[Zawgyi]

လက္ရွိကမၻာ႔ေဘာလုံးေစ်းကြက္မွာ ေစ်းအႀကီးဆုံးျဖစ္ေနတဲ့ ကစားသမား(၁၁)ဦး

၂၁ ရာစု ေဘာလုံးေလာကဟာ တစ္ဆထက္တစ္ဆ ေျပာင္းလဲလာျခင္းနဲ႔အတူ အခုေနာက္ပုိင္းေခတ္မွာ အသင္းတစ္သင္းေအာင္ျမင္ဖုိ႔က ေငြၾကးသုံးစဲြႏုိင္မႈ အဓိကက်လာတယ္။ ေအာင္ျမင္မႈကုိ ေငြေၾကးနဲ႔၀ယ္ယူလုိ႔ မရဘူးဆုိတဲ့ စကားရွိေပမယ့္လည္း ဒီဘက္ေခတ္မွာေတာ့ အဲဒီစကားက ရာႏႈန္းျပည့္မမွန္ကန္ေတာ့ဘူး။ ဥေရာပထိပ္သီးအသင္းေတြက ေငြေၾကးေတြ တေလာေဟာ အသုံးျပဳလာတာေၾကာင့္ အေျပာင္းအေရႊ႕ေစ်းကြက္က ေငြေၾကးေဖာင္းပြမႈေတြ ျဖစ္လာၿပီး မယုံႏုိင္ေလာက္စရာ ကမၻာ႔စံခ်ိန္တင္အေျပာင္းအေရႊ႕ေတြကုိလည္း ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္မွာပါ။ လက္ရွိအခ်ိန္မွာ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္က PSG အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ Neymar ျဖစ္ေနေပမယ့္ မၾကာခင္ကာလအတြင္း အဲဒီပမာဏကုိ ခ်ိဳးျဖတ္မယ့္သူ ေပၚလာဦးမယ့္အရိပ္အေယာင္သန္းေနၿပီ။ အခု ရီးယဲလ္အသင္းက ဟာဇက္ Hazard ၊ ဘာေပ Mbappe တို႔ကုိ ခ်ိန္ေနတာေၾကာင့္ ေနမာရဲ႕ စံခ်ိန္ကုိ ဘယ္သူခ်ိဳးမလဲဆုိတာကုိ ပရိသတ္ေတြ ေစာင့္ၾကည့္ေနၾကတယ္။ ၿဗိတိန္နာမည္ေက်ာ္ သတင္းစာတစ္ေစာင္ျဖစ္တ့ဲ Daily Mail က လက္ရွိေဘာလုံးေလာကမွာ ကမၻာ႔ေစ်းအႀကီးဆုံးကစားသမား (၁၁)ဦးကုိ ေဖာ္ျပခဲ့ၿပီး အဲဒီကစားသမားေတြရဲ႕ တန္ဖုိးစုစုေပါင္းက ေပါင္(၁)ဘီလီယံနီးပါးအထိေတာင္ ရွိေနတာပါ။ Daily Mail က ေဖာ္ျပခဲ့တဲ့ ကစားသမား (၁၁)ဦးကေတာ့ . . . .

အယ္လစ္ဆန္ Alisson (႐ုိးမားမွ လီဗာပူးလ္-ေပါင္ ၆၅သန္း)
ဒီရက္ပုိင္းအတြင္းမွာ ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအေရႊ႕ျဖစ္ပါတယ္။ လီဗာပူးလ္အသငး္ဟာ ႐ုိးမားအသင္းရဲ႕ ဘရာဇီးလ္ဂုိးသမား အယ္လစ္ဆန္ကုိ ေပါင္(၆၅)သန္းနဲ႔ေခၚယူခဲ့ၿပီး ဒီပမာဏဟာ ဂုိးသမားထဲမွာ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္ခဲ့တယ္။

Alisson

Alisson

မန္ဒီ Mendy (မုိနာကုိ မွ မန္စီးတီး -ေပါင္ ၅၁.၇၅ သန္း)
ၿပီးခဲ့တဲ့ရာသီက မုိနာကုိကေန မန္စီးတီးအသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ျပင္သစ္ဘယ္ေနာက္ခံလူ မန္ဒီကလည္း Daily Mail ရဲ႕ ေစ်းအႀကီးဆုံးကစားသမားစာရင္းထဲမွာ ပါ၀င္ခဲ့တယ္။ ဒါေပမဲ့ မန္ဒီရဲ႕မန္စီးတီးကစားသမားဘ၀ကေတာ့ မလွပခဲ့ဘူး။ ရာသီအစကတညး္က ဒဏ္ရာေၾကာင့္ တစ္ရာသီလုံးအနားယူခဲ့ရၿပီး လာမယ့္ရာသီက်ရင္ေတာ့ ႀကံ့ခုိင္မႈအျပည့္နဲ႔ပါ၀င္ႏုိင္မွာပါ။

