[Zawgyi]

အရပ္အပုဆံုး ဘတ္စ္ကားေမာင္းသူအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ခဲ့သူ Frank Faeek Hachem

၅၅ ႏွစ္အရြယ္ Frank Faeek Hachem ဟာ ႏွစ္ထပ္ဘတ္စ္ကားေမာင္းသူအျဖစ္ လုပ္ကိုင္ေနသူတစ္ဦး ျဖစ္ပါတယ္။ ဘတ္စ္ကားေမာင္းသူေတြ အားလံုးထဲမွာ အရပ္အပုဆံုးျဖစ္ေနျခင္းေၾကာင့္ သူဟာ သတင္းႀကီးလို႔ေနပါတယ္။ Frank Faeek Hachem ရဲ႕အရပ္က သာမန္ ဘတ္စ္ကားေမာင္းသူေတြအရပ္နဲ႔ ယွဥ္ရင္ေတာ့ ေတာ္ေတာ္ပုတဲ႔ အရပ္လို႔ ေျပာလို႔ရပါတယ္။ သူရဲ႕အရပ္က ၄ ေပ ၅.၆ လက္မ(၁၃၆.၂ စင္တီမီတာ) သာရွိပါတယ္။

Frank Faeek Hachem

Frank Faeek Hachem

သူဟာအခုဆိုရင္ေတာ့ အရပ္အပုဆံုး ဘတ္စ္ကားေမာင္းသူအျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္္(Guinness World Records) မွာ ပါဝင္လို႔ လာခဲ႔ပါၿပီ။

Frank Faeek Hachem

Frank Faeek Hachem

Frank က အီရတ္ကေန အဂၤလန္ႏိုင္ငံကို လြန္ခဲ့တဲ႔ ႏွစ္(၂၀) ေက်ာ္က ေျပာင္းေရြ႕အေျခခ်ေနထုိင္ခဲ့ပါတယ္။ သူဟာ West Chichester ၿမိဳ႕မွာ ဘတ္စ္ကားေမာင္းသူအျဖစ္ အသက္ေမြးခဲ႔ၿပီး အခုခ်ိန္မွာေတာ့ တစ္ႏွစ္ေက်ာ္သက္တမ္းရွိၿပီ ျဖစ္ပါတယ္။

“အရပ္ပုေပမယ္႔လည္း ဘတ္စ္ကားေမာင္းသူအျဖစ္ လုပ္ကိုင္ဖို႔ သူကိုယ္သူ စိန္ေခၚခဲ႔ပါတယ္လို႔” Frank က ေျပာၾကားခဲ့ပါတယ္။ ဘတ္စ္ကားအမ်ဳိးအစားေတာ္ေတာ္မ်ားမ်ားကို ေမာင္းႏွင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ႔ ေလ့က်င္သင္ၾကားမႈေတြၿပီးတဲ႔အခါအမွာေတာ့ သူ႔အတြက္ ထိုင္ခံုနဲ႔ စတီယာရင္ဘီးေတြကို အနည္းငယ္ေျပာင္းလဲမႈေတြ ျပဳလုပ္ခဲ႔ရပါတယ္။

ဂင္းနစ္ စံခ်ိန္ဝင္တုန္းက Frank မွ်ေဝခဲ့တာကေတာ့ “သာမန္လူေတြနဲ႔ မတူဘဲ အရပ္ပုတဲ႔အတြက္ ဘဝတစ္ေလွ်ာက္မွာ အခက္အခဲေတြ အမ်ားႀကီး ႀကံဳေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္က ဇဲြမေလ်ာ့တဲ့ ဖိုက္တာတစ္ေယာက္ပါ။ ဘယ္ေတာ့မွ အရႈံးေပးမွာလည္း မဟုတ္ပါဘူး။ ဘဝမွာ တစ္ခုခုရရွိဖို႔အတြက္နဲ႔ တစ္ခုခုအက်ဳိးျဖစ္ထြန္းေအာင္ လုပ္ေဆာင္ႏိုင္သူ ျဖစ္ဖို႔အတြက္ အျမဲ ႀကိဳးစားေနမွာပါ။ ကိုယ့္ကိုယ္ကိုယ္ အျမဲလိုလိုျပန္ေျပာခဲ့တာကေတာ့ ငါက သာမန္လူတစ္ေယာက္ပါ ငါအေကာင္းဆံုးလုပ္ႏိုင္တယ္ ငါအေကာင္းဆံုးႀကိဳးစားၿပီး ေက်ာ္ျဖတ္မယ္” ဆိုၿပီး အေကာင္းဆံုးေနထိုင္ခဲ႔ပါတယ္။

