[Zawgyi]

Volley ေတြကုိ အမ်ိဳးအစား ခဲြျခမ္းၾကည့္မယ္

ေဘာလုံးပဲြေတြမွာ ခပ္မုိက္မုိက္ သြင္းဂုိးေတြကုိ ပရိသတ္ေတြ ၾကည့္ခဲ့ရဖူးမွာေပ့ါ။ အဲဒီထဲကမွ ေျမမက်ကန္ခ်က္ (Volley)နဲ႔ သြင္းဂုိးေတြကုိ ကၽြန္ေတာ္တို႔ အားအရဆုံးျဖစ္လိမ့္မယ္။ ဥပမာ လီဗာပူးလ္ဂႏၳ၀င္ စတီဗင္ဂ်ရတ္ Steven Gerrard ၊ မန္ယူကြင္းလယ္လူေဟာင္း ေပါလ္စခုိးလ္ Paul Scholes တို႔လုိ Dynamic Kick ေတြန႔ဲ သြင္းခဲ့တဲ့ဂုိးေတြကုိ ကၽြန္ေတာ္တို႔ အခုအခ်ိန္အထိ လြမ္းေမာေနရဆဲပဲ။ အေကာင္းဆုံးလုိ႔ သတ္မွတ္ရမယ့္ Volley ဂုိးစာရင္းထဲမွာ ၂၀၀၂ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြတုန္းက ရီးယဲလ္ဂႏၳ၀င္ ဇီဒန္း Zidane သြင္းခဲ့တဲ့ဂုိး၊ ၂၀၀၅ ခုႏွစ္မွာ နယူးကာဆယ္ကုိ သြင္းယူခဲ့တဲ့ မန္ယူတိုက္စစ္မွဴး ရြန္နီ Rooney ရဲ႕ သြင္းဂုိးေတြကုိ မျဖစ္မေန ထည့္သြင္းရမယ္။ ဒီေတာ့ ေျမမက်ကန္ခ်က္ (Volley Kick )နဲ႔ပတ္သက္ၿပီး အမ်ိဳးအစား ခဲြျခမ္းၾကည့္လုိက္ရေအာင္ . .

VOLLEY

Zidane-Goal

Zidane-Goal

ကၽြန္ေတာ္တို႔ေတြ အားလုံးက ေျမမက်ကန္ခ်က္ဆုိရင္ Volley လုိ႔ပဲ လြယ္လြယ္ကူကူ သတ္မွတ္ထားၾကတယ္။ ဒါေပမဲ့ မတူညီတဲ့ ကဲြျပားမႈေတြ ရွိပါေသးတယ္။ ကစားသမားတစ္ဦးက ျဖတ္တင္ေပးတာျဖစ္ေစ၊ ေခါင္းနဲ႔ တိုက္တာပဲျဖစ္ေစ ေပးပုိ႔တာကုိ ေနာက္ထပ္ကစားသမားက ေလထဲမွာ ေဘာလုံးရွိေနတုန္း ေျမမက်ကန္ခ်က္နဲ႔ ဂုိးသြင္းခ့ဲရင္ Volley ဂုိးလုိ႔ သတ္မွတ္ပါတယ္။ ထင္သာျမင္သာေအာင္ ေျပာရရင္ေတာ့ ၂၀၀၂ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြတုန္းက ဇီဒန္း သြင္းယူခဲ့တဲ့ ဂုိးလုိမ်ိးပါပဲ။ ၂၀၁၄ ကမၻာ႔ဖလားမွာ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez သြင္းခဲ့တဲ့ဂုိးကုိလည္း Volley သြင္းဂုိးအျဖစ္ သတ္မွတ္ႏုိင္ပါတယ္။

၂၀၀၂ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ ဇီဒန္း သြင္းယူခဲ့တဲ့ဂုိး ၾကည့္ရန္လင့္ခ္

