[Zawgyi]

 ႏိုင္ငံတကာမွ ေက်ာ့ရွင္းလွပ Fashion အက်ဆံုး ေတာ္ဝင္မိသားစု၀င္မ်ား

ေတာ္ဝင္ဘုရင့္မ်ိဳးႏြယ္ေတြဆိုတာ ျပည္သူလူထုရဲ႕စံျပလူသားေတြလို႔ သတ္မွတ္ခံထားရတဲ့သူေတြျဖစ္တာနဲ႔အညီ ဝတ္စားဆင္ယင္မႈ၊ ေနထိုင္သြားလာမႈ၊ အစားအေသာက္နဲ႔ အျပဳအမူအားလံုးဟာ အတုယူစဖြယ္ေနထိုင္ရွင္သန္ရတဲ့သူေတြပါ။ အဲ့ဒီထဲကမွ အဓိကအေရးအႀကီးဆံုးကေတာ့ ပြဲအခမ္းအနားနဲ႔လိုက္ဖက္တဲ့ Fashion နဲ႔ အေရာင္ကိုေရြးခ်ယ္ဝတ္ဆင္တတ္ဖို႔ပါပဲ။

ဒါေပမယ့္ ေတာ္ဝင္မ်ိဳးႏြယ္အမ်ိဳးသမီးေတြကလည္း မေခသူေတြပါ။ Fashion အျမင္နဲ႔ပတ္သက္ရင္ က်က္သေရရွိရွိလွပေက်ာ့ေမာ့ေနေအာင္ ဝတ္ဆင္တတ္တဲ့အမ်ိဳးသမီးေတြလည္း အမ်ားအျပားပါပဲ။ ႏိုင္ငံတကာက အဲ့လိုေတာ္၀င္အမ်ိဳးသမီးေတြထဲကမွ Fashion အက်ဆံုးနဲ႔ Style အမိဆံုး ေတာ္ဝင္မင္းသမီးေတြကေတာ့-

(၁) Princess Deena Aljuhani Abdulaziz (Saudi Arabia)

Saudi Arabia ႏိုင္ငံရဲ႕ မင္းသမီး Deena Akjuhani Abdulaziz ကေတာ့ ႏူးႏူးညံ့ညံ့နဲ႔ မိန္းမဆန္တဲ့ Type မ်ိဳးမဟုတ္ဘဲ ေယာက္်ားဆန္ဆန္ Style မ်ိဳးဘက္ကို ယိမ္းပါတယ္။

ဒါေပမယ့္ သူမ ဝတ္သမွ် Fashion အားလံုးက ေခတ္ေရစီးေၾကာင္းအမီ အထာက်က်နဲ႔ လူအမ်ားထဲက ကြဲထြက္ေနပါတယ္။

(၂) Queen Letizia (Spain)

Queen Leiizia ကေတာ့ King Felipe VI နဲ႔ ၂၀၀၄ မွာ လက္မထပ္ခင္က ဂ်ာနယ္လစ္နဲ႔ ႐ုပ္သံတင္ဆက္သူအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ၂၀၁၄ မွာေတာ့ စပိန္ႏိုင္ငံရဲ႕ ဘုရင္မျဖစ္လာခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တည္းက သူမဟာ ဇာေလးေတြ၊ ပန္းပြင့္ Pattern ေလးေတြနဲ႔ ေက်ာ့ရွင္းၿပီး မိန္းမဆန္တဲ့ ပံုစံေလးေတြကိုသာတစိုက္မတ္မတ္ ဝတ္ဆင္ေလ့ရွိလာတာေၾကာင့္ ႏူးညံ့သိမ္ေမြ႕တဲ့ ဆင္ယင္မႈမ်ိဳးနဲ႔ စပိန္အမ်ိဳးသမီးထုရဲ႕စံျပျဖစ္ခဲ့ပါတယ္။

(၃) Princess Charlene (Monaco)

Prince Albert II နဲ႔ ၂၀၁၁ ခုႏွစ္မွာ လက္မထပ္ခင္တုန္းတည္းက Charlene ဟာ ေတာက္အာဖရိကရဲ႕ ေရကူးမယ္ျဖစ္ခဲ့သူပါ။

