[Zawgyi]

ကမာၻ႔ႏိုင္ငံတစ္လႊားရွိ ထူးျခားဆန္းျပား ဟိုတယ္ႀကီးမ်ား

ကမာၻ႔ေပၚမွာ ထူးျခားဆန္းျပားတဲ႔ ေနရာေတြ ေျမာက္ျမားစြာ ရွိပါတယ္။ အဲလုိထူးျခားဆန္းျပားမႈ အေထြေထြေတြထဲကမွ တမူထူးျခားဆန္းသစ္ၿပီး ျမင္ေတြ႔ေနက် ဟိုတယ္ေတြနဲ႔မတူတဲ႔ အသစ္အဆန္းေတြကို ရူးသြပ္ခံုမင္သူေတြ မျဖစ္မေနသြားၾကည္႔သင္႔တဲ႔ ႏိုင္ငံတကာရွိ ဆန္းဆန္းျပားျပား ဟုိတယ္ေတြအေၾကာင္းကို ေျပာျပခ်င္ပါတယ္။

(၁) Liberty Hotel

ယခင္က Charles Street ေထာင္ျဖစ္ခဲ႔တဲ႔ Massachusetts ျပည္နယ္ Boston ၿမိဳ႕မွာရွိတဲ႔ Liberty ဟုိတယ္က Malcolm X နဲ႔ ယခုက Boston ၿမိဳ႕ေတာ္ဝန္ျဖစ္ခဲ႔တဲ႔ James Curley တို႔က အက်ဥ္းေထာင္ကေန အိမ္အျဖစ္ျပန္လည္ ျပဳျပင္ေျပာင္းလဲခဲ႔႔ရာမွ နာမည္ေက်ာ္ ဟိုတယ္အျဖစ္ကို ေရာက္ရွိလာျခင္း ျဖစ္ပါတယ္။ ဒီဇိမ္ခံဟုိတယ္ရွိ အခန္းေတြရဲ႕နာမည္ကိုေတာ့ ေထာင္ေတြမွာ သံုးေလ့ရွိတဲ႔႔နာမည္မ်ဳိးေတြ ေပးထားၿပီး က်ယ္ဝန္းတဲ႔ ဧည္႔ခန္းေနရာေတြလည္း ရွိပါတယ္။ ဥပမာအားျဖင္႔ Restaurant နာမည္ကို Clink လို႔နာမည္ေပးၿပီး Cocktail Bar ကိုေတာ့ Alibi လို႔ နာမည္ေပးထားတာမ်ဳိး ျဖစ္ပါတယ္။

Liberty Hotel

Liberty Hotel

(၂) Hotell Hackspett

၁၉၉၈ ခုနစ္ Sweden ႏိုင္ငံ Vasteras ၿမိဳ႕က အႏုပညာရွင္ Mikael Genberg ဖန္တီးထားတဲ႔ Hotell Hackspett ဟာ အခန္းတစ္ခန္းထဲသာ ပါဝင္ၿပီး ေျမျပင္ရဲ႕အျမင္႔ ၄၂ ေပ၊ ႏွစ္ေပါင္း ၁၃၀ သက္တမ္းရွိ ဝက္သစ္ခ်ပင္ေပၚမွာ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဧည္႔သည္ေတြအတက္အဆင္းလုပ္ဖိုု႔အတြက္ေတာ့ စက္သီးႀကိဳးတပ္ဆင္ထားပါတယ္။ အဲ့ဒီဟိုတယ္ရဲ႕ အခန္းထဲကေန အျပင္ကိုလွမ္းၾကည့္ရင္ ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ႔ ျပည္သူပန္းျခံရဲ႕ျမင္ကြင္းနဲ႔ Malaren ေရကန္ရဲ႕ လွပတဲ႔ ရႈခင္းေတြကိုပါ ေတြ႔ျမင္ရပါတယ္။ ဒီဟုိတယ္ကုိ သြားေရာက္တည္းခိုခ်င္တယ္ဆိုရင္ေတာ့ ႀကိဳတင္ Booking ျပဳလုပ္ထားဖို႔ေတာ့ လိုပါတယ္။

Hotell Hackspett

Hotell Hackspett

(၃) Kakslauttanen Hotel

အခန္းေတြရဲ႕ ေဘးပတ္ပတ္လည္မွာ ေရခဲေတြဖံုးလႊမ္းေနၿပီး အက္စကီမိုးလူမ်ဳိးေတြ ေနထိုင္တဲ့ သံခေမာက္ပံုအိမ္ငယ္မွာ တည္ခိုးအနားယူခ်င္တယ္ဆိုရင္ေတာ့ ေျမာက္ဝင္ရုိးစြန္း Finland ႏိုင္ငံမွာရွိတဲ႔ Kakslauttanen Hotel ကို သြားေရာက္ၾကည္႔သင္႔ပါတယ္။ စံုတဲြေတြပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းအုပ္စုလိုက္ပဲျဖစ္ျဖစ္ သြားေရာက္ကာ ဟိုတယ္အခန္းထဲကေန ေကာင္းကင္ေပၚရွိ လွပတဲ႔ အနီေရာင္အစိမ္းေရာင္တန္းေတြကို ၾကည္႔ရႈခံစားျခင္းျဖင့္ ဘာနဲ႔မွမလဲႏိုင္တဲ႔ အမွတ္တရေတြကို ဖန္တီးႏုိင္မွာ ျဖစ္ပါတယ္။