၂၀၁၄ ကမၻာ႔ဖလားမွာ ဂ်ိမ္းစ္ရုိဒရီဂြက္ဇ္ သြင္းယူခဲ့တဲ့ဂုိး ၾကည့္ရန္လင့္ခ္

HALF-VOLLEY

Papiss-Cisse-goal

Papiss-Cisse-goal

Half Volley ဂုိးဆုိတာက ေဘာလုံးေျမႀကီးေပၚ တစ္ခါေထာက္ၿပီး ျပန္ေျမာက္လာတဲ့အခါ ခ်ိန္သားကုိက္ ကန္သြင္းတာမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ တစ္စကၠန္႔ရဲ႕တစ္၀က္ေလာက္ ၾကာၿပီးမွ ကန္တာကုိေတာ့ Half Volley လုိ႔ မသတ္မွတ္ပါဘူး။ ေျပာခ်င္တာက ေျမႀကီးေပၚမွာ (၂)ခါေလာက္ ေထာက္ၿပီး ကန္တာကုိ ဆုိလုိတာပါ။ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ ခ်ယ္ဆီးအသင္းဘက္ကုိ နယူးကာဆယ္တိုက္စစ္မွဴး ပါပစ္ဆီေဆး Papiss Cisse သြင္းယူခဲ့တဲ့ ဂုိးလုိပါပဲ။

ခ်ယ္လ္ဆီးအသင္းဘက္ကုိ ပါပစ္ဆီေဆး သြင္းယူခ့ဲတဲ့ ဂုိး ၾကည့္ရန္လင့္ခ္

BOUNCING/DROPPING BALL

Rakitic-Goal

Rakitic-Goal

ဒါကေတာ့ ေျမေပၚမွာ ခုန္ေနတဲ့ေဘာလုံးကို Volley ကန္ခ်က္နဲ႔ သြင္းယူတာျဖစ္ပါတယ္။ ဥပမာေျပာရရင္ ဒီရာသီခ်န္ပီယံလိဂ္ပဲြစဥ္ စပါးနဲ႔ ဘာစီလုိနာအသင္းတို႔ပဲြတုန္းက ဘာစီလုိနာကြင္းလယ္လူ ရာကီတစ္ Rakitic ကန္သြင္းခဲ့တဲ့ပုံစံမ်ိဳးပါ။ ေဘာလုံးအခုန္မွာ ေျပး၀င္ကန္သြင္းခ့ဲတဲ့ ပုံစံျဖစ္ပါတယ္။ အံ့အားသင့္ဖုိ႔ေကာင္းတာက ဒီလုိဂုိးမ်ိဳးကုိ Volley သြင္းဂုိးအျဖစ္ မသတ္မွတ္တာပါ။ ဒါေပမဲ့ ဒီပုံစံကုိ သတ္သတ္မွတ္မွတ္ အမည္မေပးထားလုိ႔ Volley လုိ႔ပဲ ခပ္လြယ္လြယ္ ေခၚေနၾကတာပဲျဖစ္ပါတယ္။

စပါးအသင္းဘက္ကုိ ရာကီတစ္ သြင္းယူခဲ့တဲ့ဂုိး ၾကည့္ရန္လင့္ခ္

SELF-PRODUCED VOLLEYS

Henry-Goal

Henry-Goal

ဒီအဓိပၸါယ္က ကုိယ့္ဘာသာကုိယ္ ေဘာလုံးကုိ ေျမႇာက္တက္လာေအာင္ လုပ္ၿပီးမွ ကန္သြင္းတာျဖစ္ပါတယ္။ ၂၀၀၀-၀၁ ရာသီက မန္ယူအသင္းဘက္ကုိ အြန္နရီ Thierry Henry ကန္သလုိမ်ိဳးပါ။ ဒီလုိပုံစံ သြင္းဂုိးကုိလည္း Volley စစ္စစ္လုိ႔ မသတ္မွတ္ေပမယ့္ သီးသန္႔ေပးထားတဲ့ နာမည္လည္း မရွိပါဘူး။ တစ္ေယာက္ေယာက္ကေတာ့ သတ္သတ္မွတ္မွတ္ နာမည္ေပးသင့္ေနပါၿပီ။

မန္ယူအသင္းဘက္ကုိ အြန္နရီ သြင္းယူခဲ့တဲ့ဂုိး ၾကည့္ရန္ လင့္ခ္

ဘယ္လုိလဲ .. ပရိသတ္ႀကီးေရ .. Volley ကန္ခ်က္ေတြကုိ သတ္မွတ္ထားတဲ့ ပုံစံေတြ မတူဘူးဆုိတာ သိၾကၿပီနဲ႔တူပါတယ္။ ဒါကုိ ဖတ္ၿပီး ေနာက္တစ္ခါက်ရင္ ကုိယ့္သူငယ္ခ်င္းေတြနဲ႔ ျငင္းတဲ့အခါ ျပန္ရွင္းျပလုိ႔ ရၿပီေပ့ါ . .