Prince Albert II နဲ႔ လက္ထပ္ၿပီးခ်ိန္ Monaco ရဲ႕မင္းသမီးတစ္ပါးျဖစ္လာၿပီးတဲ့ေနာက္မွာေတာ့ Minimal Silhouettes နဲ႔ တစ္ဆက္တည္း Gowns အရွည္ေလးေတြကိုသာ အၿမဲဝတ္ဆင္တတ္လာတဲ့ သူမရဲ႕ Fashion ဟာလည္း အမ်ိဳးသမီးထုၾကား ထင္ရွားခဲ့ပါတယ္။

(၄) Queen Rania (Jordan)

၁၉၉၃ ခုႏွစ္မွာ Prince Abdullah II နဲ႔ လက္ထပ္ခဲ့တဲ့ Rania ကေတာ့ ၁၉၉၉ ခုႏွစ္သူမရဲ႕ ခင္ပြန္း ဘုရင္အျဖစ္ရာဇပလႅင္ ႏွင္းအပ္ခံရတဲ့အခါ Queen Rania အျဖစ္ နန္းစံခဲ့ရပါတယ္။

Queen Rania ကိုေတာ့ သူမရဲ႕ပရဟိတလုပ္ငန္းေတြနဲ႔ ႐ိုးရွင္းၿပီး က်က္သေရရွိတဲ့ Fashion ေလးေတြေၾကာင့္ လူသိမ်ားၾကပါတယ္။

(၅) Sheikha Moza Bint Nasser (Qatar)

Forbes မဂၢဇင္းရဲ႕ ၾသဇာအာဏာအရွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းမွာပါဝင္တဲ့ Moza ဟာလည္း ပရဟိတလုပ္ငန္းေတြေၾကာင့္နာမည္ႀကီးတဲ့သူပါ။

ဒါ့အျပင္ သူမဝတ္ဆင္ေလ့ရွိတဲ့ တစ္ေရာင္တည္း Monochrome အတြဲအစပ္ေတြ၊ ဒီဇိုင္းနာေတြနဲ႔ ပူးေပါင္းဖန္တီးေလ့ရွိတဲ့ Qatar ႐ိုးရာ Fashion ဆန္းေတြေၾကာင့္ လူသိမ်ားထင္ရွားသူျဖစ္ပါတယ္။

(၆) Charlotte Casiraghi (Monaco)

သူမကေတာ့ ေတာ္ဝင္မင္းသမီးတစ္ပါးဆိုတာထက္ နာမည္ႀကီးေမာ္ဒယ္လ္တစ္ေယာက္လို႔ေတာင္ မွတ္ယူရေလာက္ေအာင္ Fashion နဲ႔ပတ္သက္ရင္ အၿမဲတမ္းေျပာစမွတ္တြင္ရတဲ့အထိ အထာက်လြန္းသူပါ။

Monaco ထီးနန္းကို ၉ဆက္ေျမာက္ဆက္ခံရမယ့္သူျဖစ္ၿပီး Runway Shows ေတြထိကို ပြဲခံတတ္တဲ့ ခပ္မိုက္မိုက္ေတာ္ဝင္မင္းသမီးပါ။

(၇) Princess Marie-Chantal (Greece)

၁၉၉၅ ခုႏွစ္မွာ ဂရိႏိုင္ငံရဲ႕ ေတာ္ဝင္မင္းသား Pavlos နဲ႔လက္ထပ္ခဲ့ၿပီး Princess ဘြဲ႕ခံယုခဲ့တဲ့ Mary ဟာလည္း သူမရဲ႕ ကိုယ္ပိုင္ Fashion Trend နဲ႔ ေက်ာ့ရွင္းသြက္လက္ေနတဲ့အျပင္ Marie-Chantal ဆိုတဲ့ နာမည္နဲ႔ ကေလးငယ္ေတြအတြက္ Fashion Design ေတြေရာင္းခ်ပါေသးတယ္။

