အလွအပဆိုင္ရာနယ္ပယ္မွာလည္း ရာသီအလိုက္ ႏွစ္အလိုက္အလွအပဆိုင္ရာ ေရစီးေၾကာင္းကေျပာင္းလဲေနပါတယ္။ ဒီလိုေျပာင္းလဲေနတဲ႔ေခတ္ေရစီးေၾကာင္းတိုင္းကို ကိုယ္ကမျဖစ္မေနအမီလိုက္ဖို႔လိုပါသလား။ တကယ္တမ္းမွာေတာ႔ Beauty Trend တခ်ိဳ႕ဟာ လွပဆန္းသစ္မႈဆိုတာထက္ ဆိုးရြားတဲ႔ဘက္ကိုဦးတည္ေနတယ္ဆိုတာ ဒီပံုေတြကေနတဆင္႔သိႏိုင္ပါတယ္။ ဒီ Trend ေတြကိုေတာ႔ ဘယ္သူမွလိုက္လုပ္တာမ်ိဳးမရွိနိုင္ဘူးလို႔ Reader’s Digest ကသံုးသပ္ျပခဲ႔တာျဖစ္ပါတယ္။

စိုရႊဲလြန္းတဲ႔ Lip Gloss

ႏႈတ္ခမ္းတစ္ခုလံုး စိုရႊဲလြန္းေနတဲ႔ Lip Gloss အျပည္႔ဆိုးတာမ်ိဳးကတကယ္တမ္းမွာေတာ႔ လူကိုရုပ္ဆိုးေစပါတယ္။ LipGlossအၾကည္ကိုသဘာဝအတိုင္းႏႈတ္ခမ္းေလးျပည္႔သေယာင္ျဖစ္ေနေစဖို႔ဆိုးၾကျပီးႏႈတ္ခမ္းနီတစ္ထပ္ဆိုးျပီးခ်ိန္မွာႏႈတ္ခမ္းရဲ႕အလယ္ေနရာမွာ ျဖည္႔ဆိုးျခင္းကသာ အေကာင္းဆံုးအသြင္အျပင္ကိုေပးတာျဖစ္ပါတယ္။ Lip Gloss အျပည္႔ဆိုးတာက အစားအေသာက္စားတဲ႔အခ်ိန္မ်ိဳးေတြမွာလည္း အဆင္ေျပေစမွာမဟုတ္ပါဘူး။

ငွက္ေမြး Accessories

hairstyleconfessions

က်စ္ဆံျမီးဆံပင္မွာကလစ္ေသးေလးေတြအမ်ားၾကီးထိုးတာ၊ငွက္ေမြးေလးေတြစိုက္တာ၊သစ္ရြက္သစ္ခက္ေတြစိုက္တာမ်ိဳးကို Trend တစ္ခုအေနနဲ႔ေဖာ္ျပၾကတာမ်ိဳးရွိပါတယ္။ တကယ္တမ္းမွာေတာ႔ ဒီလိုျပင္ဆင္မႈမ်ိဳးဟာ ကေလးဆန္လြန္းတယ္လို႔ထင္ရေစပါတယ္။ ဆံပင္ေပၚမွာ Accessories တင္တိုင္းမေကာင္းဘဲ ခရစၥမတ္သစ္ပင္ၾကီးလမ္းေလွ်ာက္လာသလိုမျဖစ္ေစဖို႔ ဂရုစိုက္သင္႔တယ္လို႔ အၾကံျပဳထားပါတယ္။

ဆံပင္အရင္းက အလက္အမႈန္မ်ား

က်စ္ဆံျမီးက်စ္ထားတဲ႔အခ်ိန္ ဆံပင္အရင္းပိုင္းမွာအလက္အမႈန္ေလးေတြထည္႔တာက ဘယ္လိုပံုျဖစ္ေစသလဲဆိုတာ ဒီပံုမွာျမင္ႏိုင္ပါတယ္။ ေဗာက္ေတြကပ္ေနသလို ဆိုးရြားတဲ႔ပံုစံကိုေပးတာေၾကာင္႔ လိုက္လုပ္သူရွိမယ္မထင္ပါဘူး။ အလက္အမႈန္ေလးေတြဖ်န္းတာက ပံုသြင္း ထံုးဖြဲ႔ထားတဲ႔ဆံပင္ေပၚမွာ အနည္းငယ္ဖ်န္းတာမ်ိဳးကပဲ ပိုအဆင္ေျပပါလိမ္႔မယ္။