virgil-van-dijk-

virgil-van-dijk-

ဗန္ဒိုက္ Van Dijk (ေဆာက္သမ္တန္ မွ လီဗာပူးလ္ – ေပါင္၇၀.၁သန္း)
၂၀၁၈၊ ဇန္န၀ါရီအေျပာင္းအေရႊ႕အတြင္း ေျပာင္းေရႊ႕ခဲ့တဲ့ ဗန္ဒုိက္ဟာ ေနာက္ခံလူေတြထဲမွာ ကမၻာ႔စံခ်ိန္င္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္လည္းျဖစ္ပါတယ္။

လာေပါ့တ္ Laporte (ဘီလ္ဘာအုိ မွ မန္စီးတီး -ေပါင္ ၅၈.၅သန္း)
ျပင္သစ္ေနာက္ခံလူ လာေပ့ါတ္ Laporte ရဲ႕ ေျပာင္းေရႊ႕ေၾကးကလည္း မနည္းပါဘူး။ မန္စီးတီးအသင္းဟာ လာေပ့ါတ္ကုိ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားတာျဖစ္ပါတယ္။

ေ၀ါလ္ကာ Kyle Walker (စပါးမွ မန္စီးတီး-ေပါင္ ၄၇.၅သန္း)
ေနာက္တန္းမွာ ေနရာစုံကစားႏုိင္သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ FA ဖလားေတြရယူခဲ့တာေၾကာင့္ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးနဲ႔ထုိက္တန္သူလုိ႔ ဆုိရမယ္။

Paul-Pogba

Paul-Pogba

ေပါ့ဘာ Pogba (ဂ်ဴဗင္တပ္စ္ မွ မန္ယူ – ေပါင္၉၄သန္း)
၂၀၁၆ တုန္းက ဂ်ဴဗင္တပ္စ္ကေန မန္ယူကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ေပါ့ဘာဟာ အဲဒီတုန္းကေတာ့ ကမၻာ႔စံခ်ိန္တင္ျဖစ္ခဲ့တယ္။ ေနာက္ပုိင္းမွာ ေနမာက အဲဒီစံခ်ိန္ကုိ ခ်ိဳးျဖတ္ခဲ့ပါတယ္။

ေကာ္တင္ဟုိ Coutinho (လီဗာပူးလ္ မွ ဘာစီလုိနာ-ေပါင္၁၁၂.၅ သန္း)
လီဗာပူးလ္အသင္းက ေကာ္တင္ဟုိကုိ ဘယ္ေလာက္ပဲေပးေပး မေရာင္းဘူးလုိ႔ဆုိခဲ့ေပမယ့္ ဘာစီလုိနာအသင္းက ေနမာကုိ လက္လႊတ္ခဲ့ရတဲ့အတြက္ လီဗာပူးလ္ မျငင္းႏုိင္ေလာက္တဲ့ ပမာဏကုိ ေပးေခ်ခဲ့ရၿပီး ေကာ္တင္ဟုိဟာ ဘာစီလုိနာအသင္းတပ္ဖဲြ႕၀င္ျဖစ္လာခဲ့တယ္။

Philippe-Coutinho

Philippe-Coutinho

ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodriguez (မုိနာကုိ မွ ရီးယဲလ္ ေပါင္၆၇.၅သန္း)
၂၀၁၄ ကမၻာ႔ဖလားမွာ ထင္ရွားလာခဲ့တဲ့ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ကုိ ရီးယဲလ္အသင္းက ၿပိဳင္ပဲြအၿပီးမွာပဲ ေခၚယူခဲ့တယ္။ ဒါေပမဲ့ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ရဲ႕ ရီးယဲလ္ကစားသမားဘ၀က အဆင္မေျပခဲ့ဘဲ အခုလည္း အသင္းကထြက္မယ္လုိ႔ သတင္းေတြထြက္ေနတယ္။

ေနမာ Neymar (ဘာစီလုိနာ မွ PSG ေပါင္ ၁၉၉.၈သန္း)
လက္ရွိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးပုိင္ရွင္ျဖစ္ပါတယ္။ ဒါေပမဲ့ ေနမာရဲ႕စံခ်ိန္ကုိ ဒီေႏြရာသီမွာ ခ်ိဳးျဖတ္မယ့္သူေပၚလာလိမ့္မယ္လုိ႔လည္း မီဒီယာေတြက သုံးသပ္ေနၾကတယ္။

