နည်းပညာအသစ်အဆန်း ကြိုက်တတ်တဲ့သူတွေအတွက် အသစ်ထပ်ပေါ်လာတာကတော့လက်ရှိမှာထွက်ပေါ်လာတာကတော့ ကမ္ဘာ့အသေးဆုံး မောင်းသူမဲ့ Drone ပဲဖြစ်ပါတယ်။ Cheerson Company ဟာ ကမ္ဘာ့အသေးငယ်ဆုံး ကင်မရာပါဝင်တဲ့ မောင်းသူမဲ့လေယာဉ်ငယ် CX-10C ကို ထုတ်လုပ်ခဲ့ပြီး စတင်ထုတ်လုပ်ကြောင်းကြေငြာတဲ့အချိန်မှာ Cheerson CX-10C ရဲ့ဈေးနှုန်းဟာ ဒေါ်လာ၅၀ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ နေရာတော်တော်များများမှာ ၂၅ဒ်ါလာ နဲ့သာရောင်းချလျက်ရှိကြောင်းသိရပါတယ်။

CX-10C မှာ Camera Memory 2GB ပါဝင်တာကြောင့် ရိုက်ပြီးသားပုံတွေ လုံလုံလောက်လောက် သိမ်းဆည်းထားနိုင်မှာပါ။ CX-10C နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေရစေမယ့်အပြင် ညဘက် အသုံးပြုဖို့အတွက်အဆင်ပြေအောင် LED မီးတွေထည့်ပေးထားပါတယ်။  Drone ကိုမောင်းနှင်နေတဲ့အချိန် လေထဲမှာ ပျံသန်းနေတဲ့ မယိမ်းမယိုင် တုန်ခါမှုမဖြစ်အောင် ပြုလုပ်ပေးထားတယ်လို့သိရပါတယ်။ Battery ကုန်ရင်တော့ အနည်းဆုံးနာရီဝက်ထိထားပြီး အားသွင်းပေးရမှာဖြစ်ပါတယ်။ Online ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Amazon မှာလည်း Cheerson CX-10C ကိုဝယ်ယူနိုင်ပေမယ့် ဒီWebsite ကနေ၀ယ်တဲ့ Drone မှာ Memory 2GB မပါကြောင်းသိရပါတယ်။ မှတ်ဥာဏ်ထပ်တိုး အသုံးပြုချင်တယ်ဆိုရင်တော့ 16GB ထိထပ်တိုးအသုံးပြုနိုင်ပါတယ်။

Jan (Akhayar)

Ref : Android Authority