[Zawgyi]

What’s Wrong with Secretary Kim ရဲ႕ ပရိသတ္အခ်စ္ေတာ္ သူေဌးသားေလး

What’s Wrong with Secretary Kim ဇာတ္လမ္းတြဲေလးနဲ႕ ပရိသတ္အားေပးမႈေတြသိသိသာသာမ်ားလာသူကေတာ့ ေတာင္ကုိရီးယားရဲ႕နာမည္ေက်ာ္မင္းသားေခ်ာ Park Seo Joon ပါပဲ။ ႏႈတ္ခမ္းနီမေလးေတြအသဲခုိက္ေစတဲ့ ဥစၥာေပါရုပ္ေခ်ာသူေဌးသားတစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္ထားတာမုိ႕ Park Seo Joon ကေတာ့ လက္တစ္ေလာ လူမႈကြန္ရက္မွာပါ ေရပန္းစားေနတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။

park-min-young-park-seo-joon

အသက္(၂၉)ႏွစ္အရြယ္ Park Seo Joon ဟာ အတြင္းေရးမႈဳးဇာတ္လမ္းတြဲေလးမွာ အတူတူသရုပ္ေဆာင္ထားတဲ့ မင္းသမီးေခ်ာ Park Min Young နဲ႕လည္း အျပင္မွာ တကယ္ခ်စ္ၾကိဳက္ေနတဲ့ ေကာလဟာလသတင္းေတြထြက္ရွိေနတာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲေလးဟာ ဒီႏွစ္ေလာေလာလတ္လတ္ ထြက္ရွိထားတာမုိ႕ ဇာတ္သိမ္းပုိင္းကုိေတာင္ ပရိသတ္ေတြက စိတ္၀င္စားမႈအျပည့္နဲ႕ ေစာင့္ၾကည့္ေနၾကတာပါ။


Park Seo Joon ဟာ ဒီဇာတ္လမ္းတြဲမတုိင္ခင္က Kill Me ၊ Heal Me ၊ She Was Pretty ၊Hwarang ၊The Poet Warrior Youth ၊ Fight for My Way စတဲ့ ဇာတ္လမ္းတြဲေလးေတြနဲ႕အတူ ပရိသတ္အားေပးမႈတခဲနက္ရရွိထားတာျဖစ္ပါတယ္။ Park ဟာ အႏုပညာသက္တမ္း(၈)ႏွစ္သာသာ ရွိေသးေပမယ့္လည္း သူရုိက္ကူးခဲ့တဲ့ ဇာတ္လမ္းေတြတုိင္းမွာ လူၾကဳိက္မ်ားျပီး မိန္းကေလးပရိသတ္ေတြရင္ထဲ စြဲက်န္ေစခဲ့သူပါ။ Seo Joon တစ္ေယာက္ အသက္(၁၉)ႏွစ္အရြယ္၊ ျပီးခဲ့တဲ့ ၂၀၀၈ ခုႏွစ္မွာ စစ္မႈထမ္းသြားေရာက္ခဲ့ရျပီး ၂၀၁၀ ခုႏွစ္မွာေတာ့ စစ္မႈထမ္းျပန္လာခဲ့ပါတယ္။ သူ အႏုပညာေလာကထဲမွာ ေနရာတစ္္ေနရာရေစခဲ့တဲ့ ပြဲဦးထြက္ လႈပ္ရွားမႈကေတာ့ Bang Yog- guk ရဲ႕ တစ္ကုိယ္ေတာ္သီခ်င္းမွာ ပါ၀င္သရုပ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဒါ့ျပင္ ရုပ္ျမင္သံၾကားဇာတ္လမ္းတြဲေတြ ဆက္တုိက္ရုိက္ကူးခဲ့ရသလုိ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ Music Bank မွာ အစီစဥ္တင္ဆက္သူတစ္ေယာက္အျဖစ္ လုပ္ကုိင္ေပးခဲ့ပါတယ္။ Pots of Gold ဆုိတဲ့ ဇာတ္ကားကေတာ့ သူ႕ကုိ ပြဲဦးထြက္မွတ္တုိင္တစ္ခုအျဖစ္ အမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ပုိင္ဆုိင္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၂၀၁၆ ခုႏွစ္အထိ ဆုေတြ ဆက္တုိက္ရရွိခဲ့သူမုိ႕ အႏုပညာအရည္အေသြးကေတာ့ အ့ံအားသင့္စရာပါပဲ။