စိုစြတ္ေနတဲ႔ဆံပင္ပံုစံ

wet hair

ေရနဲ႔စြတ္ထားသလို စိုစြတ္ေနတဲ႔ ဆံပင္ပံုစံကို Altuzarra Spring/Summer 2017 Runway Show မွာမိတ္ဆက္သြားခဲ႔ပါတယ္။ ဒီ Hair Look ကို ကင္မ္ကာဒက္ရွန္နဲ႔ ရိုစီဟန္တင္တမ္ တို႔လိုမ်ိဳးေက်ာ္ၾကားသူေတြကလည္း ေကာ္ေဇာနီထက္မွာေဖာ္ျပခဲ႔ေသးတာေၾကာင္႔ မိတ္ကပ္ပညာရွင္ေတာ္ေတာာ္မ်ားမ်ားက 2017 Trend ျဖစ္လာမယ္လို႔ေဟာကိန္းထုတ္ခဲ႔ၾကတာျဖစ္ပါတယ္။ ဒါေပမဲ႔ ဒီပံုစံဟာ လူတိုင္းနဲ႔မလိုက္ဖက္ဘဲ အလွအပေရစီးေၾကာင္းတစ္ခုအေနနဲ႔ျပင္ဆင္ဖို႔ အခက္ေတြ႔ေစလိမ္႔မယ္လို႔ သံုးသပ္ထားၾကပါတယ္။

ကာလာေရာယွက္တဲ႔ျပင္ဆင္ပံု

block-makeup

ပံုမွာျပထားသလိုအေရာင္အပိတ္ ၊ မတူညီတဲ႔အေရာင္ေတြကိုမ်က္နွာေပၚတင္ထားတဲ႔ သြင္ျပင္က ၾကည္႔ရတာဆန္းျပားေပမယ္႔ ေန႔စဥ္မိတ္ကပ္ျပင္ဆင္ပံုမွာေခတ္စားလာဖို႔ေတာ႔ မရွိပါဘူး။ ဖက္ရွင္ပြဲေတြနဲ႔ ဓာတ္ပံုရႈတင္ရိုက္ခ်ိန္မွာသာျပင္ဆင္ဖို႔ သင္႔ေတာ္တာမ်ိဳးျဖစ္ပါတယ္။

Hangover Makeup

ညဘက္မွာ ေသာက္တာမ်ားလို႔ ဂါေနတဲ႔ပံုစံမ်ိဳးျပင္ဆင္ထားတဲ႔မိတ္ကပ္ျပင္ဆင္ပံုပါ။ ေဖာင္းကားေနတဲ႔မ်က္ႏွာ ၊ နီျမန္းေနတဲ႔ မ်က္လံုးေဖာင္းေဖာင္းေတြနဲ႔ Hangover Beauty အျဖစ္ ပံုေဖာ္ထားတာျဖစ္ပါတယ္။ ဒီျပင္ဆင္ပံုကိုေတာ႔ အၾကိဳက္ေတြ႔သူနည္းခဲ႔ပါတယ္။

ကဲ…ဒီေတာ႔ Trend ဆိုတိုင္း ကိုယ္ကလိုက္လုပ္ဖို႔ လို မလိုဆံုးျဖတ္ႏိုင္မွာပါေနာ။

ဂ်ဴဂ်ဴး(အခရာ)

HGID_KV_Ads_Square2

www.akhayar.com

အလှအပဆိုင်ရာနယ်ပယ်မှာလည်း ရာသီအလိုက် နှစ်အလိုက်အလှအပဆိုင်ရာ ရေစီးကြောင်းကပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲနေတဲ့ခေတ်ရေစီးကြောင်းတိုင်းကို ကိုယ်ကမဖြစ်မနေအမီလိုက်ဖို့လိုပါသလား။ တကယ်တမ်းမှာတော့ Beauty Trend တချို့ဟာ လှပဆန်းသစ်မှုဆိုတာထက် ဆိုးရွားတဲ့ဘက်ကိုဦးတည်နေတယ်ဆိုတာ ဒီပုံတွေကနေတဆင့်သိနိုင်ပါတယ်။ ဒီ Trend တွေကိုတော့ ဘယ်သူမှလိုက်လုပ်တာမျိုးမရှိနိုင်ဘူးလို့ Reader’s Digest ကသုံးသပ်ပြခဲ့တာဖြစ်ပါတယ်။

စိုရွှဲလွန်းတဲ့ Lip Gloss

နှုတ်ခမ်းတစ်ခုလုံး စိုရွှဲလွန်းနေတဲ့ Lip Gloss အပြည့်ဆိုးတာမျိုးကတကယ်တမ်းမှာတော့ လူကိုရုပ်ဆိုးစေပါတယ်။ Lip Gloss အကြည်ကိုသဘာဝအတိုင်း နှုတ်ခမ်းလေးပြည့်သယောင်ဖြစ်နေစေဖို့ ဆိုးကြပြီး နှုတ်ခမ်းနီတစ်ထပ်ဆိုးပြီးချိန်မှာနှုတ်ခမ်းရဲ့အလယ်နေရာမှာ ဖြည့်ဆိုးခြင်းကသာ အကောင်းဆုံးအသွင်အပြင်ကိုပေးတာဖြစ်ပါတယ်။ Lip Gloss အပြည့်ဆိုးတာက အစားအသောက်စားတဲ့အချိန်မျိုးတွေမှာလည်း အဆင်ပြေစေမှာမဟုတ်ပါဘူး။

