[Zawgyi]

ကမ႓ာ႔နာမည္အႀကီးဆံုး Plus Size Model မ်ား

Model ဆိုတာနဲ႔ အားလံုးရဲ႕ မ်က္စိထဲမွာေျပးျမင္ၾကတာက ပိန္ပိန္သြယ္သြယ္၊ ျပစ္မ်ိဳးမွဲ႕မထင္ခႏၶာကိုယ္မ်က္ႏွာအလွနဲ႔ ေသးေသးသြယ္သြယ္မိန္းကေလးေတြလို႔ပဲ ထင္ျမင္မိမွာပါ။ ဒါေပမယ့္ ပိန္ပိန္ဝဝ ကိုယ့္ရဲ႕ ျဖစ္တည္မႈအတိုင္း ရပ္တည္ၿပီး ၿပီးျပည့္စံုတဲ့ Model အျဖစ္အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့ အမ်ိဳးသမီးဝဝေတြလည္း ရွိေနပါသတဲ့။ Model ဆိုတိုင္း ပိန္သြယ္သူေတြအတြက္သာမက ဝဝၿဖိဳးၿဖိဳးအမ်ိဳးသမီးတိုင္းအတြက္လည္း အတုယူစရာစံျပအျဖစ္ရပ္တည္ေနတဲ့ ကမ႓ာ႔နာမည္အႀကီးဆံုး Plus Size Model (၁၀) ဦးကေတာ့-

(၁) Ashley Gramham

ခႏၶာကိုယ္ဖြံ႔ဖြံ႔ထြားထြားေပမယ့္ ဆြဲေဆာင္မႈညိဳ႕အားအျပည့္ရွိတဲ့ မ်က္ႏွာက်ကို ပိုင္ဆိုင္ထားတဲ့ Ashley Graham ကေတာ့ Vogue ၊ British Vogue ၊ Cosmopolitan အျပင္ တျခားနာမည္ႀကီး မဂၢဇင္းေတြမွာ ပါဝင္ခဲ့ၿပီး အားကစားမဂၢဇင္းတစ္ခုရဲ႕ Cover မွာ ပထမဆံုးပါဝင္ခြင့္ရတဲ့ Plus Size Model ျဖစ္ခဲ့သူပါ။ သူမကိုယ္တိုင္ေရးသားထားတဲ့ “What Confidence,Beauty,And Power Really Look Like” ဆိုတဲ့ စာအုပ္ဟာလည္း ကိုယ့္ျပင္ပအသြင္ျပင္ေတြအေပၚ ယံုၾကည္မႈမရွိသူေတြအတြက္ အားျဖစ္ေစခဲ့ပါတယ္။

(၂) Jessica Leahy

Australian Super Model တစ္ဦးျဖစ္သူ Jessica ဟာ New York Fashion Week ရဲ႕ စင္ျမင့္ေပၚထိ သ႐ုပ္ျပခြင့္ရခဲ့တဲ့ Model ပါ။ သူမကေတာ့ လူတိုင္းအားက်ရေလာက္တဲ့အထိ သူမရဲ႕ ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး အၿမဲတမ္းသက္ေတာင့္သက္သာရွိတတ္သူပါ။ ကိုယ့္ခႏၶာကိုယ္ပံုပန္းသြင္ျပင္အေပၚ အလိုမက်စိတ္ေတြဖယ္ထုတ္ၿပီး အေကာင္းျမင္စိတ္ထားတဲ့အခါ တကယ့္ကိုသက္ေတာင့္သက္သာရွိၿပီး စိတ္ခ်မ္းသာမယ့္ဘဝကို ပိုင္ဆိုင္ႏိုင္ပါတယ္လို႔ အမ်ိဳးသမီးေတြကို စိတ္ခြန္အားမွၽတတ္သူပါ။

(၃) Precious Victoria Lee

သူမကေတာ့ နာမည္နဲ႔လိုက္ေအာင္ပဲ အဖိုးတန္အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ရွင္သန္ခဲ့ပါတယ္။ အသားအေရာင္ခြဲျခားမႈေတြ၊ လူမ်ိဳးေရးခြဲျခားမႈေတြ၊ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ အပယ္ခံခဲ့ရတာေတြအားလံုးကို သူမလက္ထက္မွာ ခ်ိဳးဖ်က္ခဲ့ၿပီး Ashlay Graham ၿပီးေနာက္ အားကစားမဂၢဇင္းမွာ Plus Size Model အေနနဲ႔ ဒုတိယေျမာက္ Cover အျဖစ္ေဖာ္ျပခံရသူျဖစ္လာပါတယ္။

