[Zawgyi]

ခ်စ္သူနဲ႔အႀကိဳက္ခ်င္းတူလို႔တစ္ခုခုစားၿပီဆိုရင္လုေတာင္စားရတယ္ဆိုတဲ့၀ိုင္းစုခိုင္သိန္း

ဂီတေလာကမွာ လက္ရိွအခ်ိန္ထိေအာင္ျမင္ေနဆဲျဖစ္ၿပီး ပရိသတ္အားေပးမႈ အခိုင္အမာရရိွထားတဲ့ခ်စ္သူစုံတြဲျပပါဆိုရင္ ၀ိုင္းစုခိုင္သိန္းနဲ ႔ေအာင္လပဲျဖစ္ ပါတယ္။ သူတို႕ႏွစ္ေယာက္ ဟာ၀ါသနာတူ၊ အႀကိဳက္ခ်င္းလည္းတူၾကပါတယ္။ ဒါေၾကာင့္အိမ္ေထာင္ျပဳဖို႔ အစီအစဥ္ရိွမရိွနဲ႔ပတ္သက္ၿပီး ၀ိုင္းစုခိုင္သိန္းကို ေမးျမန္းၾကည့္ေတာ့…

“သူနဲ႔ကအေဖာ္သေဘာေပါ့။ လုပ္ငန္းတူ၊၀ါသနာတူေတာ့ တိုင္ပင္ရတာ လည္းေကာင္းတယ္။ ေပ်ာ္ဖို႔လည္း ေကာင္းပါတယ္။ အိမ္ေထာင္ျပဳဖို႔ထက္ အလုပ္ေတြလုပ္ခ်င္ေသးပါတယ္။ ကိုယ္ကအလုပ္နဲ႔ပတ္သက္ရင္ နည္းနည္းေလာဘႀကီး တယ္ဆိုေတာ့တစ္ခု ၿပီးသြားလိုက္ေနာက္တစ္ခုျပန္ စလိုက္နဲ႔ပဲဆိုေတာ့ အိမ္ေထာင္ျပဳမယ္ဆိုရင္ အသိေပးမွာပါ”။

ဝိုင္းစု နဲ႕ ေအာင္လ

ဝိုင္းစု နဲ႕ ေအာင္လ

ပင္လယ္ကမ္းေျခေတြပဲသြားျဖစ္တာမ်ားတာကေရာဘယ္လိုေၾကာင့္မ်ားလဲဆုိတာကိုလည္း အခုလိုေျပာျပခဲ့ပါေသးတယ္။

“နဂိုကတည္းကိုကကမ္းေျခေတြကို အရမ္းႀကိဳက္တယ္။ ကမ္းေျခသီခ်င္းေတာင္ ဆိုထားတာဆိုေတာ့ ပင္လယ္ကမ္းေျခေတြကိုသြားရတာ သေဘာက်တယ္။ သူကလည္းႀကိဳက္တယ္ဆိုေတာ့ သြားျဖစ္တယ္။ သူနဲ႔ကိုယ္နဲ႔ကအႀကိဳက္ ခ်င္းေရာ၀ါသနာခ်င္းတူပါတယ္”လို႔ဆုိပါတယ္။

ခ်စ္သူနဲ႔ကိုယ္နဲ႔အႀကိဳက္ခ်င္းတူေတာ့ညိွႏိႈင္းရတာအဆင္ေျပေပမယ့္ ၾကိဳက္ပံုၾကိဳက္နည္းေတြက အစတူေနေတာ့ ဟင္းေတြကိုေတာင္လုစားရပါတယ္လို႔ ရယ္ေမာျပီးေျပာျပခဲ့ပါတယ္။

ဝိုင္းစု

ဝိုင္းစု

“သူကအရမ္းႀကီးေလာဘမႀကီးဘူး။ ေအးေအးေဆးေဆးနဲ႔သူရဲ႕ Music Creation ကိုဘယ္လိုေကာင္းေအာင္ လုပ္မယ္ပဲစဥ္းစားတယ္။ အစ္မက အလုပ္ကို ဒါမၿပီးေသးဘူး။ ဟိုဟာ။ ဒီဟာဆိုေတာ့သူကေတာ့ေကာ တာေပါ့ေနာ္။ ေနာက္ၿပီးအႀကိဳက္ခ်င္းလည္းတူ ၊၀ါသနာခ်င္းလည္းတူေတာ့ ညိွရႏိႈင္းရတာ ပိုအဆင္ေျပတယ္။ ဒါေပမယ့္ တစ္ခုမေကာင္းတာက ဟင္းဆိုလုစားရတယ္။ ႀကိဳက္ပုံႀကိဳက္နည္းကအစ အႀကိဳက္တူေနေတာ့ တစ္ခုခုစားၿပီဆိုရင္ လုစားရတယ္”လို႔ဆိုပါတယ္။

