[Zawgyi]











ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဝတ်မှုန်ရွှေရည်ဝတ်ဆင်ခဲ့တဲ့ အလန်းစားဖက်ရှင်လေးများ

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဝတ်မှုန်ရွှေရည်ဝတ်ဆင်ခဲ့တဲ့ အလန်းစားဝတ်စုံဒီဇိုင်းလေးတွေကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Dress Gallery ပွဲကိုတက်ရောက်ခဲ့စဉ်

Dress Gallery ရဲ့အမိုက်စားအလန်းစား fashion တွေ wedding gown တွေကိုပြသတဲ့ ပွဲလေး ကိုတက်ရောက်ခဲ့စဉ်က ပုံလေးတွေဖြစ်ပါတယ်။ သူမကို ကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါး နဲ့ လန်းဆန်းနေတဲ့ ဖက်ရှင်အမြင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဇာတိမြေရုပ်ရှင် Press Show ကိုတက်ရောက်ခဲ့စဉ်

ဇာတိမြေရုပ်ရှင်ဇာတ်ကား ကို Press Show ပြသခဲ့တဲ့နေ့ ကဝတ်ဆင်ခဲ့တဲ့ မြန်မာဆန်ဆန် ပုံစံလေးဖြစ်ပါတယ်။ ဝတ်စုံကို စီစဉ်ပေးသူကတော့ ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇာတိမြေလက်မှတ်ထိုးပွဲကို ညဝတ်အင်္ကျီလေးနဲ့တက်လာတဲ့ ကစ်ကစ်

ဇာတိမြေရုပ်ရှင်အတွက် လက်မှတ်ထိုးပွဲကိုတက်ရောက်လာပြီး ပရိသတ်နဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့တဲ့ ပွဲဖြစ်ပါတယ်။ အဲ့ဝတ်စုံလေးကတော့ ညဝတ်အင်္ကျီပုံစံ ဒီဇိုင်းလေးဖြစ်ပါတယ်။

အင်္ကျီလေးကတော့ ပွဲတက်ဝတ်စုံလေးပါပဲ ဒါပေမယ့်လည်း ဝတ်မှုန်ရွှေရည်က ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ သူမရဲ့အင်္ကျီဒီဇိုင်းလေးကို ညဝတ်အင်္ကျီလေးနဲ့ပဲ ပွဲတက်ခဲ့တယ်ဆိုပြီးတော့ စနှောက်ပြီးရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi Facebook Page(Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com