ဒီမင္းသမီးေတြကေတာ့ လတ္တေလာ လႈပ္ရွားမႈေတြမွာအထိ အလွေတြေဝ Fashion က်ေစတဲ့ Dress ေတြ၊ Fashion ေတြနဲ႔ ပရိသတ္စံျပအၿမဲျဖစ္ေစသူေတြပါ။

EiEiKhineMinn (Akhayar)

[Unicode]

 နိုင်ငံတကာမှ ကျော့ရှင်းလှပ Fashion အကျဆုံး တော်ဝင်မိသားစုဝင်များ

တော်ဝင်ဘုရင့်မျိုးနွယ်တွေဆိုတာ ပြည်သူလူထုရဲ့စံပြလူသားတွေလို့ သတ်မှတ်ခံထားရတဲ့သူတွေဖြစ်တာနဲ့အညီ ဝတ်စားဆင်ယင်မှု၊ နေထိုင်သွားလာမှု၊ အစားအသောက်နဲ့ အပြုအမူအားလုံးဟာ အတုယူစဖွယ်နေထိုင်ရှင်သန်ရတဲ့သူတွေပါ။ အဲ့ဒီထဲကမှ အဓိကအရေးအကြီးဆုံးကတော့ ပွဲအခမ်းအနားနဲ့လိုက်ဖက်တဲ့ Fashion နဲ့ အရောင်ကိုရွေးချယ်ဝတ်ဆင်တတ်ဖို့ပါပဲ။

ဒါပေမယ့် တော်ဝင်မျိုးနွယ်အမျိုးသမီးတွေကလည်း မခေသူတွေပါ။ Fashion အမြင်နဲ့ပတ်သက်ရင် ကျက်သရေရှိရှိလှပကျော့မော့နေအောင် ဝတ်ဆင်တတ်တဲ့အမျိုးသမီးတွေလည်း အများအပြားပါပဲ။ နိုင်ငံတကာက အဲ့လိုတော်ဝင်အမျိုးသမီးတွေထဲကမှ Fashion အကျဆုံးနဲ့ Style အမိဆုံး တော်ဝင်မင်းသမီးတွေကတော့-

(၁) Princess Deena Aljuhani Abdulaziz (Saudi Arabia)

Saudi Arabia နိုင်ငံရဲ့ မင်းသမီး Deena Akjuhani Abdulaziz ကတော့ နူးနူးညံ့ညံ့နဲ့ မိန်းမဆန်တဲ့ Type မျိုးမဟုတ်ဘဲ ယောက်ျားဆန်ဆန် Style မျိုးဘက်ကို ယိမ်းပါတယ်။

ဒါပေမယ့် သူမ ဝတ်သမျှ Fashion အားလုံးက ခေတ်ရေစီးကြောင်းအမီ အထာကျကျနဲ့ လူအများထဲက ကွဲထွက်နေပါတယ်။

(၂) Queen Letizia (Spain)

Queen Leiizia ကတော့ King Felipe VI နဲ့ ၂၀၀၄ မှာ လက်မထပ်ခင်က ဂျာနယ်လစ်နဲ့ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ မှာတော့ စပိန်နိုင်ငံရဲ့ ဘုရင်မဖြစ်လာခဲ့ပါတယ်။

အဲ့ဒီအချိန်တည်းက သူမဟာ ဇာလေးတွေ၊ ပန်းပွင့် Pattern လေးတွေနဲ့ ကျော့ရှင်းပြီး မိန်းမဆန်တဲ့ ပုံစံလေးတွေကိုသာတစိုက်မတ်မတ် ဝတ်ဆင်လေ့ရှိလာတာကြောင့် နူးညံ့သိမ်မွေ့တဲ့ ဆင်ယင်မှုမျိုးနဲ့ စပိန်အမျိုးသမီးထုရဲ့စံပြဖြစ်ခဲ့ပါတယ်။

(၃) Princess Charlene (Monaco)

Prince Albert II နဲ့ ၂၀၁၁ ခုနှစ်မှာ လက်မထပ်ခင်တုန်းတည်းက Charlene ဟာ တောက်အာဖရိကရဲ့ ရေကူးမယ်ဖြစ်ခဲ့သူပါ။