REF:.dreamteamfc
Photo:YouTube,metro.news,The18,FC Barcelona Soccer Camps
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Volley တွေကို အမျိုးအစား ခွဲခြမ်းကြည့်မယ်

ဘောလုံးပွဲတွေမှာ ခပ်မိုက်မိုက် သွင်းဂိုးတွေကို ပရိသတ်တွေ ကြည့်ခဲ့ရဖူးမှာပေ့ါ။ အဲဒီထဲကမှ မြေမကျကန်ချက် (Volley)နဲ့ သွင်းဂိုးတွေကို ကျွန်တော်တို့ အားအရဆုံးဖြစ်လိမ့်မယ်။ ဥပမာ လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ် Steven Gerrard ၊ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် Paul Scholes တို့လို Dynamic Kick တွေနဲ့ သွင်းခဲ့တဲ့ဂိုးတွေကို ကျွန်တော်တို့ အခုအချိန်အထိ လွမ်းမောနေရဆဲပဲ။ အကောင်းဆုံးလို့ သတ်မှတ်ရမယ့် Volley ဂိုးစာရင်းထဲမှာ ၂၀၀၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ရီးယဲလ်ဂန္ထဝင် ဇီဒန်း Zidane သွင်းခဲ့တဲ့ဂိုး၊ ၂၀၀၅ ခုနှစ်မှာ နယူးကာဆယ်ကို သွင်းယူခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရွန်နီ Rooney ရဲ့ သွင်းဂိုးတွေကို မဖြစ်မနေ ထည့်သွင်းရမယ်။ ဒီတော့ မြေမကျကန်ချက် (Volley Kick )နဲ့ပတ်သက်ပြီး အမျိုးအစား ခွဲခြမ်းကြည့်လိုက်ရအောင် . .

VOLLEY

Zidane-Goal

Zidane-Goal

ကျွန်တော်တို့တွေ အားလုံးက မြေမကျကန်ချက်ဆိုရင် Volley လို့ပဲ လွယ်လွယ်ကူကူ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ မတူညီတဲ့ ကွဲပြားမှုတွေ ရှိပါသေးတယ်။ ကစားသမားတစ်ဦးက ဖြတ်တင်ပေးတာဖြစ်စေ၊ ခေါင်းနဲ့ တိုက်တာပဲဖြစ်စေ ပေးပို့တာကို နောက်ထပ်ကစားသမားက လေထဲမှာ ဘောလုံးရှိနေတုန်း မြေမကျကန်ချက်နဲ့ ဂိုးသွင်းခဲ့ရင် Volley ဂိုးလို့ သတ်မှတ်ပါတယ်။ ထင်သာမြင်သာအောင် ပြောရရင်တော့ ၂၀၀၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဇီဒန်း သွင်းယူခဲ့တဲ့ ဂိုးလိုမျိးပါပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez သွင်းခဲ့တဲ့ဂိုးကိုလည်း Volley သွင်းဂိုးအဖြစ် သတ်မှတ်နိုင်ပါတယ်။

၂၀၀၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဇီဒန်း သွင်းယူခဲ့တဲ့ဂိုး ကြည့်ရန်လင့်ခ်

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် သွင်းယူခဲ့တဲ့ဂိုး ကြည့်ရန်လင့်ခ်

