[Zawgyi]

စတုတ္စီးတီးနဲ႔ပဲြမွာ တံေကာက္ေၾကာ ဒဏ္ရာရရွိခဲ့တဲ့
လယ္လာနာ(Lallana)

လီဗာပူးလ္အသင္းရဲ႕ အဂၤလန္လက္ေရြးစင္ ကြင္းလယ္လူ လယ္လာနာ(Lallana)ဟာ ခရစၥတယ္ပဲေလ့စ္ကုိ(၂-၁) အႏုိင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့လုိ႔ လီဗာပူးလ္အသင္းနဲ႔ အဂၤလန္အသင္းအတြက္ စုိးရိမ္စရာျဖစ္ခဲ့ပါတယ္။
လယ္လာနာဟာ အဲဒီဒဏ္ရာေၾကာင့္ ဒုတိယပုိင္း(၆၅)မိနစ္မွာ လူစားလဲခံခဲ့ရၿပီး ကြင္းထဲကေန ခ်ိဳင္းေထာက္နဲ႔ထြက္ခဲ့ရတဲ့အထိျဖစ္ခဲ့ရ
တယ္။ လယ္လာနာဟာ ဒီႏွစ္ထဲမွာ လီဗာပူးလ္အသင္းအတြက္ ပုံမွန္ပဲြထြက္ခြင့္မရခဲ့ေပမယ့္ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ (Southgate)ကေတာ့ သူ႔ကုိလက္ေရြးစင္သင္းမွာ ပုံမွန္ေရြးခ်ယ္ၿပီး ေနရာေပးတဲ့အျပင္ လာမယ့္ကမၻာ့ဖလားၿပိဳင္ပဲြက်ရင္
လယ္လာနာကုိ ပဲြထြက္ခြင့္တစ္ေနရာေပးဖုိ႔က အေသအခ်ာပါပဲ။

တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ လယ္လာနာ

တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ လယ္လာနာ

ဒါေပမဲ့ လယ္လာနာရဲ႕ တံေကာက္ေၾကာဒဏ္ရာဟာ သူ႔ရဲ႕ကမၻာ့ဖလား အိပ္မက္ေတြအတြက္ အႀကီးမားဆုံးထုိးႏွက္ခ်က္တစ္ခုျဖစ္ေနပါၿပီ။ လယ္လာနာရဲ႕ဒဏ္ရာက ဆုိးရြားတဲ့အေနအထား ရွိႏုိင္တယ္လုိ႔ ၿဗိတိန္မီဒီယာေတြက ခန္႔မွန္းေနၿပီး လီဗာပူးလ္အသင္းဟာ လာမယ့္ (၂၄)နာရီ အတြင္း စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ လယ္လာနာဟာ ဘယ္ဘက္ေပါင္ၾကြက္သား
စုတ္ၿပဲတဲ့ဒဏ္ရာေၾကာင့္ ဒီရာသီ အစပုိင္းမွာ (၄)လေလာက္ အနားယူခဲ့ရပါေသးတယ္။ လယ္လာနာရဲ႕ဒဏ္ရာနဲ႔ပတ္သက္ၿပီး
လီဗာပူးလ္အသင္းနည္းျပကေလာ့ပ္(Klopp)က -လယ္လာနာဟာ ကၽြန္ေတာ္တို႔အတြက္ ကစားသမားဆုိလည္းဟုတ္၊ ညီတစ္ေယာက္ဆုိလည္း ဟုတ္ပါတယ္။ သူ႔ရဲ႕ဒဏ္ရာသတင္းဟာ ကၽြန္ေတာ့္အတြက္သာမက ေဆာက္ဂိတ္အတြက္လည္း စိတ္ပ်က္စရာေကာင္းပါ
တယ္-လုိ႔ ေျပာၾကားခဲ့ပါတယ္။

တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ လယ္လာနာ

REF:Daily Mail

Naing Linn(Akhayar)
www.akhayar.com

[Unicode]
<h1>စတုတ်စီးတီးနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့
လယ်လာနာ(Lallana)</h1>
လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ လယ်လာနာ(Lallana)ဟာ ခရစ္စတယ်ပဲလေ့စ်ကို(၂-၁) အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
လယ်လာနာဟာ အဲဒီဒဏ်ရာကြောင့် ဒုတိယပိုင်း(၆၅)မိနစ်မှာ လူစားလဲခံခဲ့ရပြီး ကွင်းထဲကနေ ချိုင်းထောက်နဲ့ထွက်ခဲ့ရတဲ့အထိဖြစ်ခဲ့ရ
တယ်။ လယ်လာနာဟာ ဒီနှစ်ထဲမှာ လီဗာပူးလ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် (Southgate)ကတော့ သူ့ကိုလက်ရွေးစင်သင်းမှာ ပုံမှန်ရွေးချယ်ပြီး နေရာပေးတဲ့အပြင် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကျရင်
လယ်လာနာကို ပွဲထွက်ခွင့်တစ်နေရာပေးဖို့က အသေအချာပါပဲ။

World-Cup-despair-Adam-Lallana-hamstring-injury

 တံကောက်ကြောဒဏ်ရာရခဲ့တဲ့ လယ်လာနာ

ဒါပေမဲ့ လယ်လာနာရဲ့ တံကောက်ကြောဒဏ်ရာဟာ သူ့ရဲ့ကမ္ဘာ့ဖလား အိပ်မက်တွေအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုဖြစ်နေပါပြီ။ လယ်လာနာရဲ့ဒဏ်ရာက ဆိုးရွားတဲ့အနေအထား ရှိနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ခန့်မှန်းနေပြီး လီဗာပူးလ်အသင်းဟာ လာမယ့် (၂၄)နာရီ အတွင်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လယ်လာနာဟာ ဘယ်ဘက်ပေါင်ကြွက်သား
စုတ်ပြဲတဲ့ဒဏ်ရာကြောင့် ဒီရာသီ အစပိုင်းမှာ (၄)လလောက် အနားယူခဲ့ရပါသေးတယ်။ လယ်လာနာရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး
လီဗာပူးလ်အသင်းနည်းပြကလော့ပ်(Klopp)က -လယ်လာနာဟာ ကျွန်တော်တို့အတွက် ကစားသမားဆိုလည်းဟုတ်၊ ညီတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ သူ့ရဲ့ဒဏ်ရာသတင်းဟာ ကျွန်တော့်အတွက်သာမက ဆောက်ဂိတ်အတွက်လည်း စိတ်ပျက်စရာကောင်းပါ
တယ်-လို့ ပြောကြားခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ လယ်လာနာ

REF:Daily Mail

Naing Linn(Akhayar)
http://www.akhayar.com