[Zawgyi]
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
သူမရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဝိုင်းလေး
အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အခုတစ်ယောက်တည်း ဖြစ်သွားပါပြီ ဆိုပြီးတော့ဝိုင်းလေးက သူ့ရဲ့ Instagram အကောင့်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ “RS တစ်ခုရေရှည်တည်တံံ့ပြီး တသက်လုံးသစ္စာရှိသွားဖို့ိဆိုတာ မိန်းကလေးတစ်ယောက်ထဲ အတင်းလုပ်ယူလို့မရသလို ၂ဖက်လုံးနားလည်မှု ရှိမှလက်တွဲဖော်ဖြစ်လာပါလိမ့်မယ်” လို့လည်း ရေးသားထားတာကို တွေ့ရပါတယ်။
“ဘယ်လောက်ခွင့်လွှတ်သည်းခံ အတိုင်းအတာတစ်ခုထိပေါ့ ဘယ်သူမှထိခိုက်စရာမရှိတော့ပါဘူး ၊ ကိုယ့်လမ်းကိုယ် လိပ်ပြာသန့်သန့်သွားလို့ရတယ်ဆိုရင် ကောင်းပါတယ်” ဆိုပြီး သူမရဲ့ Instagram မှာ ရေးသားထားတာလည်းဖြစ်ပါတယ်။
ဝိုင်းလေး ဟာအဆိုတော်တစ်ဦးဖြစ်တဲ့ အပြင် ၂၀၁၄ ခုနှစ်က Miss World Myanmar ဆုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဝိုင်းလေး က သီချင်းဆိုကောင်းသလို ချစ်စရာမျက်နှာသွင်ပြင်နဲ့ ပရိသတ်ရဲ့ချစ်ခင်မှု ကိုရရှိထားတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
Photo Credit:Wyne Lay Instagram
ကြည်သာ (Akhayar)
www.akhayar.com