(၄) Chloe Marshall

2008 ခုႏွစ္မွာတုန္းက Miss Surrey Title ခ်ိတ္ခဲ့ဖူးသူ Chloe ကေတာ့ Miss England Final အထိ ေရြးခ်ယ္ခံခဲ့ရတဲ့ ပထမဆံုးPlus Size Midel ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာ အခြင့္အလမ္းေတြအမ်ားႀကီးရခဲ့တဲ့ Chloe ဟာ တကယ့္ က်န္းမာတဲ့ အလွအပစစ္ဆိုတာ အၿမဲတမ္းပိန္သြယ္ၿပီး အရွပ္ရွည္ေနမွမဟုတ္ဘူးဆိုတဲ့အေၾကာင္း အမ်ိဳးသမီးတိုင္းအတြက္ စံနမူနာျပႏိုင္ခဲ့ပါတယ္။

(၅) Danika Brysha

အစားနဲ႔ပါးစပ္မျပတ္ခဲ့တဲ့ အစားက်ဴးသူတစ္ေယာက္အျဖစ္ကေန အဲ့ဒီစြဲလမ္းမႈေတြကို ျဖတ္ေတာက္ၿပီး ေအာင္ျမင္တဲ့ Model ျဖစ္လာသူ Danika ဟာ “Healthy Meals” ဆိုတဲ့တံဆိပ္နဲ႔ Diet အစားအစာေတြကို ျဖန္႔ခ်ီရာက နာမည္ရလာသူပါ။ အဲ့ေနာက္ေတာ့ Model ဘဝကိုစတင္ခဲ့ၿပီး Forever 21 ၊ Kohl’s စတဲ့ Brand ေတြနဲ႔ တြဲဖက္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ ကမ႓ာ႔ေၾကးအျမင့္ဆံုး Plus Size Model အျဖစ္ Gigi Hadid နဲ႔ Miranda Kerr တို႔ေနာက္မွာ ရပ္တည္ေနပါတယ္။

 

(၆) Lexi Placourakis

၃ႏွစ္ကေလးတစ္ေယာက္ရဲ႕ မိခင္ျဖစ္သူ Lexi ကေတာ့ အစားအေသာက္နဲ႔ ကိုယ္အေလးခ်ိန္ၾကားဗ်ာမ်ားခဲ့ရၿပီး က်န္းမာတဲ့ဘဝကိုရဖို႔ ေတာ္ေတာ္ေလးတည္ေဆာက္ခဲ့ရပါတယ္။ ခုခ်ိန္မွာေတာ့ Super Model ျဖစ္လာခဲ့ၿပီး အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားရဲ႕ စံျပျဖစ္လာခဲ့ပါၿပီ။ သူမရဲ႕ မိခင္ကေတာ့ Miss Hawaii USA ျဖစ္ခဲ့ၿပီး ဂ်ပန္မွာခုလက္ရွိ အသက္ေမြးဝမ္းေက်ာင္းျပဳေနေပမယ့္ အေမ့ခႏၶာကိုယ္အခ်ိဳးအစားနဲ႔မတူညီခဲ့တဲ့ lexi ကေတာ့ ေတာ္ေတာ္ခက္ခက္ခဲခဲခႏၶာကိုယ္တည္ေဆာက္ခဲ့ၿပီးေနာက္မွာေတာ့ Plus Size Model အျဖစ္ နာမည္ေက်ာ္လာခဲ့ပါတယ္။

(၇) Tabria Majors

အညိဳစင္ Plus Size Model တစ္ဦးျဖစ္သူ Tabria ကေတာ့ ခႏၶာကိုယ္ႀကီးမားၿပီး ျပည့္ၿဖိဳးတဲ့ အမ်ိဳးသမီးေတြဟာလည္း ပံုမွန္ Model ေတြေလာက္နီးနီး ဆြဲေဆာင္မႈရွိတယ္လို႔ ယံုၾကည္သူပါ။ သူမဟာ Plus Size Model လုပ္ဖို႔ကမ္းလွမ္းခံရၿပီးေနာက္မွာပဲ သူမရဲ႕ အလုပ္ကိုစြန္႔လႊတ္ၿပီး ႀကိဳးစားခဲ့ရာက အားကစားမဂၢဇင္းမ်က္ႏွာဖံုးေတြထက္မွာပါ ေနရာရေအာင္ျမင္လာသူပါ။