Photo Credit:Aung La Facebook

www.akhayar.com
<strong[Unicode]

ချစ်သူနဲ့အကြိုက်ချင်းတူလို့တစ်ခုခုစားပြီဆိုရင်လုတောင်စားရတယ်ဆိုတဲ့ဝိုင်းစုခိုင်သိန်း

ဂီတလောကမှာ လက်ရှိအချိန်ထိအောင်မြင်နေဆဲဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ချစ်သူစုံတွဲပြပါဆိုရင် ဝိုင်းစုခိုင်သိန်းနဲ့အောင်လပဲဖြစ် ပါတယ်။ သူတို့နှစ်ယောက် ဟာဝါသနာတူ၊ အကြိုက်ချင်းလည်းတူကြပါတယ်။ ဒါကြောင့်အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိမရှိနဲ့ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းကို မေးမြန်းကြည့်တော့…

“သူနဲ့ကအဖော်သဘောပေါ့။ လုပ်ငန်းတူ၊ဝါသနာတူတော့ တိုင်ပင်ရတာ လည်းကောင်းတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ အိမ်ထောင်ပြုဖို့ထက် အလုပ်တွေလုပ်ချင်သေးပါတယ်။ ကိုယ်ကအလုပ်နဲ့ပတ်သက်ရင် နည်းနည်းလောဘကြီး တယ်ဆိုတော့တစ်ခု ပြီးသွားလိုက်နောက်တစ်ခုပြန် စလိုက်နဲ့ပဲဆိုတော့ အိမ်ထောင်ပြုမယ်ဆိုရင် အသိပေးမှာပါ”။

ဝိုင်းစု နဲ့ အောင်လ

ဝိုင်းစု နဲ့ အောင်လ

ပင်လယ်ကမ်းခြေတွေပဲသွားဖြစ်တာများတာကရောဘယ်လိုကြောင့်များလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

“နဂိုကတည်းကိုကကမ်းခြေတွေကို အရမ်းကြိုက်တယ်။ ကမ်းခြေသီချင်းတောင် ဆိုထားတာဆိုတော့ ပင်လယ်ကမ်းခြေတွေကိုသွားရတာ သဘောကျတယ်။ သူကလည်းကြိုက်တယ်ဆိုတော့ သွားဖြစ်တယ်။ သူနဲ့ကိုယ်နဲ့ကအကြိုက် ချင်းရောဝါသနာချင်းတူပါတယ်”လို့ဆိုပါတယ်။

ချစ်သူနဲ့ကိုယ်နဲ့အကြိုက်ချင်းတူတော့ညှိနှိုင်းရတာအဆင်ပြေပေမယ့် ကြိုက်ပုံကြိုက်နည်းတွေက အစတူနေတော့ ဟင်းတွေကိုတောင်လုစားရပါတယ်လို့ ရယ်မောပြီးပြောပြခဲ့ပါတယ်။

ဝိုင်းစု

ဝိုင်းစု

“သူကအရမ်းကြီးလောဘမကြီးဘူး။ အေးအေးဆေးဆေးနဲ့သူရဲ့ Music Creation ကိုဘယ်လိုကောင်းအောင် လုပ်မယ်ပဲစဉ်းစားတယ်။ အစ်မက အလုပ်ကို ဒါမပြီးသေးဘူး။ ဟိုဟာ။ ဒီဟာဆိုတော့သူကတော့ကော တာပေါ့နော်။ နောက်ပြီးအကြိုက်ချင်းလည်းတူ ၊ဝါသနာချင်းလည်းတူတော့ ညှိရနှိုင်းရတာ ပိုအဆင်ပြေတယ်။ ဒါပေမယ့် တစ်ခုမကောင်းတာက ဟင်းဆိုလုစားရတယ်။ ကြိုက်ပုံကြိုက်နည်းကအစ အကြိုက်တူနေတော့ တစ်ခုခုစားပြီဆိုရင် လုစားရတယ်”လို့ဆိုပါတယ်။

Photo Credit:Aung La Facebook

www.akhayar.com