Frank Faeek Hachem

Frank Faeek Hachem

အလုပ္စေလွ်ာက္စဥ္တုန္းက ႀကံဳေတြ႕ခဲ႔တဲ႔အခက္အခဲနဲ႔ပတ္သက္ၿပီး လူငယ္ေတြ ခြန္အားယူၿပီး ျဖတ္သန္းႏုိင္ဖို႔အတြက္ Frank ေျပာျပခဲ႔တာကေတာ့ “သူ အလုပ္သြားေလွ်ာက္တုန္းမွာ မန္ေနဂ်ာကို ေျပာခဲ႔တာက ကၽြန္ေတာ္အရပ္က ၄ ေပ နဲ႔ ၆ လက္မပဲ ရွိပါတယ္ ေျခနင္းခံုကို မီမလားဆိုတာေတာ့ ကၽြန္ေတာ္ေသခ်ာမသိပါဘူး ကၽြန္ေတာ္ ဒီအလုပ္ကို ေလွ်ာက္လုိ႔ရမလားဆိုၿပီး” ေမးခဲ႔ပါတယ္။ အဲ႔ဒီလိုေမးတဲ႔အခါမွာ မန္ေနဂ်ာ ျပန္ေျပာခဲ႔တာကေတာ့ “ ဒီအလုပ္ကိုေလွ်ာက္ၾကည္႔ၿပီး အလုပ္ကစစ္တဲ့ စာေမးပဲြကို ေျဖၾကည္႔ပါ စားေမးပဲြေအာင္ရင္ေတာ့ အလုပ္ကေပးတဲ႔ Training ကို ယူၿပီး အလုပ္ဆင္းလို႔ရပါၿပီ” လို႔ ဆိုခဲ႔ပါတယ္။ အရပ္ပုၿပီးေသးငယ္တဲ႔လူျဖစ္ေသာ္လည္း သူဟာ ကၽြန္ေတာ္ကုိ သာမန္လူသားတစ္ဦးအျဖစ္ ဆက္ဆံေပးခဲ႔တဲ့လူ ျဖစ္ပါတယ္။

Frank Faeek Hachem shortest bus driver

Frank Faeek Hachem shortest bus driver

ဒါအျပင္ Frank က အရပ္ပုေပမယ္႔လည္း စိတ္ထားအလြန္ျပည္႔ဝတဲ့ လူသားတစ္ဦး ျဖစ္ပါတယ္။ ဘယ္ေလာက္စိတ္ထားျပည္႔ဝလဲဆုိေတာ့ သူ႔ကားကိုစီးတဲ႔ ခရီးသည္ေတြ၊ သူရဲ႕လုပ္ေဖာ္ကိုင္ဘက္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ သူပတ္ပတ္လည္မွာရွိတဲ့ လူေတြအားလံုးကို ေပ်ာ္ရႊင္ေစခ်င္ပါတယ္လို႔ဆိုတာကို ေျပာတာေတာင္မွ အရႊန္းေဖာက္ၿပီးေတာ့ ေျပာခဲ႔ပါတယ္။