(၈) Anita Marshall

Boaton ၿမိဳ႕က မထင္မရွား Makeup Artist တစ္ေယာက္ဘဝကေန Plus Size Model ေလာကရဲ႕ နာမည္ႀကီး Model တစ္ေယာက္ျဖစ္လာသူ Anita ကေတာ့ သူမရဲ႕ Instagram Post ေတြကေန Model ေလာကဆီ တက္လွမ္းႏိုင္ခဲ့သူပါ။ ခုခ်ိန္မွာေတာ့ ေအာင္ျမင္လာၿပီျဖစ္ပါတယ္။

(၉) Fluvia Lacerda

ဘရာဇီး Model တစ္ေယာက္ျဖစ္သူ Fluvia ကေတာ့ သာမန္ Model ေတြကေန ခြဲထြက္သူပါ။ Brazil ရဲ႕ Playboy Magazine Cover ကေန ေနရာရလာခဲ့တဲ့ သူမကို Manhattan က ဘတ္စ္ကားေပၚမွာ အယ္ဒီတာတစ္ေယာက္က သတိထားမိရင္း Model ေလာကထဲေရာက္လာခဲ့တာျဖစ္ပါတယ္။

(၁၀) Candice Huffine

ဆယ္စုႏွစ္ေတာ္ေတာ္ၾကာၾကာ Plus Size Model အျဖစ္ရပ္တည္ခဲ့တဲ့ Candice ဟာ Plus Size Model ေလာကကို ဦးေဆာင္ခဲ့ရံုသာမက အမ်ိဳးသမီးမာရသြန္ေျပးပြဲေတြမွာပါ ပါဝင္ခဲ့ၿပီး အမ်ိဳးသမီးတစ္ေယာက္ က်န္းမာလွပဖို႔ ပိန္သြယ္ေနစရာမလိုပါဘူးဆိုတာကို သက္ေသျပခဲ့သူပါ။ Elle Magazine မွာ ပထမဆံုး Cover တင္ျခင္းခံရတဲ့ Plus Size Model ျဖစ္ၿပီး အမ်ိဳးသမီးေတြအားလံုး မိမိခႏၶာကိုယ္ကို ခ်စ္ခင္တတ္ဖို႔ လမ္းျပခဲ့သူပါ။

ခႏၶာကိုယ္ပိန္ပိန္ဝဝ အခ်ိဳးအစားမွ်တၿပီး က်န္းမာေတာင့္တင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ကသာလွ်င္ အလွဆံုးပါဆိုတာကို ဝလည္း အထာက်ၿမဲက်ဆဲျဖစ္တဲ့ ဒီ Model ေတြက သက္ေသျပေနသလိုပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ကမ္ဘာ့နာမည်အကြီးဆုံး Plus Size Model များ

Model ဆိုတာနဲ့ အားလုံးရဲ့ မျက်စိထဲမှာပြေးမြင်ကြတာက ပိန်ပိန်သွယ်သွယ်၊ ပြစ်မျိုးမှဲ့မထင်ခန္ဓာကိုယ်မျက်နှာအလှနဲ့ သေးသေးသွယ်သွယ်မိန်းကလေးတွေလို့ပဲ ထင်မြင်မိမှာပါ။ ဒါပေမယ့် ပိန်ပိန်ဝဝ ကိုယ့်ရဲ့ ဖြစ်တည်မှုအတိုင်း ရပ်တည်ပြီး ပြီးပြည့်စုံတဲ့ Model အဖြစ်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသမီးဝဝတွေလည်း ရှိနေပါသတဲ့။ Model ဆိုတိုင်း ပိန်သွယ်သူတွေအတွက်သာမက ဝဝဖြိုးဖြိုးအမျိုးသမီးတိုင်းအတွက်လည်း အတုယူစရာစံပြအဖြစ်ရပ်တည်နေတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး Plus Size Model (၁၀) ဦးကတော့-