HALF-VOLLEY

Papiss-Cisse-goal

Papiss-Cisse-goal

Half Volley ဂိုးဆိုတာက ဘောလုံးမြေကြီးပေါ် တစ်ခါထောက်ပြီး ပြန်မြောက်လာတဲ့အခါ ချိန်သားကိုက် ကန်သွင်းတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်စက္ကန့်ရဲ့တစ်ဝက်လောက် ကြာပြီးမှ ကန်တာကိုတော့ Half Volley လို့ မသတ်မှတ်ပါဘူး။ ပြောချင်တာက မြေကြီးပေါ်မှာ (၂)ခါလောက် ထောက်ပြီး ကန်တာကို ဆိုလိုတာပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီးအသင်းဘက်ကို နယူးကာဆယ်တိုက်စစ်မှူး ပါပစ်ဆီဆေး Papiss Cisse သွင်းယူခဲ့တဲ့ ဂိုးလိုပါပဲ။

ချယ်လ်ဆီးအသင်းဘက်ကို ပါပစ်ဆီဆေး သွင်းယူခဲ့တဲ့ ဂိုး ကြည့်ရန်လင့်ခ်

BOUNCING/DROPPING BALL

Rakitic-Goal

Rakitic-Goal

ဒါကတော့ မြေပေါ်မှာ ခုန်နေတဲ့ဘောလုံးကို Volley ကန်ချက်နဲ့ သွင်းယူတာဖြစ်ပါတယ်။ ဥပမာပြောရရင် ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် စပါးနဲ့ ဘာစီလိုနာအသင်းတို့ပွဲတုန်းက ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် Rakitic ကန်သွင်းခဲ့တဲ့ပုံစံမျိုးပါ။ ဘောလုံးအခုန်မှာ ပြေးဝင်ကန်သွင်းခဲ့တဲ့ ပုံစံဖြစ်ပါတယ်။ အံ့အားသင့်ဖို့ကောင်းတာက ဒီလိုဂိုးမျိုးကို Volley သွင်းဂိုးအဖြစ် မသတ်မှတ်တာပါ။ ဒါပေမဲ့ ဒီပုံစံကို သတ်သတ်မှတ်မှတ် အမည်မပေးထားလို့ Volley လို့ပဲ ခပ်လွယ်လွယ် ခေါ်နေကြတာပဲဖြစ်ပါတယ်။

စပါးအသင်းဘက်ကို ရာကီတစ် သွင်းယူခဲ့တဲ့ဂိုး ကြည့်ရန်လင့်ခ်

SELF-PRODUCED VOLLEYS

Henry-Goal

Henry-Goal

ဒီအဓိပ္ပါယ်က ကိုယ့်ဘာသာကိုယ် ဘောလုံးကို မြှောက်တက်လာအောင် လုပ်ပြီးမှ ကန်သွင်းတာဖြစ်ပါတယ်။ ၂၀၀၀-၀၁ ရာသီက မန်ယူအသင်းဘက်ကို အွန်နရီ Thierry Henry ကန်သလိုမျိုးပါ။ ဒီလိုပုံစံ သွင်းဂိုးကိုလည်း Volley စစ်စစ်လို့ မသတ်မှတ်ပေမယ့် သီးသန့်ပေးထားတဲ့ နာမည်လည်း မရှိပါဘူး။ တစ်ယောက်ယောက်ကတော့ သတ်သတ်မှတ်မှတ် နာမည်ပေးသင့်နေပါပြီ။

မန်ယူအသင်းဘက်ကို အွန်နရီ သွင်းယူခဲ့တဲ့ဂိုး ကြည့်ရန် လင့်ခ်

ဘယ်လိုလဲ .. ပရိသတ်ကြီးရေ .. Volley ကန်ချက်တွေကို သတ်မှတ်ထားတဲ့ ပုံစံတွေ မတူဘူးဆိုတာ သိကြပြီနဲ့တူပါတယ်။ ဒါကို ဖတ်ပြီး နောက်တစ်ခါကျရင် ကိုယ့်သူငယ်ချင်းတွေနဲ့ ငြင်းတဲ့အခါ ပြန်ရှင်းပြလို့ ရပြီပေ့ါ . .

REF:.dreamteamfc
Photo:YouTube,metro.news,The18,FC Barcelona Soccer Camps
Naing Linn(Akhayar)
www.akhayar.com