[Zawgyi]

ဂ်ပန္ႏိုင္ငံမွ ကမ႓ာ့အသက္အႀကီးဆံုးလူသား ၁၁၇ ႏွစ္မွာ ကြယ္လြန္

ကမ႓ာ့အသက္အႀကီးဆံုးလူသားအျဖစ္ ဂင္းနစ္စံခ်ိန္တင္ခံထားရတဲ့ ဂ်ပန္ႏိုင္ငံမွ အဖြားအို Chiyo Miyako ဟာ ဒီတနဂၤေႏြေန႔မွာပဲ ကြယ္လြန္သြားခဲ့ပါၿပီ။

Chiyo Miyako

သူမကို ေမလ ၂ရက္ေန႔ ၁၉၀၈ ခုႏွစ္မွာေမြးဖြားခဲ့ၿပီး ဇူလိုင္လ ၂၂ရက္၊ ၂၀၁၈မွာကြယ္လြန္ခဲ့တာပါ။ ကြယ္လြန္ခ်ိန္မွာ အသက္ ၁၁၇ ႏွစ္နဲ႔ ၈၁ ရက္ ရွိေနၿပီး သူမေနထိုင္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာၿမိဳ႕မွာပဲ ကြယ္လြန္ခဲ့တာပါ။

ယခင္ ကမ႓ာ့အသက္အႀကီးဆံုးလူသားအျဖစ္သတ္မွတ္ခံထားရသူ ဂ်ပန္အမ်ိဳးသား Nabi Tajima ဟာ အသက္ ၁၁၇ အရြယ္မွာပဲ ဆံုးပါးသြားခဲ့ၿပီးေနာက္ Chiyo Miyako ကို ဒီႏွစ္ ဧၿပီလကမွ Guinness World Record မွာ ကမ႓ာ႔သက္ရွိထင္ရွား အသက္အႀကီးဆံုးလူသားအျဖစ္ေရာ၊ ကမ႓ာ့အသက္အႀကီးဆံုး အမ်ိဳးသမီးအျဖစ္ပါ မွတ္တမ္းတင္ခဲ့တာျဖစ္ပါတယ္။

Nabi Tajima

Miyako ဟာ စိတ္ထားေစတနာေကာင္းၿပီး ၾကင္နာတတ္လြန္းတာမို႔ မိသားစုအားလံုးက နတ္သမီးႀကီးလို႔ ေခၚဆိုခံရေလ့ရွိသူပါ။ ဒါ့အျပင္ ဆူရွီလိပ္ျခင္းနဲ႔ပဲ ဘဝကိုုျဖတ္သန္းခဲ့ၿပီးတစ္ညကို အိပ္ခ်ိန္ ၈ နာရီအျပည့္အဝအိပ္သူပါလို႔ မွတ္တမ္းမွာတင္ျပခဲ့ပါတယ္။

မွတ္တမ္းမွာ တရားဝင္မေၾကညာေသးေပမယ့္ Miyako ကြယ္လြန္ၿပီးေနာက္မွာ ကမ႓ာ့အသက္အႀကီးဆံုးေနရာကို ဆက္ခံမယ့္သူဟာ အသက္ ၁၁၅ ႏွစ္ရွိသူ ဂ်ပန္ႏိုင္ငံ ဖူကူအိုကာၿမိဳ႕မွာေနထိုင္တဲ့ Kane Tanaka ဆိုတဲ့အဖြားအိုပဲျဖစ္မယ္လို႔ အားလံုးက တညီတၫြတ္တည္း သတ္မွတ္ေနၾကပါတယ္။

Kane Tanako

ကမ႓ာ့အသက္အႀကီးဆံုးအမ်ိဳးသားျဖစ္သူ ဂ်ပန္လူမ်ိဳး Masazo Nonaka ကေတာ့ သူ႔ရဲ႕ အသက္ ၁၁၃ ႏွစ္ျပည့္ေမြးေန႔ကို ဒီဗုဒၶဟူးေန႔က ေဟာ့ကိုင္းဒိုးကြ်န္းမွာ က်င္းပခဲ့တယ္လို႔သိရပါတယ္။