(၁) Ashley Gramham

ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွားပေမယ့် ဆွဲဆောင်မှုညို့အားအပြည့်ရှိတဲ့ မျက်နှာကျကို ပိုင်ဆိုင်ထားတဲ့ Ashley Graham ကတော့ Vogue ၊ British Vogue ၊ Cosmopolitan အပြင် တခြားနာမည်ကြီး မဂ္ဂဇင်းတွေမှာ ပါဝင်ခဲ့ပြီး အားကစားမဂ္ဂဇင်းတစ်ခုရဲ့ Cover မှာ ပထမဆုံးပါဝင်ခွင့်ရတဲ့ Plus Size Model ဖြစ်ခဲ့သူပါ။ သူမကိုယ်တိုင်ရေးသားထားတဲ့ “What Confidence,Beauty,And Power Really Look Like” ဆိုတဲ့ စာအုပ်ဟာလည်း ကိုယ့်ပြင်ပအသွင်ပြင်တွေအပေါ် ယုံကြည်မှုမရှိသူတွေအတွက် အားဖြစ်စေခဲ့ပါတယ်။

(၂) Jessica Leahy

Australian Super Model တစ်ဦးဖြစ်သူ Jessica ဟာ New York Fashion Week ရဲ့ စင်မြင့်ပေါ်ထိ သရုပ်ပြခွင့်ရခဲ့တဲ့ Model ပါ။ သူမကတော့ လူတိုင်းအားကျရလောက်တဲ့အထိ သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အမြဲတမ်းသက်တောင့်သက်သာရှိတတ်သူပါ။ ကိုယ့်ခန္ဓာကိုယ်ပုံပန်းသွင်ပြင်အပေါ် အလိုမကျစိတ်တွေဖယ်ထုတ်ပြီး အကောင်းမြင်စိတ်ထားတဲ့အခါ တကယ့်ကိုသက်တောင့်သက်သာရှိပြီး စိတ်ချမ်းသာမယ့်ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်လို့ အမျိုးသမီးတွေကို စိတ်ခွန်အားမျှတတ်သူပါ။

(၃) Precious Victoria Lee

သူမကတော့ နာမည်နဲ့လိုက်အောင်ပဲ အဖိုးတန်အမျိုးသမီးတစ်ယောက်အဖြစ် ရှင်သန်ခဲ့ပါတယ်။ အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ ခန္ဓာကိုယ်အချိုးအစားကြောင့် အပယ်ခံခဲ့ရတာတွေအားလုံးကို သူမလက်ထက်မှာ ချိုးဖျက်ခဲ့ပြီး Ashlay Graham ပြီးနောက် အားကစားမဂ္ဂဇင်းမှာ Plus Size Model အနေနဲ့ ဒုတိယမြောက် Cover အဖြစ်ဖော်ပြခံရသူဖြစ်လာပါတယ်။

(၄) Chloe Marshall

2008 ခုနှစ်မှာတုန်းက Miss Surrey Title ချိတ်ခဲ့ဖူးသူ Chloe ကတော့ Miss England Final အထိ ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံးPlus Size Midel ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ အခွင့်အလမ်းတွေအများကြီးရခဲ့တဲ့ Chloe ဟာ တကယ့် ကျန်းမာတဲ့ အလှအပစစ်ဆိုတာ အမြဲတမ်းပိန်သွယ်ပြီး အရှပ်ရှည်နေမှမဟုတ်ဘူးဆိုတဲ့အကြောင်း အမျိုးသမီးတိုင်းအတွက် စံနမူနာပြနိုင်ခဲ့ပါတယ်။

(၅) Danika Brysha

အစားနဲ့ပါးစပ်မပြတ်ခဲ့တဲ့ အစားကျူးသူတစ်ယောက်အဖြစ်ကနေ အဲ့ဒီစွဲလမ်းမှုတွေကို ဖြတ်တောက်ပြီး အောင်မြင်တဲ့ Model ဖြစ်လာသူ Danika ဟာ “Healthy Meals” ဆိုတဲ့တံဆိပ်နဲ့ Diet အစားအစာတွေကို ဖြန့်ချီရာက နာမည်ရလာသူပါ။ အဲ့နောက်တော့ Model ဘဝကိုစတင်ခဲ့ပြီး Forever 21 ၊ Kohl’s စတဲ့ Brand တွေနဲ့ တွဲဖက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ခုချိန်မှာတော့ ကမ္ဘာ့ကြေးအမြင့်ဆုံး Plus Size Model အဖြစ် Gigi Hadid နဲ့ Miranda Kerr တို့နောက်မှာ ရပ်တည်နေပါတယ်။

 

