[Zawgyi]

Reflection ဇာတ္ကားရဲ႕ အ၀တ္အစားကုန္က်စရိတ္က အရမ္းမ်ားပါတယ္ဆိုတဲ့ ၀တ္မႈန္ေရႊရည္

ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ရုံတင္ျပသေတာ့မယ့္ ပရိသတ္ၾကည့္ရႈ႕ဖို႔ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ အမ်ိဳးသမီးအက္ရွင္ဇာတ္ကား Reflection နဲ႔ပတ္သက္ၿပီး ဒီဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ ၀တ္မႈန္ေရႊရည္က ဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။“ဒီကားေလးက ကစ္တို႔ရိုက္ေနက်ကားေတြနဲ႔ေတာ့ မတူဘူးေပါ့။ အက္ရွင္ေတြပါေတာ့ အဓိကကေတာ့ ဒါရိုက္တာပါပဲ။ အန္ကယ္ေလးေျပာသလို လုပ္ခဲ့တာပါပဲ။ အက္ရွင္ကားဆိုေပမယ့္ အဓိကဖက္ရွင္ကို အခန္းတိုင္းလိုလို အစကအဆုံးထိ ဖက္ရွင္က်က် အားလုံး၀တ္ထားၾကတယ္။ အဲဒါကို အက္ရွင္နဲ႔တြဲလိုက္ေတာ့ ကစ္ကစ္ အျမင္ေတာ့ ဒီကားဟာ တစ္ျခားကားေတြနဲ႔ကြဲထြက္တယ္လို႔ ျမင္ပါတယ္။

ၾကည့္တဲ့ပရိသတ္ေတြလည္း ထူးထူးျခားျခားရသေလးတစ္ခု ရမယ္လို႔ ထင္ပါတယ္။ ဒီဇာတ္ကားအတြက္ ကုန္က်စရိတ္ကလည္း မ်ားပါတယ္။ ဖက္ရွင္လည္းျပခ်င္တယ္ဆိုတာနဲ႔ ေသခ်ာေလး အကုန္က်ခံၿပီးေတာ့ Stylist ငွားၿပီးေတာ့ကို စီစဥ္ခဲ့ပါတယ္။ ရုပ္ရွင္ကားတစ္ကားမွာ ဒီလိုမင္းသမီးေလးေယာက္လုံးပါတဲ့ကားဆိုတာ ဆုံဖို႔ရွားပါတယ္။ ဒီကားက အက္ရွင္လည္းျဖစ္တယ္။ ဖိုက္တင္ေတြလည္းပါေတာ့ ေနာက္ထပ္ရိုက္ဖို႔ဆိုတာ မလြယ္ပါဘူး။ ပရိသတ္ေတြ လာၿပီးေတာ့ၾကည့္ပါလို႔ ဖိတ္ေခၚခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

www.akhayar.com

[Unicode]

Reflection ဇာတ်ကားရဲ့ အဝတ်အစားကုန်ကျစရိတ်က အရမ်းများပါတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

နှစ်ဆန်းတစ်ရက်နေ့တွင် ရုံတင်ပြသတော့မယ့် ပရိသတ်ကြည့်ရှု့ဖို့ မျှော်လင့်စောင့်စားနေတဲ့ အမျိုးသမီးအက်ရှင်ဇာတ်ကား Reflection နဲ့ပတ်သက်ပြီး ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်က ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။“ဒီကားလေးက ကစ်တို့ရိုက်နေကျကားတွေနဲ့တော့ မတူဘူးပေါ့။ အက်ရှင်တွေပါတော့ အဓိကကတော့ ဒါရိုက်တာပါပဲ။ အန်ကယ်လေးပြောသလို လုပ်ခဲ့တာပါပဲ။ အက်ရှင်ကားဆိုပေမယ့် အဓိကဖက်ရှင်ကို အခန်းတိုင်းလိုလို အစကအဆုံးထိ ဖက်ရှင်ကျကျ အားလုံးဝတ်ထားကြတယ်။ အဲဒါကို အက်ရှင်နဲ့တွဲလိုက်တော့ ကစ်ကစ် အမြင်တော့ ဒီကားဟာ တစ်ခြားကားတွေနဲ့ကွဲထွက်တယ်လို့ မြင်ပါတယ်။

ကြည့်တဲ့ပရိသတ်တွေလည်း ထူးထူးခြားခြားရသလေးတစ်ခု ရမယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကလည်း များပါတယ်။ ဖက်ရှင်လည်းပြချင်တယ်ဆိုတာနဲ့ သေချာလေး အကုန်ကျခံပြီးတော့ Stylist ငှားပြီးတော့ကို စီစဉ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားမှာ ဒီလိုမင်းသမီးလေးယောက်လုံးပါတဲ့ကားဆိုတာ ဆုံဖို့ရှားပါတယ်။ ဒီကားက အက်ရှင်လည်းဖြစ်တယ်။ ဖိုက်တင်တွေလည်းပါတော့ နောက်ထပ်ရိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ပရိသတ်တွေ လာပြီးတော့ကြည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

www.akhayar.com