Neymar1

Neymar1

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo (ရီးယဲလ္ မွ ဂ်ဴဗင္တပ္စ္- ေပါင္ ၁၀၅သန္း)
အသက္(၃၃)ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိရဲ႕ ေျပာင္းေရႊ႕ေၾကးက အသက္(၃၀)ေက်ာ္ကစားသမားေတြထဲမွာ အမ်ားဆုံးျဖစ္ခဲ့တယ္။

Mbappe

Mbappe

ဘာေပ Mbappe (မုိနာကုိ မွ PSG- ေပါင္ ၁၂၁သန္း)
ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ အေတာက္ပဆုံးၾကယ္ပြင့္ျဖစ္တဲ့ ဘာေပကို ရီးယဲလ္အသငး္က ပစ္မွတ္ထားေနၿပီး ေနမာရဲ႕ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ခ်ိဳးဖ်က္ႏုိင္မယ့္သူအျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo:101 Great Goals,Twitter,Evening Standard,Sky Sports,Quartz,Mirror
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်ရှိကမ္ဘာ့ဘောလုံးဈေးကွက်မှာ ဈေးအကြီးဆုံးဖြစ်နေတဲ့ ကစားသမား(၁၁)ဦး

၂၁ ရာစု ဘောလုံးလောကဟာ တစ်ဆထက်တစ်ဆ ပြောင်းလဲလာခြင်းနဲ့အတူ အခုနောက်ပိုင်းခေတ်မှာ အသင်းတစ်သင်းအောင်မြင်ဖို့က ငွေကြးသုံးစွဲနိုင်မှု အဓိကကျလာတယ်။ အောင်မြင်မှုကို ငွေကြေးနဲ့ဝယ်ယူလို့ မရဘူးဆိုတဲ့ စကားရှိပေမယ့်လည်း ဒီဘက်ခေတ်မှာတော့ အဲဒီစကားက ရာနှုန်းပြည့်မမှန်ကန်တော့ဘူး။ ဥရောပထိပ်သီးအသင်းတွေက ငွေကြေးတွေ တလောဟော အသုံးပြုလာတာကြောင့် အပြောင်းအရွှေ့ဈေးကွက်က ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာပြီး မယုံနိုင်လောက်စရာ ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့တွေကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီးဖြစ်မှာပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်က PSG အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ဖြစ်နေပေမယ့် မကြာခင်ကာလအတွင်း အဲဒီပမာဏကို ချိုးဖြတ်မယ့်သူ ပေါ်လာဦးမယ့်အရိပ်အယောင်သန်းနေပြီ။ အခု ရီးယဲလ်အသင်းက ဟာဇက် Hazard ၊ ဘာပေ Mbappe တို့ကို ချိန်နေတာကြောင့် နေမာရဲ့ စံချိန်ကို ဘယ်သူချိုးမလဲဆိုတာကို ပရိသတ်တွေ စောင့်ကြည့်နေကြတယ်။ ဗြိတိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail က လက်ရှိဘောလုံးလောကမှာ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမား (၁၁)ဦးကို ဖော်ပြခဲ့ပြီး အဲဒီကစားသမားတွေရဲ့ တန်ဖိုးစုစုပေါင်းက ပေါင်(၁)ဘီလီယံနီးပါးအထိတောင် ရှိနေတာပါ။ Daily Mail က ဖော်ပြခဲ့တဲ့ ကစားသမား (၁၁)ဦးကတော့ . . . .

အယ်လစ်ဆန် Alisson (ရိုးမားမှ လီဗာပူးလ်-ပေါင် ၆၅သန်း)
ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်ကို ပေါင်(၆၅)သန်းနဲ့ခေါ်ယူခဲ့ပြီး ဒီပမာဏဟာ ဂိုးသမားထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့တယ်။

Alisson

Alisson

မန်ဒီ Mendy (မိုနာကို မှ မန်စီးတီး -ပေါင် ၅၁.၇၅ သန်း)
ပြီးခဲ့တဲ့ရာသီက မိုနာကိုကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်ဘယ်နောက်ခံလူ မန်ဒီကလည်း Daily Mail ရဲ့ ဈေးအကြီးဆုံးကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ မန်ဒီရဲ့မန်စီးတီးကစားသမားဘဝကတော့ မလှပခဲ့ဘူး။ ရာသီအစကတည်းက ဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူခဲ့ရပြီး လာမယ့်ရာသီကျရင်တော့ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်နိုင်မှာပါ။

virgil-van-dijk-

virgil-van-dijk-

ဗန်ဒိုက် Van Dijk (ဆောက်သမ်တန် မှ လီဗာပူးလ် – ပေါင်၇၀.၁သန်း)
၂၀၁၈၊ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒိုက်ဟာ နောက်ခံလူတွေထဲမှာ ကမ္ဘာ့စံချိန်င်ပြောင်းရွှေ့ကြေးပိုင်ရှင်လည်းဖြစ်ပါတယ်။