Hotel kakslauttanen

Hotel kakslauttanen

(၄) SiloStay Hotel

က်ီထဲမွာ အိပ္စက္အနားယူတဲ႔ ခံစားမႈမ်ဳိး ရရွိုျခင္းတယ္ဆိုရင္ေတာ့ New Zealand ႏိုင္ငံ Christchurch ၿမိဳ႕မွာရွိတဲ႔ Silostay မွာ သြားေရာက္တည္းခုိ အနားယူလို႔ ရပါတယ္။လယ္ကြင္းရဲ႕ အလယ္မွာတည္ရွိၿပီး က်ီ(၈) ခုနဲ႔ဖဲြ႕စည္းတည္ေဆာက္ထားတဲ႔ အခန္းမွာ လူႏွစ္ေယာက္ ေနထိုင္အိပ္စက္ အနားယူလုိ႔ရပါတယ္။ အေဆာက္အအံုရဲ႕ အေပၚထပ္မွာ က်ယ္ဝန္းတဲ့ အိပ္ရာနဲ႔ ေရခ်ဴိးခန္းေတြရွိၿပီး ေၾကာင္ေလွခါးပံုသ႑န္ေလွခါးကေန ေအာက္ကို ဆင္းလိုက္ရင္ ထမင္းဟင္းခ်က္ျပဳတ္လို႔ရတဲ႔ မီးဖိုေခ်ာင္နဲ႔ ထမင္းစားခန္းေတြ ရွိပါတယ္။ Stuart Wright-Stow နဲ႔ သူွ၏ “F3” Design အဖဲြ႕တို႔က ဒီဇိုင္းေရးဆဲြထားၿပီး က်ီတစ္ခုခ်င္းစီကို သဘာဝပတ္ဝန္းက်င္နဲ႔ ညီညႊတ္ၿပီး ဆန္းသစ္မႈရွိေအာင္တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။

SiloStay Hotel

SiloStay Hotel

(၅) Crane Hotel

Amesterdan ျမစ္ကမ္းေဘးမွာ တည္ရွိၿပီး ေရေပၚမွာ တည္ေဆာက္ထားတဲ့ Crane Hotel Faralda က သံုးထပ္ပါဝင္ၿပီး ႏွစ္ထပ္ကေတာ့ ဧည္႔ခန္းပါဟိုတယ္ခန္းေတြ ျဖစ္ၾကပါတယ္။ ဒီဟိုတယ္ဟာ Five Star အဆင့္ရွိၿပီး ပထမအထပ္မွာ ဧည္႔ခန္းနဲ႔ သီးသန္႔ေရခ်ဳိးခန္းေတြရွိၿပီး ဒုတိယအထပ္မွာ Sleeping Quarters ရွိကာ အေပၚဆံုးအထပ္မွာေတာ့ ဧည့္သည္ေတြအားလံုးအတြက္ Spa Pool ရွိပါတယ္။ ထိပ္ဆံုးအေပၚထပ္ကေန ေရထဲကို ရင္ခုန္စိတ္လႈပ္ရွားဖြယ္ Bungee Jumping(ႀကိဳးျဖင္႔ခုန္ခ်ျခင္း)ေတြ ျပဳလုပ္လုိ႔ရပါတယ္။

Crane Hotel Faralda

Crane Hotel Faralda

(၆) Magic Mountain Hotel

Chile ႏိုင္ငံ Hulio Hulio Nature Reserve ရဲ႕အတြင္းရွွိ Magic Mountain Hotel က ထူးျခားဆန္းျပားတဲ႔ ဟုိတယ္တစ္ခုု ျဖစ္ပါတယ္။ သစ္သားတံတားနဲ႔ အသံုးျပဳလို႔ရတဲ႔ ဟုိတယ္ေလးျဖစ္ၿပီး ႀကီးမားတဲ႔ မီးေတာင္ပံုစံပံုေဖာ္ထားၿပီး ေဘးပတ္ပတ္လည္မွာ ေရညိွေတြနဲ႔ ဖုံးအုပ္ထားတာကို ေတြ႔ရပါတယ္။ ဟုိတယ္ရဲ႕ထိပ္ကေန ေရတံခြန္လိုပံုစံမ်ဳိး ေရေလးေတြစီးက်ေနၿပီး ေဘးပတ္ပတ္လည္မွာေတာ့ အျမဲစ္ိမ္းသစ္ေတာေတြ၊ မ်က္စိပေဒသာျဖစ္ေစတဲ႔ ေရကန္ေတြနဲ႔ ထံုးအိုင္ေတြ၊ ေရပူစမ္းေတြနဲ႔ ႀကီးမားေသာ ေတာင္တန္းႀကီးေတြနဲ႕ ဝန္းရံထားတာကို ေတြ႔ရပါတယ္။

