တမ်းက ဇာဗီဟာ အသက်(၃၈)နှစ်အရွယ် ဘောလုံးသမားမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်ရတဲ့အထိပဲ။ အခုဆို ဇာဗီဟာ အာရပ်ကလပ်အသင်း တစ်သင်းနဲ့အတူ ပွဲ(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံး စပိန်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီ။ အသက်(၃၅)နှစ်အရွယ် ၂၀၁၅ မှာ ဇာဗီကို အသင်းစာမျက်နှာထဲက ထုတ်ပယ်ခဲ့တဲ့ ဘာစီလိုနာ အခုလောက်ဆို သူတို့လုပ်ရပ်အတွက် နောင်တ ရနေမလား။ ဇာဗီဆိုတာ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဘောလုံးသမားပါပဲ။

REF:.marca
Photo:Sport English,mundial11
Naing Linn(Akhayar)
www.akhayar.com