လာပေါ့တ် Laporte (ဘီလ်ဘာအို မှ မန်စီးတီး -ပေါင် ၅၈.၅သန်း)
ပြင်သစ်နောက်ခံလူ လာပေ့ါတ် Laporte ရဲ့ ပြောင်းရွှေ့ကြေးကလည်း မနည်းပါဘူး။ မန်စီးတီးအသင်းဟာ လာပေ့ါတ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။

ဝေါလ်ကာ Kyle Walker (စပါးမှ မန်စီးတီး-ပေါင် ၄၇.၅သန်း)
နောက်တန်းမှာ နေရာစုံကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားတွေရယူခဲ့တာကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်သူလို့ ဆိုရမယ်။

Paul-Pogba

Paul-Pogba

ပေါ့ဘာ Pogba (ဂျူဗင်တပ်စ် မှ မန်ယူ – ပေါင်၉၄သန်း)
၂၀၁၆ တုန်းက ဂျူဗင်တပ်စ်ကနေ မန်ယူကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာဟာ အဲဒီတုန်းကတော့ ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ နေမာက အဲဒီစံချိန်ကို ချိုးဖြတ်ခဲ့ပါတယ်။

ကော်တင်ဟို Coutinho (လီဗာပူးလ် မှ ဘာစီလိုနာ-ပေါင်၁၁၂.၅ သန်း)
လီဗာပူးလ်အသင်းက ကော်တင်ဟိုကို ဘယ်လောက်ပဲပေးပေး မရောင်းဘူးလို့ဆိုခဲ့ပေမယ့် ဘာစီလိုနာအသင်းက နေမာကို လက်လွှတ်ခဲ့ရတဲ့အတွက် လီဗာပူးလ် မငြင်းနိုင်လောက်တဲ့ ပမာဏကို ပေးချေခဲ့ရပြီး ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းတပ်ဖွဲ့ဝင်ဖြစ်လာခဲ့တယ်။

Philippe-Coutinho

Philippe-Coutinho

ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodriguez (မိုနာကို မှ ရီးယဲလ် ပေါင်၆၇.၅သန်း)
၂၀၁၄ ကမ္ဘာ့ဖလားမှာ ထင်ရှားလာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ရီးယဲလ်အသင်းက ပြိုင်ပွဲအပြီးမှာပဲ ခေါ်ယူခဲ့တယ်။ ဒါပေမဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ရီးယဲလ်ကစားသမားဘဝက အဆင်မပြေခဲ့ဘဲ အခုလည်း အသင်းကထွက်မယ်လို့ သတင်းတွေထွက်နေတယ်။

နေမာ Neymar (ဘာစီလိုနာ မှ PSG ပေါင် ၁၉၉.၈သန်း)
လက်ရှိ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ နေမာရဲ့စံချိန်ကို ဒီနွေရာသီမှာ ချိုးဖြတ်မယ့်သူပေါ်လာလိမ့်မယ်လို့လည်း မီဒီယာတွေက သုံးသပ်နေကြတယ်။

Neymar1

Neymar1

စီရော်နယ်လ်ဒို Cristiano Ronaldo (ရီးယဲလ် မှ ဂျူဗင်တပ်စ်- ပေါင် ၁၀၅သန်း)
အသက်(၃၃)နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုရဲ့ ပြောင်းရွှေ့ကြေးက အသက်(၃၀)ကျော်ကစားသမားတွေထဲမှာ အများဆုံးဖြစ်ခဲ့တယ်။

Mbappe

Mbappe

ဘာပေ Mbappe (မိုနာကို မှ PSG- ပေါင် ၁၂၁သန်း)
ဆယ်ကျော်သက်ကစားသမားတွေထဲမှာ အတောက်ပဆုံးကြယ်ပွင့်ဖြစ်တဲ့ ဘာပေကို ရီးယဲလ်အသင်းက ပစ်မှတ်ထားနေပြီး နေမာရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်နိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo:101 Great Goals,Twitter,Evening Standard,Sky Sports,Quartz,Mirror
Naing Linn(Akhayar)
www.akhayar.com