[Zawgyi]

ကမၻာ့အသက္ႀကီးဆုံးအဖြားအုိ နာဘီ တာဂ်ီမာ (Nabi Tajima) ၁၁၇ႏွစ္မွာ ကြယ္လြန္သြားၿပီ

ဂ်ပန္ႏုိင္ငံမွ ကမၻာ့အသက္ႀကီးဆုံးအဖြားအုိ နာဘီ တာဂ်ီမာ (Nabi Tajima) ဟာ စက္တင္ဘာလ (၂၁) ရက္ေန႔မွာ လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ေၾကာင္း သိရပါတယ္။ ၁၉ဝဝခုႏွစ္ ၾသဂုတ္လ (၄) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ သူမဟာ ကြယ္လြန္တဲ့အခ်ိန္မွာ ၁၁၇ႏွစ္နဲ႔ ၂၆ဝ ရက္ရွိေနပါၿပီ။ သူမဟာ ကီကုိင္ၿမိဳ႕ (Kikai) ရဲ႕ေဆးရုံတစ္ခုမွာ ကြယ္လြန္ခဲ့ၿပီး ဇန္နဝါရီလကတည္းက ေဆးကုသမႈ ခံယူေနခဲ့တာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ကြယ္လြန္တဲ့အခ်ိန္မွာ သား (၇) ဦးနဲ႔ သမီး (၂) ဦး ထြန္းကားခဲ့ၿပီး ေျမးျမစ္ေပါင္း (၁၆ဝ) ေက်ာ္ရွိတယ္လုိ႔ သိရပါတယ္။ ၂ဝ၁၇ခုႏွစ္ စက္တင္ဘာလ (၁၅) ရက္ေန႔တုန္းက ဂ်ေမကာႏုိင္ငံသူ ဗုိင္အုိးလက္ ဘေရာင္း (Violet Brown) ကြယ္လြန္ၿပီးေနာက္ပုိင္းမွာ သူမဟာ ကမၻာ့အသက္ႀကီးဆုံးအဖြားအုိအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ အပူအပင္ကင္းကင္း အိပ္စက္ဖုိ႔နဲ႔ အာဟာရျပည့္ဝေအာင္ စားေသာက္ဖုိ႔က နာဘီ တာဂ်ီမာရဲ႕ အသက္ရွည္နည္းလ်ွိဳ႕ဝွက္ခ်က္ပဲျဖစ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

နာဘီ တာဂ်ီမာ ကြယ္လြန္သြားၿပီးေနာက္ပုိင္းမွာ ေမလ (၂) ရက္ေန႔မွာ ၁၁၇ႏွစ္ျပည့္ေတာ့မယ့္ ခ်ီယုိ မီယာကုိ (Chiyo Miyako) က ကမၻာ့အသက္ႀကီးဆုံးအဖြားအုိအျဖစ္ မွတ္တမ္းဝင္ေတာ့မွာပါ။ ဂ်ပန္ႏုိင္ငံသားေတြဟာ ပ်မ္းမ်ွသက္တမ္း ၈၅ႏွစ္အထိ ရွိၾကၿပီး သက္ႀကီးရြယ္အုိေတြ ေပါမ်ားတဲ့ႏုိင္ငံတစ္ခုျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာ့အသက်ကြီးဆုံးအဖွားအို နာဘီ တာဂျီမာ (Nabi Tajima) ၁၁၇နှစ်မှာ ကွယ်လွန်သွားပြီ

ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်ကြီးဆုံးအဖွားအို နာဘီ တာဂျီမာ (Nabi Tajima) ဟာ စက်တင်ဘာလ (၂၁) ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ ၁၉ဝဝခုနှစ် သြဂုတ်လ (၄) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ ကွယ်လွန်တဲ့အချိန်မှာ ၁၁၇နှစ်နဲ့ ၂၆ဝ ရက်ရှိနေပါပြီ။ သူမဟာ ကီကိုင်မြို့ (Kikai) ရဲ့ဆေးရုံတစ်ခုမှာ ကွယ်လွန်ခဲ့ပြီး ဇန်နဝါရီလကတည်းက ဆေးကုသမှု ခံယူနေခဲ့တာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ကွယ်လွန်တဲ့အချိန်မှာ သား (၇) ဦးနဲ့ သမီး (၂) ဦး ထွန်းကားခဲ့ပြီး မြေးမြစ်ပေါင်း (၁၆ဝ) ကျော်ရှိတယ်လို့ သိရပါတယ်။ ၂ဝ၁၇ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တုန်းက ဂျမေကာနိုင်ငံသူ ဗိုင်အိုးလက် ဘရောင်း (Violet Brown) ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူမဟာ ကမ္ဘာ့အသက်ကြီးဆုံးအဖွားအိုအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အပူအပင်ကင်းကင်း အိပ်စက်ဖို့နဲ့ အာဟာရပြည့်ဝအောင် စားသောက်ဖို့က နာဘီ တာဂျီမာရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

နာဘီ တာဂျီမာ ကွယ်လွန်သွားပြီးနောက်ပိုင်းမှာ မေလ (၂) ရက်နေ့မှာ ၁၁၇နှစ်ပြည့်တော့မယ့် ချီယို မီယာကို (Chiyo Miyako) က ကမ္ဘာ့အသက်ကြီးဆုံးအဖွားအိုအဖြစ် မှတ်တမ်းဝင်တော့မှာပါ။ ဂျပန်နိုင်ငံသားတွေဟာ ပျမ်းမျှသက်တမ်း ၈၅နှစ်အထိ ရှိကြပြီး သက်ကြီးရွယ်အိုတွေ ပေါများတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com