[Zawgyi]





www.akhayar.com


[Unicode]

ဖေဖော်ဝါရီ ၂၇ မှာ ဒုတိယမြောက်အခွေကို ပရိသတ်တွေလက်ထဲထည့်ပေးတော့မယ့် X-Box

လူငယ်ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုရရှိထားပြီးဖြစ်တဲ့ လူငယ်အဆိုတော် X-Box က သူရဲ့ဒုတိယမြောက်တစ်ကိုယ်တော် “99” အမည်ရှိတဲ့ တေးစီးရီးကို ဖေဖော်ဝါရီလ ၂၇ နေ့မှာ ပရိသတ်တွေလက်ထဲ အရောက်ထည့်ပေးတော့မှာဖြစ်ပါတယ်။

“ကိုးဆယ့်ကိုးပေါက်အခွေက တကယ်လာပါပြီ။ကျွန်တော် X-Box ရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီး 99 Album ကို ဖေဖော်ဝါရီ ၂၇ မှာ တစ်နိုင်ငံလုံးက ကျွန်တော့ပရိတ်သတ်တွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေအားလုံး ဝယ်ယူနားထောင်လို့ရပါပြီ” လို့ X-Box က ဆိုပါတယ်။

အဆိုတော် X-Box ရဲ့ ပထမတစ်ကိုယ်တော်တေးစီးရီးအခွေကလည်း ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရရှိခဲ့ပြီး “99” အခွေထဲမှာလည်းသီချင်းသစ်တွေပါဝင်တဲ့အတွက် ရှိုးပွဲတွေမှာ ပရိသတ်တွေနဲ့ သီချင်းသစ်တွေနဲ့အတူ ကဲနိုင်မှာဖြစ်ကြောင်းလည်းဆိုပါတယ်။ ဒီ “99” အခွေထဲမှာ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ မိုးထက်၊ နေ၊ မြတ်အမရမောင်၊ Double-J တို့ကလည်း ပါဝင်ကူညီပေးထားကြပြီး၊ X-Box ရဲ့ပရိသတ်တွေကတော့ “99” ကာဗာပုံရိပ်ကို မိမိတို့အသုံးပြုနေတဲ့ ဖေ့ဘုတ်မှာ ပရိုဖိုင်အဖြစ်ပြောင်းပြီး အားပေးဝန်းရံပေးနေကြတာကိုလည်း တွေ့ရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။