(၆) Lexi Placourakis

၃နှစ်ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူ Lexi ကတော့ အစားအသောက်နဲ့ ကိုယ်အလေးချိန်ကြားဗျာများခဲ့ရပြီး ကျန်းမာတဲ့ဘဝကိုရဖို့ တော်တော်လေးတည်ဆောက်ခဲ့ရပါတယ်။ ခုချိန်မှာတော့ Super Model ဖြစ်လာခဲ့ပြီး အမျိုးသမီးတော်တော်များများရဲ့ စံပြဖြစ်လာခဲ့ပါပြီ။ သူမရဲ့ မိခင်ကတော့ Miss Hawaii USA ဖြစ်ခဲ့ပြီး ဂျပန်မှာခုလက်ရှိ အသက်မွေးဝမ်းကျောင်းပြုနေပေမယ့် အမေ့ခန္ဓာကိုယ်အချိုးအစားနဲ့မတူညီခဲ့တဲ့ lexi ကတော့ တော်တော်ခက်ခက်ခဲခဲခန္ဓာကိုယ်တည်ဆောက်ခဲ့ပြီးနောက်မှာတော့ Plus Size Model အဖြစ် နာမည်ကျော်လာခဲ့ပါတယ်။

(၇) Tabria Majors

အညိုစင် Plus Size Model တစ်ဦးဖြစ်သူ Tabria ကတော့ ခန္ဓာကိုယ်ကြီးမားပြီး ပြည့်ဖြိုးတဲ့ အမျိုးသမီးတွေဟာလည်း ပုံမှန် Model တွေလောက်နီးနီး ဆွဲဆောင်မှုရှိတယ်လို့ ယုံကြည်သူပါ။ သူမဟာ Plus Size Model လုပ်ဖို့ကမ်းလှမ်းခံရပြီးနောက်မှာပဲ သူမရဲ့ အလုပ်ကိုစွန့်လွှတ်ပြီး ကြိုးစားခဲ့ရာက အားကစားမဂ္ဂဇင်းမျက်နှာဖုံးတွေထက်မှာပါ နေရာရအောင်မြင်လာသူပါ။

(၈) Anita Marshall

Boaton မြို့က မထင်မရှား Makeup Artist တစ်ယောက်ဘဝကနေ Plus Size Model လောကရဲ့ နာမည်ကြီး Model တစ်ယောက်ဖြစ်လာသူ Anita ကတော့ သူမရဲ့ Instagram Post တွေကနေ Model လောကဆီ တက်လှမ်းနိုင်ခဲ့သူပါ။ ခုချိန်မှာတော့ အောင်မြင်လာပြီဖြစ်ပါတယ်။

(၉) Fluvia Lacerda

ဘရာဇီး Model တစ်ယောက်ဖြစ်သူ Fluvia ကတော့ သာမန် Model တွေကနေ ခွဲထွက်သူပါ။ Brazil ရဲ့ Playboy Magazine Cover ကနေ နေရာရလာခဲ့တဲ့ သူမကို Manhattan က ဘတ်စ်ကားပေါ်မှာ အယ်ဒီတာတစ်ယောက်က သတိထားမိရင်း Model လောကထဲရောက်လာခဲ့တာဖြစ်ပါတယ်။

(၁၀) Candice Huffine

ဆယ်စုနှစ်တော်တော်ကြာကြာ Plus Size Model အဖြစ်ရပ်တည်ခဲ့တဲ့ Candice ဟာ Plus Size Model လောကကို ဦးဆောင်ခဲ့ရုံသာမက အမျိုးသမီးမာရသွန်ပြေးပွဲတွေမှာပါ ပါဝင်ခဲ့ပြီး အမျိုးသမီးတစ်ယောက် ကျန်းမာလှပဖို့ ပိန်သွယ်နေစရာမလိုပါဘူးဆိုတာကို သက်သေပြခဲ့သူပါ။ Elle Magazine မှာ ပထမဆုံး Cover တင်ခြင်းခံရတဲ့ Plus Size Model ဖြစ်ပြီး အမျိုးသမီးတွေအားလုံး မိမိခန္ဓာကိုယ်ကို ချစ်ခင်တတ်ဖို့ လမ်းပြခဲ့သူပါ။

ခန္ဓာကိုယ်ပိန်ပိန်ဝဝ အချိုးအစားမျှတပြီး ကျန်းမာတောင့်တင်းတဲ့ အမျိုးသမီးတစ်ယောက်ကသာလျှင် အလှဆုံးပါဆိုတာကို ဝလည်း အထာကျမြဲကျဆဲဖြစ်တဲ့ ဒီ Model တွေက သက်သေပြနေသလိုပါပဲ။

EiEiKhineMinn (Akhayar)