Magical mountain hotel

Magical mountain hotel

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာ့နိုင်ငံတစ်လွှားရှိ ထူးခြားဆန်းပြား ဟိုတယ်ကြီးများ

ကမ္ဘာ့ပေါ်မှာ ထူးခြားဆန်းပြားတဲ့ နေရာတွေ မြောက်မြားစွာ ရှိပါတယ်။ အဲလိုထူးခြားဆန်းပြားမှု အထွေထွေတွေထဲကမှ တမူထူးခြားဆန်းသစ်ပြီး မြင်တွေ့နေကျ ဟိုတယ်တွေနဲ့မတူတဲ့ အသစ်အဆန်းတွေကို ရူးသွပ်ခုံမင်သူတွေ မဖြစ်မနေသွားကြည့်သင့်တဲ့ နိုင်ငံတကာရှိ ဆန်းဆန်းပြားပြား ဟိုတယ်တွေအကြောင်းကို ပြောပြချင်ပါတယ်။

(၁) Liberty Hotel

ယခင်က Charles Street ထောင်ဖြစ်ခဲ့တဲ့ Massachusetts ပြည်နယ် Boston မြို့မှာရှိတဲ့ Liberty ဟိုတယ်က Malcolm X နဲ့ ယခုက Boston မြို့တော်ဝန်ဖြစ်ခဲ့တဲ့ James Curley တို့က အကျဉ်းထောင်ကနေ အိမ်အဖြစ်ပြန်လည် ပြုပြင်ပြောင်းလဲခဲ့ရာမှ နာမည်ကျော် ဟိုတယ်အဖြစ်ကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဒီဇိမ်ခံဟိုတယ်ရှိ အခန်းတွေရဲ့နာမည်ကိုတော့ ထောင်တွေမှာ သုံးလေ့ရှိတဲ့နာမည်မျိုးတွေ ပေးထားပြီး ကျယ်ဝန်းတဲ့ ဧည့်ခန်းနေရာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် Restaurant နာမည်ကို Clink လို့နာမည်ပေးပြီး Cocktail Bar ကိုတော့ Alibi လို့ နာမည်ပေးထားတာမျိုး ဖြစ်ပါတယ်။

Liberty Hotel

Liberty Hotel

(၂) Hotell Hackspett

၁၉၉၈ ခုနစ် Sweden နိုင်ငံ Vasteras မြို့က အနုပညာရှင် Mikael Genberg ဖန်တီးထားတဲ့ Hotell Hackspett ဟာ အခန်းတစ်ခန်းထဲသာ ပါဝင်ပြီး မြေပြင်ရဲ့အမြင့် ၄၂ ပေ၊ နှစ်ပေါင်း ၁၃၀ သက်တမ်းရှိ ဝက်သစ်ချပင်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဧည့်သည်တွေအတက်အဆင်းလုပ်ဖို့အတွက်တော့ စက်သီးကြိုးတပ်ဆင်ထားပါတယ်။ အဲ့ဒီဟိုတယ်ရဲ့ အခန်းထဲကနေ အပြင်ကိုလှမ်းကြည့်ရင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပြည်သူပန်းခြံရဲ့မြင်ကွင်းနဲ့ Malaren ရေကန်ရဲ့ လှပတဲ့ ရှုခင်းတွေကိုပါ တွေ့မြင်ရပါတယ်။ ဒီဟိုတယ်ကို သွားရောက်တည်းခိုချင်တယ်ဆိုရင်တော့ ကြိုတင် Booking ပြုလုပ်ထားဖို့တော့ လိုပါတယ်။