အခုခ်ိန္မွာ Frank ျဖစ္ခ်င္တာကေတာ့ အားနည္းခ်က္ရွိတဲ႔သူေတြပဲျဖစ္ျဖစ္ စိတ္ဓာတ္က်ေနသူေတြပဲျဖစ္ျဖစ္ သူကိုနမူနာယူၿပီး စိတ္ခြန္အားေတြ ျပန္လည္ျဖည့္တင္းကာ ကိုယ္ပိုင္အိပ္မက္ေတြ ေကာင္းေကာင္းႀကီး အေကာင္အထည္ေဖာ္ႏိုင္တာကို ေတြ႔ခ်င္ျမင္ခ်င္ပါတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ Frank က ဇနီး၊ သမီးႏွစ္ေယာက္နဲ႔အတူ အဂၤလန္ႏိုင္ငံရဲ႕ ေတာင္ပိုင္းကမ္းရုိးတန္း Hampshire ေဒသမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္လို႔ ေနပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အရပ်အပုဆုံး ဘတ်စ်ကားမောင်းသူအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့သူ Frank Faeek Hachem

၅၅ နှစ်အရွယ် Frank Faeek Hachem ဟာ နှစ်ထပ်ဘတ်စ်ကားမောင်းသူအဖြစ် လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဘတ်စ်ကားမောင်းသူတွေ အားလုံးထဲမှာ အရပ်အပုဆုံးဖြစ်နေခြင်းကြောင့် သူဟာ သတင်းကြီးလို့နေပါတယ်။ Frank Faeek Hachem ရဲ့အရပ်က သာမန် ဘတ်စ်ကားမောင်းသူတွေအရပ်နဲ့ ယှဉ်ရင်တော့ တော်တော်ပုတဲ့ အရပ်လို့ ပြောလို့ရပါတယ်။ သူရဲ့အရပ်က ၄ ပေ ၅.၆ လက်မ(၁၃၆.၂ စင်တီမီတာ) သာရှိပါတယ်။

Frank Faeek Hachem

Frank Faeek Hachem

သူဟာအခုဆိုရင်တော့ အရပ်အပုဆုံး ဘတ်စ်ကားမောင်းသူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်(Guinness World Records) မှာ ပါဝင်လို့ လာခဲ့ပါပြီ။

Frank Faeek Hachem

Frank Faeek Hachem

Frank က အီရတ်ကနေ အင်္ဂလန်နိုင်ငံကို လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်က ပြောင်းရွေ့အခြေချနေထိုင်ခဲ့ပါတယ်။ သူဟာ West Chichester မြို့မှာ ဘတ်စ်ကားမောင်းသူအဖြစ် အသက်မွေးခဲ့ပြီး အခုချိန်မှာတော့ တစ်နှစ်ကျော်သက်တမ်းရှိပြီ ဖြစ်ပါတယ်။

“အရပ်ပုပေမယ့်လည်း ဘတ်စ်ကားမောင်းသူအဖြစ် လုပ်ကိုင်ဖို့ သူကိုယ်သူ စိန်ခေါ်ခဲ့ပါတယ်လို့” Frank က ပြောကြားခဲ့ပါတယ်။ ဘတ်စ်ကားအမျိုးအစားတော်တော်များများကို မောင်းနှင်နိုင်ဖို့အတွက် လိုအပ်တဲ့ လေ့ကျင်သင်ကြားမှုတွေပြီးတဲ့အခါအမှာတော့ သူ့အတွက် ထိုင်ခုံနဲ့ စတီယာရင်ဘီးတွေကို အနည်းငယ်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ဂင်းနစ် စံချိန်ဝင်တုန်းက Frank မျှဝေခဲ့တာကတော့ “သာမန်လူတွေနဲ့ မတူဘဲ အရပ်ပုတဲ့အတွက် ဘဝတစ်လျှောက်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ဇွဲမလျော့တဲ့ ဖိုက်တာတစ်ယောက်ပါ။ ဘယ်တော့မှ အရှုံးပေးမှာလည်း မဟုတ်ပါဘူး။ ဘဝမှာ တစ်ခုခုရရှိဖို့အတွက်နဲ့ တစ်ခုခုအကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်သူ ဖြစ်ဖို့အတွက် အမြဲ ကြိုးစားနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲလိုလိုပြန်ပြောခဲ့တာကတော့ ငါက သာမန်လူတစ်ယောက်ပါ ငါအကောင်းဆုံးလုပ်နိုင်တယ် ငါအကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်မယ်” ဆိုပြီး အကောင်းဆုံးနေထိုင်ခဲ့ပါတယ်။

