[Zawgyi]
#wutthmoneshweyi
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
www.akhayar.com
[Unicode]
မွေးနေ့ည ဘုရားတက် ဆီမီးပူဇော်ကုသိုလ်ယူခဲ့တဲ့ ဝတ်မှုန်ရွှေရည်
ရွှေမင်းသမီးလေး ဝတ်မှုန်ရွှေရည်ရဲ့ မွေးနေ့ဟာ သြဂုတ်လ ၁၀ ရက်နေ့ ဖြစ်တဲ့အတွက် အဲဒီနေ့မနက်ပိုင်းမှာ အောင်ဇမ္ဗူတောရ ကျောင်းမှာ အလှူလုပ်ခဲ့ပြီး ညပိုင်းမှာလည်း ရွှေတိဂုံဘုရားမှာ ဆီမီးကပ်လှူခဲ့ပါတယ်။ အနီရောင်မြန်မာဝတ်စုံလေးနဲ့ လှပနေတဲ့ ကစ်ကစ်ဟာ ဒီနှစ်မွေးနေ့မှာ အသက် (၃၀ ) ပြည့်ပြီး ထိပ်စီးပြောင်းသွားပြီ ဖြစ်ပါတယ်။
ဒီအကြောင်းကို ကစ်ကစ်ရဲ့ Faceb0ok Page မှာ အခုလို တင်ထားခဲ့ပါတယ်။
“တနေ့ကမွေးနေ့ည ဘုရားတက် ဆီမီးပူဇော်ပြီး ကိုနေမင်းထွန်း ဓာတ်ဖမ်းပေးထားတဲ့ အလှပုံလေးတွေလည်းတင်ပေးလိုက်တယ်နော်။ဝတ်စုံကတော့ အန်တီပေါက် ပါ။အားလုံးကိုချစ်တယ် xo xo
#wutthmoneshweyi
#itsmybirthday” လို့ ရေးသားဖော်ပြထားတာ ဖြစ်ပြီး ပုံလေးတွေကတော့ အရမ်းကို နုဖတ်ချစ်စရာကောင်းနေပါတယ်။
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်
အဲ့ဒါအပြင် သူ့ရဲ့ မွေးနေ့ကျေးဇူးတင်စကားအနေနဲ့လည်း “ကစ်ရဲ့မွေးနေ့မှာ ဘုရားရှင်ရဲ့မေတ္တာကြောင့် ကျန်းကျန်းမာမာနဲ့ရှိပြီး ကစ်ကိုမွေးခဲ့တဲ့ မေမေနဲ့ဖေဖေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ရှင်။ ဒီကနေပြီးနောက်ထပ် ကန်တော့လိုက်ပါ
တယ်။ နောက်ပြီး ဝတ်မှုန်ရွှေရည်ရယ်လို့ဖြစ်လာအောင် ဒီနေ့ဒီအချိန်အထိ ဖက်ဖက်မှကူညီပေးကြတဲ့သူတွေနဲ့ ကစ်ရဲ့ချစ်ပရိသက်တွေကို အရမ်းကျေးဇူးတင်ပါတယ်လို့။ မွေးနေ့ဆုတောင်းတွေ၊ လက်ဆောင်တွေပေးကြတဲ့အတွက်လည်း တယောက်ချင်းစီကိုအရမ်းချစ်ပါတယ်ရှင်။ အသက်ကလေးရလာပြီဆိုပေမဲ့ လက်ဆောင်တွေ၊ ဆုတောင်းပေးတာတွေတွေ့ရင်တော့ ခုထိပျော်တုန်းတော့။ ကိတ်မုန့်လှလှလေးပို့ပေးတဲ့ OPPO Myanmar နဲ့ ရေသန့်တွေကို အောင်ဇမ္ဇူတာရ ဘုန်းတော်ကြီူကျောင်းအထိရောက်အောင် ပါရမီဖြည့်ပေးတဲ့ Wave Plus ကိုလည်းကျေးဇူးတင်ပါကြောင်း။
မွေးနေ့ညရွှေတိဂုံဘုရားမှာ ဆီမီး ကပ်လှူရင်းသတိနဲ့ အသိကိုဆင်ချင်မိတယ်။ လူတွေကဘယ်လောက်ပဲချစ်ချစ် အချိန်တန်ခွဲရင်ခွဲရမှာပဲလေ။ ကစ်ရဲ့အချစ်တွေကော ကစ်ကိုဘယ်လောက်ထိချစ်မှာလဲအရမ်းသိချင်မိတယ်။ နောက်ပြီး ကစ်ကိုအမြဲချစ်ပြီး ကစ်မွေးနေ့အတွက်ကောင်းမှူတွေလုပ်ပေးတဲ့ မန္တလေးကအချစ်တွေကိုလည်းကစ်ကအရမ်းချစ်ပါတယ်လို့။ ဆီမီးတွေပြင်ဆင်ပေးတဲ့ Bella Cosmetics ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ကစ်မွေးနေ့အတွက် အမှတရသွေး လှူ ပေးတဲ့ အထိ ကစ်က်ုချစ်သော ပရိတ်သတ် ၊နှစ်တိုင်း သတိတရ ဆုတောင်းတွေ လက်ဆောင်တွေ အချစ်တွေ အမြဲပို့ပေးကြတဲ့ kfc fan တွေ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက် များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်လို့#WuttHmoneShweYi #Itsmybirthday”ဆိုပြီး တင်ထားခဲ့ပါတယ်။
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ရွှေကစ်လေးရေ။
www.akhayar.com
Photo Credit : Wutt Hmone Shwe Yi, Amazing Grace