Hotell Hackspett

Hotell Hackspett

(၃) Kakslauttanen Hotel

အခန်းတွေရဲ့ ဘေးပတ်ပတ်လည်မှာ ရေခဲတွေဖုံးလွှမ်းနေပြီး အက်စကီမိုးလူမျိုးတွေ နေထိုင်တဲ့ သံခမောက်ပုံအိမ်ငယ်မှာ တည်ခိုးအနားယူချင်တယ်ဆိုရင်တော့ မြောက်ဝင်ရိုးစွန်း Finland နိုင်ငံမှာရှိတဲ့ Kakslauttanen Hotel ကို သွားရောက်ကြည့်သင့်ပါတယ်။ စုံတွဲတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းအုပ်စုလိုက်ပဲဖြစ်ဖြစ် သွားရောက်ကာ ဟိုတယ်အခန်းထဲကနေ ကောင်းကင်ပေါ်ရှိ လှပတဲ့ အနီရောင်အစိမ်းရောင်တန်းတွေကို ကြည့်ရှုခံစားခြင်းဖြင့် ဘာနဲ့မှမလဲနိုင်တဲ့ အမှတ်တရတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Hotel kakslauttanen

Hotel kakslauttanen

(၄) SiloStay Hotel

ကျီထဲမှာ အိပ်စက်အနားယူတဲ့ ခံစားမှုမျိုး ရရှိုခြင်းတယ်ဆိုရင်တော့ New Zealand နိုင်ငံ Christchurch မြို့မှာရှိတဲ့ Silostay မှာ သွားရောက်တည်းခို အနားယူလို့ ရပါတယ်။လယ်ကွင်းရဲ့ အလယ်မှာတည်ရှိပြီး ကျီ(၈) ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ အခန်းမှာ လူနှစ်ယောက် နေထိုင်အိပ်စက် အနားယူလို့ရပါတယ်။ အဆောက်အအုံရဲ့ အပေါ်ထပ်မှာ ကျယ်ဝန်းတဲ့ အိပ်ရာနဲ့ ရေချိူးခန်းတွေရှိပြီး ကြောင်လှေခါးပုံသဏ္ဍန်လှေခါးကနေ အောက်ကို ဆင်းလိုက်ရင် ထမင်းဟင်းချက်ပြုတ်လို့ရတဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းတွေ ရှိပါတယ်။ Stuart Wright-Stow နဲ့ သူှ၏ “F3” Design အဖွဲ့တို့က ဒီဇိုင်းရေးဆွဲထားပြီး ကျီတစ်ခုချင်းစီကို သဘာဝပတ်ဝန်းကျင်နဲ့ ညီညွှတ်ပြီး ဆန်းသစ်မှုရှိအောင်တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

SiloStay Hotel

SiloStay Hotel

(၅) Crane Hotel

Amesterdan မြစ်ကမ်းဘေးမှာ တည်ရှိပြီး ရေပေါ်မှာ တည်ဆောက်ထားတဲ့ Crane Hotel Faralda က သုံးထပ်ပါဝင်ပြီး နှစ်ထပ်ကတော့ ဧည့်ခန်းပါဟိုတယ်ခန်းတွေ ဖြစ်ကြပါတယ်။ ဒီဟိုတယ်ဟာ Five Star အဆင့်ရှိပြီး ပထမအထပ်မှာ ဧည့်ခန်းနဲ့ သီးသန့်ရေချိုးခန်းတွေရှိပြီး ဒုတိယအထပ်မှာ Sleeping Quarters ရှိကာ အပေါ်ဆုံးအထပ်မှာတော့ ဧည့်သည်တွေအားလုံးအတွက် Spa Pool ရှိပါတယ်။ ထိပ်ဆုံးအပေါ်ထပ်ကနေ ရေထဲကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် Bungee Jumping(ကြိုးဖြင့်ခုန်ချခြင်း)တွေ ပြုလုပ်လို့ရပါတယ်။

Crane Hotel Faralda

Crane Hotel Faralda

(၆) Magic Mountain Hotel

Chile နိုင်ငံ Hulio Hulio Nature Reserve ရဲ့အတွင်းရှိ Magic Mountain Hotel က ထူးခြားဆန်းပြားတဲ့ ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ သစ်သားတံတားနဲ့ အသုံးပြုလို့ရတဲ့ ဟိုတယ်လေးဖြစ်ပြီး ကြီးမားတဲ့ မီးတောင်ပုံစံပုံဖော်ထားပြီး ဘေးပတ်ပတ်လည်မှာ ရေညှိတွေနဲ့ ဖုံးအုပ်ထားတာကို တွေ့ရပါတယ်။ ဟိုတယ်ရဲ့ထိပ်ကနေ ရေတံခွန်လိုပုံစံမျိုး ရေလေးတွေစီးကျနေပြီး ဘေးပတ်ပတ်လည်မှာတော့ အမြဲစိမ်းသစ်တောတွေ၊ မျက်စိပဒေသာဖြစ်စေတဲ့ ရေကန်တွေနဲ့ ထုံးအိုင်တွေ၊ ရေပူစမ်းတွေနဲ့ ကြီးမားသော တောင်တန်းကြီးတွေနဲ့ ဝန်းရံထားတာကို တွေ့ရပါတယ်။

Magical mountain hotel

Magical mountain hotel

H.H(Akhayar)

www.akhayar.com