ငှက်မွေး Accessories

ကျစ်ဆံမြီးဆံပင်မှာ ကလစ်သေးလေးတွေအများကြီးထိုးတာ ၊ ငှက်မွေးလေးတွေစိုက်တာ ၊ သစ်ရွက်သစ်ခက်တွေစိုက်တာမျိုးကို Trend တစ်ခုအနေနဲ့ဖော်ပြကြတာမျိုးရှိပါတယ်။ တကယ်တမ်းမှာတော့ ဒီလိုပြင်ဆင်မှုမျိုးဟာ ကလေးဆန်လွန်းတယ်လို့ထင်ရစေပါတယ်။ ဆံပင်ပေါ်မှာ Accessories တင်တိုင်းမကောင်းဘဲ ခရစ္စမတ်သစ်ပင်ကြီးလမ်းလျှောက်လာသလိုမဖြစ်စေဖို့ ဂရုစိုက်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဆံပင်အရင်းက အလက်အမှုန်များ

ကျစ်ဆံမြီးကျစ်ထားတဲ့အချိန် ဆံပင်အရင်းပိုင်းမှာအလက်အမှုန်လေးတွေထည့်တာက ဘယ်လိုပုံဖြစ်စေသလဲဆိုတာ ဒီပုံမှာမြင်နိုင်ပါတယ်။ ဗောက်တွေကပ်နေသလို ဆိုးရွားတဲ့ပုံစံကိုပေးတာကြောင့် လိုက်လုပ်သူရှိမယ်မထင်ပါဘူး။ အလက်အမှုန်လေးတွေဖျန်းတာက ပုံသွင်း ထုံးဖွဲ့ထားတဲ့ဆံပင်ပေါ်မှာ အနည်းငယ်ဖျန်းတာမျိုးကပဲ ပိုအဆင်ပြေပါလိမ့်မယ်။

စိုစွတ်နေတဲ့ဆံပင်ပုံစံ

ရေနဲ့စွတ်ထားသလို စိုစွတ်နေတဲ့ ဆံပင်ပုံစံကို Altuzarra Spring/Summer 2017 Runway Show မှာမိတ်ဆက်သွားခဲ့ပါတယ်။ ဒီ Hair Look ကို ကင်မ်ကာဒက်ရှန်နဲ့ ရိုစီဟန်တင်တမ် တို့လိုမျိုးကျော်ကြားသူတွေကလည်း ကော်ဇောနီထက်မှာဖော်ပြခဲ့သေးတာကြောင့် မိတ်ကပ်ပညာရှင်တော်တောာ်များများက 2017 Trend ဖြစ်လာမယ်လို့ဟောကိန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပုံစံဟာ လူတိုင်းနဲ့မလိုက်ဖက်ဘဲ အလှအပရေစီးကြောင်းတစ်ခုအနေနဲ့ပြင်ဆင်ဖို့ အခက်တွေ့စေလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

ကာလာရောယှက်တဲ့ပြင်ဆင်ပုံ

ပုံမှာပြထားသလိုအရောင်အပိတ် ၊ မတူညီတဲ့အရောင်တွေကိုမျက်နှာပေါ်တင်ထားတဲ့ သွင်ပြင်က ကြည့်ရတာဆန်းပြားပေမယ့် နေ့စဉ်မိတ်ကပ်ပြင်ဆင်ပုံမှာခေတ်စားလာဖို့တော့ မရှိပါဘူး။ ဖက်ရှင်ပွဲတွေနဲ့ ဓာတ်ပုံရှုတင်ရိုက်ချိန်မှာသာပြင်ဆင်ဖို့ သင့်တော်တာမျိုးဖြစ်ပါတယ်။

Hangover Makeup

ညဘက်မှာ သောက်တာများလို့ ဂါနေတဲ့ပုံစံမျိုးပြင်ဆင်ထားတဲ့မိတ်ကပ်ပြင်ဆင်ပုံပါ။ ဖောင်းကားနေတဲ့မျက်နှာ ၊ နီမြန်းနေတဲ့ မျက်လုံးဖောင်းဖောင်းတွေနဲ့ Hangover Beauty အဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီပြင်ဆင်ပုံကိုတော့ အကြိုက်တွေ့သူနည်းခဲ့ပါတယ်။

ကဲ…ဒီတော့ Trend ဆိုတိုင်း ကိုယ်ကလိုက်လုပ်ဖို့ လို မလိုဆုံးဖြတ်နိုင်မှာပါနော။

HGID_KV_Ads_Square2

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com