ကမ႓ာ႔အသက္အရွည္ဆံုးလူသားေတြ တစ္စုတစ္ေဝးတည္းတည္ရွိရာေနရာဟာလည္း ဂ်ပန္ႏိုင္ငံတစ္ခုတည္းလို႔ ေျပာရမေလာက္ကို ဂ်ပန္လူမ်ိဴးေတြရဲ႕အသက္ရွည္က်န္းမာပံုေတြကေတာ့ အံ့ၾသေလာက္စရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ဂျပန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံးလူသား ၁၁၇ နှစ်မှာ ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်တင်ခံထားရတဲ့ ဂျပန်နိုင်ငံမှ အဖွားအို Chiyo Miyako ဟာ ဒီတနင်္ဂနွေနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။

Chiyo Miyako

သူမကို မေလ ၂ရက်နေ့ ၁၉၀၈ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဇူလိုင်လ ၂၂ရက်၊ ၂၀၁၈မှာကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၁၁၇ နှစ်နဲ့ ၈၁ ရက် ရှိနေပြီး သူမနေထိုင်ခဲ့တဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာပဲ ကွယ်လွန်ခဲ့တာပါ။

ယခင် ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ်သတ်မှတ်ခံထားရသူ ဂျပန်အမျိုးသား Nabi Tajima ဟာ အသက် ၁၁၇ အရွယ်မှာပဲ ဆုံးပါးသွားခဲ့ပြီးနောက် Chiyo Miyako ကို ဒီနှစ် ဧပြီလကမှ Guinness World Record မှာ ကမ္ဘာ့သက်ရှိထင်ရှား အသက်အကြီးဆုံးလူသားအဖြစ်ရော၊ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ်ပါ မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

Nabi Tajima

Miyako ဟာ စိတ်ထားစေတနာကောင်းပြီး ကြင်နာတတ်လွန်းတာမို့ မိသားစုအားလုံးက နတ်သမီးကြီးလို့ ခေါ်ဆိုခံရလေ့ရှိသူပါ။ ဒါ့အပြင် ဆူရှီလိပ်ခြင်းနဲ့ပဲ ဘဝကိုဖြတ်သန်းခဲ့ပြီးတစ်ညကို အိပ်ချိန် ၈ နာရီအပြည့်အဝအိပ်သူပါလို့ မှတ်တမ်းမှာတင်ပြခဲ့ပါတယ်။

မှတ်တမ်းမှာ တရားဝင်မကြေညာသေးပေမယ့် Miyako ကွယ်လွန်ပြီးနောက်မှာ ကမ္ဘာ့အသက်အကြီးဆုံးနေရာကို ဆက်ခံမယ့်သူဟာ အသက် ၁၁၅ နှစ်ရှိသူ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှာနေထိုင်တဲ့ Kane Tanaka ဆိုတဲ့အဖွားအိုပဲဖြစ်မယ်လို့ အားလုံးက တညီတညွတ်တည်း သတ်မှတ်နေကြပါတယ်။

Kane Tanako

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားဖြစ်သူ ဂျပန်လူမျိုး Masazo Nonaka ကတော့ သူ့ရဲ့ အသက် ၁၁၃ နှစ်ပြည့်မွေးနေ့ကို ဒီဗုဒ္ဓဟူးနေ့က ဟော့ကိုင်းဒိုးကျွန်းမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။

ကမ္ဘာ့အသက်အရှည်ဆုံးလူသားတွေ တစ်စုတစ်ဝေးတည်းတည်ရှိရာနေရာဟာလည်း ဂျပန်နိုင်ငံတစ်ခုတည်းလို့ ပြောရမလောက်ကို ဂျပန်လူမျိူးတွေရဲ့အသက်ရှည်ကျန်းမာပုံတွေကတော့ အံ့သြလောက်စရာပါပဲ။

EiEiKhineMinn (Akhayar)