[Zawgyi]



လိပ်ပြာစံအိမ်



နိုင်းနိုင်း


ဒေါင်း





ရိုက်ကွင်းဓာတ်ပုံ

“အော်၊


Yoe Lu (Akhayar)

www.akhayar.com

[Unicode]

‘လိပ်ပြာစံအိမ်’ သရဲကားသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုန်ရွှေရည်

အခုနောက်ပိုင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ်ကောင်းကောင်းလေးတွေ ထွက်နေတဲ့အချိန်မှာ နောက်ထပ် Horror အမျိုးအစားဇာတ်ကားသစ်တစ်ကားထပ်မံထွက်ရှိလာဖို့ ရှိနေပါတယ်။ ဒီဇာတ်ကားကို “From Bangkok to Mandalay ရိုက်ကူးတဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust ပဲ ရိုက်ကူးမှာ ဖြစ်ပြီးတော့ နာမည်က ‘လိပ်ပြာစံအိမ်’ လို့ ပေးထားပါတယ်။

လိပ်ပြာစံအိမ်

ဒီကားမှာ အခုတလော ကားရိုက်ပြန်စိတ်နေတဲ့ နိုင်းနိုင်း၊ ကောင်မလေးတွေရဲ့ အသည်းစွဲ ဒေါင်း၊ ရွှေမင်းသမီးလေး ဝတ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင်အနေနဲ့ ပြည့်ပြည့်နဲ့ တုန်တုန်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

နိုင်းနိုင်းက သမီးကို ကာကွယ်ချင်တဲ့ ၊ အမှန်တရားကိုသာ မြတ်နိုးတဲ့ ဖခင်နေရာမှာ သဘာဝကျကျ သရုပ်ဆောင်ထားပြီး

နိုင်းနိုင်း

ဒေါင်းကတော့ ပဟေဠိဆန်ပြီး ဓာတ်ပုံပညာရူးသွပ်တဲ့ ဓာတ်ပုံဆရာတစ်ယောက်၊ ကလေးတွေကို ချစ်တတ်တဲ့ အဖေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

ဒေါင်း

သရုပ်ဆောင်ပါရမီပါတဲ့ ကလေးလေးနှစ်ယောက်ဖြစ်တဲ့ ပြည့်ပြည့်နဲ့ တုန်တုန်ကတော့ ဇာတ်ဝင်ခန်းတွေမှာ အိုက်တင်၊ ကင်မရာအနေအထား၊ အံဝင်ဂွင်ကျတဲ့ သရုပ်ဆောင်မှုစတာတွေကို မငြီးမငြူဘဲ လူကြီးတွေနဲ့ တွဲပြီး သရုပ်ဆောင်နိုင်လို့ ဒါရိုက်တာကတောင် အံ့သြချီးကျူးရတယ်လို့ ဆိုပါတယ်။

ပြည့်ပြည့်နဲ့ တုန်တုန်

ကစ်ကစ်လို့ခေါ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ သမီးကို ချစ်လွန်းတဲ့ အမေတစ်ယာက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တကယ့်သဘာဝအတိုင်း ငယ်ရွယ်တဲ့ အမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဝတ်မှုန်ရွှေရည်ကလည်း ဒီဇာတ်ကားအတွက်

ဝတ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင်

ရိုက်ကွင်းဓာတ်ပုံ

“အော်၊
ဒီကားရိုက်မှပဲ မိခင်မေတ္တာက အရာရာကိုလွှမ်းခြုံနိုင်တယ်ဆိုတာ ခံစားမိတယ်။ ကားလေးထွက်ရင်အားပေးဦးနော်။ From Bangkok to Mandalay ရုပ်ရှင်ကြားကြီးရိုက်ပေးတဲ့ Director ကြီးပုံဖော်ထားတာပါရှင့်
My upcoming horror film #staytuned
Don’t forget to like and share for more updates “

ဆိုထားပြီး သူရင်ခုန်နေတဲ့ အကြောင်းကို ပြောထားတာမို့ ပရိသတ်ကြိုက် မင်းသားမင်းသမီးတွေပဲ ပါတဲ့ ‘လိပ်ပြာစံအိမ်’ ဇာတ်ကားကို စောင့်မျှော်ကြည့်ရှုရဦးမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Ref : လိပ်ပြာစံအိမ် Page & Wutt Hmone Shwe Yi Page