Frank Faeek Hachem

Frank Faeek Hachem

အလုပ်စလျှောက်စဉ်တုန်းက ကြုံတွေ့ခဲ့တဲ့အခက်အခဲနဲ့ပတ်သက်ပြီး လူငယ်တွေ ခွန်အားယူပြီး ဖြတ်သန်းနိုင်ဖို့အတွက် Frank ပြောပြခဲ့တာကတော့ “သူ အလုပ်သွားလျှောက်တုန်းမှာ မန်နေဂျာကို ပြောခဲ့တာက ကျွန်တော်အရပ်က ၄ ပေ နဲ့ ၆ လက်မပဲ ရှိပါတယ် ခြေနင်းခုံကို မီမလားဆိုတာတော့ ကျွန်တော်သေချာမသိပါဘူး ကျွန်တော် ဒီအလုပ်ကို လျှောက်လို့ရမလားဆိုပြီး” မေးခဲ့ပါတယ်။ အဲ့ဒီလိုမေးတဲ့အခါမှာ မန်နေဂျာ ပြန်ပြောခဲ့တာကတော့ “ ဒီအလုပ်ကိုလျှောက်ကြည့်ပြီး အလုပ်ကစစ်တဲ့ စာမေးပွဲကို ဖြေကြည့်ပါ စားမေးပွဲအောင်ရင်တော့ အလုပ်ကပေးတဲ့ Training ကို ယူပြီး အလုပ်ဆင်းလို့ရပါပြီ” လို့ ဆိုခဲ့ပါတယ်။ အရပ်ပုပြီးသေးငယ်တဲ့လူဖြစ်သော်လည်း သူဟာ ကျွန်တော်ကို သာမန်လူသားတစ်ဦးအဖြစ် ဆက်ဆံပေးခဲ့တဲ့လူ ဖြစ်ပါတယ်။

Frank Faeek Hachem shortest bus driver

Frank Faeek Hachem shortest bus driver

ဒါအပြင် Frank က အရပ်ပုပေမယ့်လည်း စိတ်ထားအလွန်ပြည့်ဝတဲ့ လူသားတစ်ဦး ဖြစ်ပါတယ်။ ဘယ်လောက်စိတ်ထားပြည့်ဝလဲဆိုတော့ သူ့ကားကိုစီးတဲ့ ခရီးသည်တွေ၊ သူရဲ့လုပ်ဖော်ကိုင်ဘက်တွေ၊ သူငယ်ချင်းတွေနဲ့ သူပတ်ပတ်လည်မှာရှိတဲ့ လူတွေအားလုံးကို ပျော်ရွှင်စေချင်ပါတယ်လို့ဆိုတာကို ပြောတာတောင်မှ အရွှန်းဖောက်ပြီးတော့ ပြောခဲ့ပါတယ်။

အခုချိန်မှာ Frank ဖြစ်ချင်တာကတော့ အားနည်းချက်ရှိတဲ့သူတွေပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေသူတွေပဲဖြစ်ဖြစ် သူကိုနမူနာယူပြီး စိတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းကာ ကိုယ်ပိုင်အိပ်မက်တွေ ကောင်းကောင်းကြီး အကောင်အထည်ဖော်နိုင်တာကို တွေ့ချင်မြင်ချင်ပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ Frank က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ အင်္ဂလန်နိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်း Hampshire ဒေသမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်လို့ နေပါတယ်။

H.H(Akhayar)

www.akhayar.com