လက္တစ္ေလာ နာမည္ၾကီးေနတဲ့ အတြင္းေရးမွဴးမေလးနဲ႕လည္း တကယ္မ်ားတြဲခုတ္ေနလားဆုိတာ သူ႕ကုိခ်စ္တဲ့ ပရိသတ္တုိင္း စိတ္၀င္စားေနရတာျဖစ္ပါတယ္။  ခ်စ္စရာေကာင္းျပီး ပ်ိဳေမတုိ႕ အသဲခုိက္ေစတဲ့ မင္းသား Park Seo Joon ရဲ႕ ပုံရိပ္ေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

Stella (Akhayar)

www.Akhayar.com 

What’s Wrong with Secretary Kim ရဲ့ ပရိသတ်အချစ်တော် သူဌေးသားလေး

What’s Wrong with Secretary Kim ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်အားပေးမှုတွေသိသိသာသာများလာသူကတော့ တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသားချော Park Seo Joon ပါပဲ။ နှုတ်ခမ်းနီမလေးတွေအသဲခိုက်စေတဲ့ ဥစ္စာပေါရုပ်ချောသူဌေးသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာမို့ Park Seo Joon ကတော့ လက်တစ်လော လူမှုကွန်ရက်မှာပါ ရေပန်းစားနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

park-min-young-park-seo-joon

အသက်(၂၉)နှစ်အရွယ် Park Seo Joon ဟာ အတွင်းရေးမှုုးဇာတ်လမ်းတွဲလေးမှာ အတူတူသရုပ်ဆောင်ထားတဲ့ မင်းသမီးချော Park Min Young နဲ့လည်း အပြင်မှာ တကယ်ချစ်ကြိုက်နေတဲ့ ကောလဟာလသတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ ဒီနှစ်လောလောလတ်လတ် ထွက်ရှိထားတာမို့ ဇာတ်သိမ်းပိုင်းကိုတောင် ပရိသတ်တွေက စိတ်ဝင်စားမှုအပြည့်နဲ့ စောင့်ကြည့်နေကြတာပါ။

Park Seo Joon ဟာ ဒီဇာတ်လမ်းတွဲမတိုင်ခင်က Kill Me ၊ Heal Me ၊ She Was Pretty ၊Hwarang ၊The Poet Warrior Youth ၊ Fight for My Way စတဲ့ ဇာတ်လမ်းတွဲလေးတွေနဲ့အတူ ပရိသတ်အားပေးမှုတခဲနက်ရရှိထားတာဖြစ်ပါတယ်။ Park ဟာ အနုပညာသက်တမ်း(၈)နှစ်သာသာ ရှိသေးပေမယ့်လည်း သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေတိုင်းမှာ လူကြိုက်များပြီး မိန်းကလေးပရိသတ်တွေရင်ထဲ စွဲကျန်စေခဲ့သူပါ။ Seo Joon တစ်ယောက် အသက်(၁၉)နှစ်အရွယ်၊ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စစ်မှုထမ်းသွားရောက်ခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာတော့ စစ်မှုထမ်းပြန်လာခဲ့ပါတယ်။သူ့ကို အနုပညာလောကထဲ နေရာတစ်နေရာရစေခဲ့တဲ့ ပွဲဦးထွက် လှုပ်ရှားမှုကတော့ Bang Yog- guk ရဲ့ တစ်ကိုယ်တော်သီချင်းမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးခဲ့ရသလို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ Music Bank မှာ အစီစဉ်တင်ဆက်သူတစ်ယောက်အဖြစ် လုပ်ကိုင်ပေးခဲ့ပါတယ်။ Pots of Gold ဆိုတဲ့ ဇာတ်ကားကတော့ သူ့ကို ပွဲဦးထွက်မှတ်တိုင်တစ်ခုအဖြစ် အမျိုးသားဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်အထိ ဆုတွေ ဆက်တိုက်ရရှိခဲ့သူမို့ အနုပညာအရည်အသွေးကတော့ အံ့အားသင့်စရာပါပဲ။

လက်တစ်လောနာမည်ကြီးနေတဲ့ အတွင်းရေးမှူးမလေးနဲ့လည်း တကယ်များတွဲခုတ်နေလားဆိုတာ သူ့ကိုချစ်တဲ့ ပရိသတ်တိုင်း စိတ်ဝင်စားနေရတာဖြစ်ပါတယ်။  ချစ်စရာကောင်းပြီး ပျိုမေတို့ အသဲခိုက်စေတဲ့ မင်းသား Park Seo Joon ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Stella (Akhayar)

www.Akhayar.com