Prince Albert II နဲ့ လက်ထပ်ပြီးချိန် Monaco ရဲ့မင်းသမီးတစ်ပါးဖြစ်လာပြီးတဲ့နောက်မှာတော့ Minimal Silhouettes နဲ့ တစ်ဆက်တည်း Gowns အရှည်လေးတွေကိုသာ အမြဲဝတ်ဆင်တတ်လာတဲ့ သူမရဲ့ Fashion ဟာလည်း အမျိုးသမီးထုကြား ထင်ရှားခဲ့ပါတယ်။

(၄) Queen Rania (Jordan)

၁၉၉၃ ခုနှစ်မှာ Prince Abdullah II နဲ့ လက်ထပ်ခဲ့တဲ့ Rania ကတော့ ၁၉၉၉ ခုနှစ်သူမရဲ့ ခင်ပွန်း ဘုရင်အဖြစ်ရာဇပလ္လင် နှင်းအပ်ခံရတဲ့အခါ Queen Rania အဖြစ် နန်းစံခဲ့ရပါတယ်။

Queen Rania ကိုတော့ သူမရဲ့ပရဟိတလုပ်ငန်းတွေနဲ့ ရိုးရှင်းပြီး ကျက်သရေရှိတဲ့ Fashion လေးတွေကြောင့် လူသိများကြပါတယ်။

(၅) Sheikha Moza Bint Nasser (Qatar)

Forbes မဂ္ဂဇင်းရဲ့ သြဇာအာဏာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာပါဝင်တဲ့ Moza ဟာလည်း ပရဟိတလုပ်ငန်းတွေကြောင့်နာမည်ကြီးတဲ့သူပါ။

ဒါ့အပြင် သူမဝတ်ဆင်လေ့ရှိတဲ့ တစ်ရောင်တည်း Monochrome အတွဲအစပ်တွေ၊ ဒီဇိုင်းနာတွေနဲ့ ပူးပေါင်းဖန်တီးလေ့ရှိတဲ့ Qatar ရိုးရာ Fashion ဆန်းတွေကြောင့် လူသိများထင်ရှားသူဖြစ်ပါတယ်။

(၆) Charlotte Casiraghi (Monaco)

သူမကတော့ တော်ဝင်မင်းသမီးတစ်ပါးဆိုတာထက် နာမည်ကြီးမော်ဒယ်လ်တစ်ယောက်လို့တောင် မှတ်ယူရလောက်အောင် Fashion နဲ့ပတ်သက်ရင် အမြဲတမ်းပြောစမှတ်တွင်ရတဲ့အထိ အထာကျလွန်းသူပါ။

Monaco ထီးနန်းကို ၉ဆက်မြောက်ဆက်ခံရမယ့်သူဖြစ်ပြီး Runway Shows တွေထိကို ပွဲခံတတ်တဲ့ ခပ်မိုက်မိုက်တော်ဝင်မင်းသမီးပါ။

(၇) Princess Marie-Chantal (Greece)

၁၉၉၅ ခုနှစ်မှာ ဂရိနိုင်ငံရဲ့ တော်ဝင်မင်းသား Pavlos နဲ့လက်ထပ်ခဲ့ပြီး Princess ဘွဲ့ခံယုခဲ့တဲ့ Mary ဟာလည်း သူမရဲ့ ကိုယ်ပိုင် Fashion Trend နဲ့ ကျော့ရှင်းသွက်လက်နေတဲ့အပြင် Marie-Chantal ဆိုတဲ့ နာမည်နဲ့ ကလေးငယ်တွေအတွက် Fashion Design တွေရောင်းချပါသေးတယ်။

ဒီမင်းသမီးတွေကတော့ လတ်တလော လှုပ်ရှားမှုတွေမှာအထိ အလှတွေဝေ Fashion ကျစေတဲ့ Dress တွေ၊ Fashion တွေနဲ့ ပရိသတ်စံပြအမြဲဖြစ်စေသူတွေပါ။

EiEiKhineMinn (Akhayar)